ပန်းအိုးခွဲမယ့် ခဲအို
ထွေးအိ ထိုင်နေတာက ချောင်းစပ်ရှိ တရုတ်စကားပင်ကြီး၏ ခြေရင်းရေစပ်ရှိ သစ်မြစ်ဆုံကြီးပေါ်တွင် ဖြစ်သည်..။ စိမ်းမြကြည်လင်နေသော ချောင်းရေပြင်ကို ထွေးအိ ငုံ့ကြည့်လိုက်သည်..။ ထိုအခိုက် ကြွေကျလာသော စကားပွင့်ကြောင့် ရေမျက်နှာပြင်လှုပ်ခါသွားပြီး ကြည်လင်သောရေ၌ ထင်ဟပ်နေသော ထွေးအိရဲ့ ရုပ်ပုံလွှာမှာ တွန့်လိမ်ကောက်ကွေး၍ လှုပ်ခါသွားရသည်..။ သူမ၏ ရုပ်လွှာမှာ ခုလို တကယ်ပဲ ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီလား…ထွေးအိ တွေးလိုက်မိသည်..။ ကြွေကျလာသော တရုတ်စကားပွင့် ဖြူဖြူလေးက ချောင်းရေပြင်တွင် အခိုက်အတန့်လေးသာ ရပ်တန့်သွားပြီးနောက် ရေစီးနှင့်အတူ မျောပါသွားသည်ကို ထွေးအိ လိုက်ပြီး ကြည့်နေမိသည်..။ တရုတ်စကားပန်းပွင့်ဖြူဖြူလေးက ရေစီးအတိုင်း လွတ်လွတ်ကျွတ်ကျွတ်ကြီး မျောပါသွားရသည် မဟုတ်..။ ရေစပ်တွင်ရှိသော သစ်မြစ်ဆုံများ ၊ ကျောက်တုံးများကို ကွေ့ပတ်ကာ မျောပါသွားရသည်..။ ပန်းပွင့်လေးက အရာဝတ္ထုတို့ကို လွယ်လွယ်ကူကူတော့ ကွေ့ပတ်သွားနိုင်သည် မဟုတ်ပါ..။ […]
ရွှေပေါ်မြတင်နေလာသော ဇနီးချောလေး
အကျဉ်းစံတို့ရဲ့ လျှို့ဝှက်ကမ္ဘာ စီမံကိန်းအတွက်ဆိုကာ ခြံခတ်သိမ်းဆည်းသွားတဲ့ လယ်ယာတွေကို ကြည့်ပြီး နန်းကြာညို သက်ပြင်းချမိပြန်သည်။ ဒီလယ်ယာတွေကို အနိုင်ကျင့်သိမ်းယူသွားကတည်းက သူမတို့မိသားစုအပါအဝင် တစ်ရွာလုံး ဒုက္ခရောက်နေရသည်။ လယ်ကလွဲလို့ ဘာမှမလုပ်တတ်သော လယ်သမားတွေ ဘိုးဘွားပိုင်လယ်မြေတွေ မရှိတော့သောအခါ ဘဝပျက်ကြသည်။ အလုပ်အကိုင်အသစ်အတွက် မြို့တတ်သွားတဲ့သူတွေရှိသလို ကြွေးလည်ပင်းနစ်ကာ စီးပွားပျက် အပူမီးတောက်နေသော သူမတို့တွေလည်းရှိသည်။ ရွာဦးစေတီလေးတွင် စိတ်ပျက်လက်ပျက် ထိုင်နေရင်း သက်ပျင်းအထပ်ထပ်ချမိသည်။ ရောက်ရှိလာမဲ့ မနက်ဖြန်တိုင်းကို ကြောက်မိပါသည်။ စိုးရိမ်စိတ်နဲ့ပင် သူမအိမ်ပြန်ခဲ့သည်။ ခြောက်ကပ်နေသော အိမ်ဝိုင်းလေးအတွင်းသို့ ဝင်လိုက်သည်နှင့် ဝမ်းနည်းစိတ်က ကြီးစိုးလာပြန်သည်။ လွန်ခဲ့တဲ့ တစ်နှစ်ခန့်ကထိ သူမတို့လယ်ယာလေးနဲ့ မချမ်းသာပေမဲ့ ချောင်လည်စွာ နေထိုင်နိုင်ပါသည်။ လယ်ယာတွေ အသိမ်းခံရပြီးနောက်မှာ မိခင်ဖြစ်သူက နှလုံးရောဂါဖြင့် ဦးစွာ ဆုံးပါးသွားသည်။ နောက် အကြွေးတွေ များများလာတော့ ဖခင်ကြီးလည်း […]
လှလိုက်တာ ညီမရယ်
အခန်း ( ၁ ) လွမ်းသလားလို့မေးရင် ခေါင်းလေးကိုငြိမ့် လက်ကလေးကိုပိုက် ကလေးတစ်ယောက်လို ငါညာလိုက်မယ် မလွမ်းလောက်ပါဘူး…..။ ……………………………………… ” ဒါပြီးတော်တော့ ပိုင်စိုးရာ … မင်းများနေပြီ ” ” မများပါဘူး … မင်းနိုင်ရာ … အွိ … အေ့ ဂေ့ ” ” နောက်ရက်မှ … ဆက်သောက်ကွာ သူငယ်ချင်း … ပြန်ကြစို့ ” ” ပြန်မယ် … ဟုတ်လား …… ဟားဟားးးး …… အိမ်ပြန်တော့ရော … ငါ့ ဘဝက … ဘာထူးမှာ မို့လဲကွ ” ” ဟူးးးး … အဲလောက် ခံစားမနေပါနဲ့ကွာ […]