ကားပေါ်က ကောင်ဆိုးလေး –

ကားအချိန်အကြာကြီးစီးရမှာကိုတွေးပြီး ကျွန်မရင်မောမိတယ်။ ကားစီးရင် ကျွန်မက မူးတက်တယ်လေ။ ကားထွက်ခါနီးမှ ကားပေါ်တက်ထိုင်တယ်။ ပြူတင်းပေါက်ကိုဖွင့်ထားပြီး ခေါင်းကို အပြင်နဲနဲထုတ်ထားလိုက်တယ်။ ဘေးခုံကလူမရှိတေါ့ နေရတာချောင်ချောင်ချိချိပဲ ။ “အးးးး” ကားစထွက်မှလူတစ်ယောက်ပြေးတက်လာပြီး ကျွန်မဘေးမှာ ဝုန်းဆို ခပ်ကြမ်းကြမ်းထိုင်ချလိုက်တယ်။ ပြီးတော့ sorryပါလို့ ကျွန်မကိုတောင်းပန်တယ်။ သူ့ပုံစံကြည့်ပြီး ကျွန်မလည်း စိတ်ပြေလိုက်တာပေါ့။ မြင့်မားသောအရပ်နှင့်လိုက်ဖက်စွာ ခန္ဓာကိုယ်က ကြံ့ခိုင်တောင့်တင်းသည်။ ကားမီးရောင်အောက်မှာ အသားအရည်က ဝင်းနေသည်။ ထူထဲတဲ့မျက်ခုံး နှာတံချွန်ချွန် သေသပ်တဲ့နှုတ်ခမ်း လေးထောင့်ဆန်တဲ့မေးရိုးတွေနဲ့ဖွဲ့စည်းထားတဲ့ သူ့ပုံစံလေးက ကျွန်မထက်၄နှစ် ၅နှစ်တော့ ငယ်မည်ထင်ပါသည်။ အလန်းစားလေးနဲ့တစ်ညလုံးကားတူတူစီးရမယ့်အရေးကိုတွေးပြီး ကားမူးတောင်ပျောက်သွားသလိုပဲ။ ကားပေါ်မှာပြတဲ့မြန်မာကားကို ကြည့်နေတုန်းသူက စကားစပြောလာသည်။ “ရန်ကုန်ထိလား အစ်မ” “အင်းးး မင်းရော” “ကျွန်တော်လည်း ရန်ကုန်ထိပဲ။ဒါနဲ့ အစ်မက တစ်ယောက်ထဲလား။ချောချောလှလှလေးတစ်ယောက်ထဲ ခရီးမသွားသင့်ဘူးဗျ။” ကျွန်မမျက်လွှာချထားမိသည်။ ခပ်ချောချောကောင်လေးက ဘေးနားမှာထိုင်ပြီး […]

ဥမ္မာ လိုတဲ့ငွေကို ကျွန်တော် ကူညီပါရစေနော်

လမ်းထိပ်ရှိ ပျံကျစျေးလေးမှာ အရင်ကထက်ပိုပြီး စည်လာသည်။ ဗန်းခင်းရောင်းသော စျေးသည်များနှင့် ဝါးတဲ ပလတ်စတစ်မိုးဆိုင်တန်းလေးက လမ်းဒေါင့်တဖြတ်ပင် ကျော်၍ သွားခဲ့ချေပြီ။ တနေ့တနေ့ စျေးရောင်းချသူ စျေးသည်တွေ တိုးလာသလို အနီးအနားရှိ တခြားရပ်ကွက်တွေကလည်း ဒီပျံကျစျေးလေးကို လာပြီး အားပေးကြတော့ စျေးဝယ်သူတွေကပါ ကြိတ်ကြိတ်တိုး စည်ကားနေသည်။ စျေးတည်နေရာကလည်း ကတ္တရာလမ်းမကြီး နှစ်ခုကြားတွင် ထိုလမ်းမကြီးနှစ်ခုကို ထိပ်တိုက် ကန့်လန့်ဖြတ်ရှိနေသော လမ်း၏ ဝဲယာလမ်းဘေးတွင် ရှိသည်။ စျေးရှိနေသောလမ်းက ကတ္တရာမခင်းရသေး။ ကျောက်ကြမ်းလမ်း ဖြစ်ပြီး ချိုင့်ခွက်ကြီးတွေပင် ရှိနေလေတော့ ဘယ်ကား၊ ဘယ်ဆိုက်ကားကမှ စျေးရှိသောလမ်းထဲကို ဖြတ်မမောင်း။ ဒီတော့ စျေးသည်ရော စျေးဝယ်ကြသူတွေရော လွတ်လွတ်လပ်လပ် စိတ်ချလက်ချရှိတော့ ဒီပျံကျစျေးလေးက တနေ့တခြား စည်သထက် စည်ကားလာရလေသည်။ ပျံကျစျေးလေး တနေ့တခြား စည်ကားလေ တပြုံးပြုံးဖြင့် […]

အာနိုး…. ပုရွက်ဆိတ်က အောက်ကို ဝင်ပြန်ပြီ

“ အာနိုးရေ….ဟေ့ အာနိုး…” “ လာပြီ….အစ်မရေ…” နွားစာစင်းနေသော အာနိုး အိမ်ဘေးမှ မပြေးရုံတမယ်လာခဲ့ပြီး…. အိမ်ပေါ်သို့ လှမ်းတက်လိုက်တော့ မခင်အေးနှင့် မျက်နှာချင်းဆိုင်မိသည်။ “ နင့် ဦးလေးလည်း ပိုက်တဲရောက်ရင် ပြန်မလာတော့ဘူး… နင့်ပဲခိုင်းရမှာပဲ…။ ညနေစောင်းရင် မိုးရွာလိမ့်မယ်ထင်တယ်….။ နင်… နွားတွေ သွားသိမ်းချေတော့…။ နင့် ဦးလေးကတော့ ပြန်လာမယ့်ပုံမပေါ်ဘူး …..” “ အခုပဲ သွားလိုက်တော့မယ်….အစ်မ….” အာနိုးက အိမ်ရှေ့မျက်နှာစာ သံဇကာတွင် ချိတ်ထားသော ခမောက်ကို ဆွဲဆောင်းပြီး ထွက်သွား သည်။ မခင်အေး အိမ်ပေါက်ဝမှရပ်ကြည့်ရင်း ပြုံးမိသည်။ အာနိုးက ဖင်ပေါ့သည်။ သိတတ်သည်။ ဒီလို သူရင်းငှားမျိုးရထားတာ သူ့တို့အဖို့ ကံကောင်းလှသည်။ ပြီးတော့ အာနိုးက တစ်ကောင်ကြွက် မခင်အေး၏ယောက်ျား ကိုသန်းငွေ၏အဖေ မခင်အေး၏ယောက္ခမအိမ်တွင် […]