” ခွင့်လွှတ်ပါ ဆရာမရယ်…အရမ်းလှလို့ စိတ်မထိန်းနိုင်တော့လို့ပါ “
လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်က ဤရွာ ဤကျောင်းကို စာသင်ပေးခဲ့သည့် မြို့ကြီးသူ ဆရာမကြီးဒေါ်နုနုထွေး ယခု ဤရွာကို အလည်လာသဖြင့် တပည့်အဟောင်းတွေ တပြုံးပြုံး တရွှင်ရွှင် သွားကန်တော့ကြပါသည်။ သို့သော် ထိုအထဲ၌ တပည့်ဟောင်းတစ်ယောက်ဖြစ်သည့် အောင်သိန်းက တော့ မပါဝင်ချေ။ “ဟေ့ အောင်သိန်း ။ ဆရာမကြီး ဒေါ်ထွေးထွေး အလည်လာသကွ။ ငါတို့သွားကန်တော့မလို့။ မင်းရော မလိုက်သေးဘူးလား။” ထိုသို့ သူငယ်ချင်းတွေက မေးသည့်အခါတိုင်း “အေး… နောက်နေ့မှသွားမယ်ကွာ” ဟူ၍ အောင်သိန်းက ဖြေပါသည်။ သို့သော် သူသည် ဆရာမကြီးကို သွားကန်တော့ဖို့ စိတ်ကူးမရှိပါ။ အဘယ်ကြောင့်နည်း။ သူ့၌ ဆရာမကြီးကို နာကျည်းစရာ ရှိနေ၍ပါလော။ မဟုတ်ပါ။ ————————————— အတိတ်ကိုဆောင်ရမည်ဆိုသော် အောင်သိန်းသည် ဆယ်တန်း ဒုတိယနှစ် […]
ပန်းဦးခြွေတဲ့ ခဲအို
ထွေးအိ ထိုင်နေတာက ချောင်းစပ်ရှိ တရုတ်စကားပင်ကြီး၏ ခြေရင်းရေစပ်ရှိ သစ်မြစ်ဆုံကြီးပေါ်တွင် ဖြစ်သည်..။ စိမ်းမြကြည်လင်နေသော ချောင်းရေပြင်ကို ထွေးအိ ငုံ့ကြည့်လိုက်သည်..။ ထိုအခိုက် ကြွေကျလာသော စကားပွင့်ကြောင့် ရေမျက်နှာပြင်လှုပ်ခါသွားပြီး ကြည်လင်သောရေ၌ ထင်ဟပ်နေသော ထွေးအိရဲ့ ရုပ်ပုံလွှာမှာ တွန့်လိမ်ကောက်ကွေး၍ လှုပ်ခါသွားရသည်..။ သူမ၏ ရုပ်လွှာမှာ ခုလို တကယ်ပဲ ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီလား…ထွေးအိ တွေးလိုက်မိသည်..။ ကြွေကျလာသော တရုတ်စကားပွင့် ဖြူဖြူလေးက ချောင်းရေပြင်တွင် အခိုက်အတန့်လေးသာ ရပ်တန့်သွားပြီးနောက် ရေစီးနှင့်အတူ မျောပါသွားသည်ကို ထွေးအိ လိုက်ပြီး ကြည့်နေမိသည်..။ တရုတ်စကားပန်းပွင့်ဖြူဖြူလေးက ရေစီးအတိုင်း လွတ်လွတ်ကျွတ်ကျွတ်ကြီး မျောပါသွားရသည် မဟုတ်..။ ရေစပ်တွင်ရှိသော သစ်မြစ်ဆုံများ ၊ ကျောက်တုံးများကို ကွေ့ပတ်ကာ မျောပါသွားရသည်..။ ပန်းပွင့်လေးက အရာဝတ္ထုတို့ကို လွယ်လွယ်ကူကူတော့ ကွေ့ပတ်သွားနိုင်သည် မဟုတ်ပါ..။ […]
တခုစားရင် တခါနမ်းမယ်
လည်ပင်း မှာ ရှုပ်ယှက်ခက်နေတဲ့ ပန်းကုံးတွေ စားပွဲပေါ်ပစ်တင်ရင်း နှုတ်ခမ်းမှာဆိုးထားတဲ့ အနီရဲရဲ နှုတ်ခမ်းနီကို တစ်ရှုးနဲ့ ပွတ်သုတ်ပစ်တယ်။ခုံပေါ်ထိုင်ချရင်း သောက်ရေဘူးဆီ လက်အလှမ်း… “ရှေး…နင့်ကို ဂျာကြီးလှမ်းခေါ်နေတယ်… ဘိုးတော်တွေဝိုင်းမှာ” “ငါအမောတောင် မပြေသေးဘူး” “အဲ့ဒါဆို ငါသွားလိုက်ရမလား” “သွားချင်သွားလေ…ငါမလာနိုင်ဘူးပြောလိုက်” ကိုယ်လုံးနည်းနည်းသွယ်ပေမဲ့ မျက်နှာဝိုင်းဝိုင်းကလေးပုံစံလေးနဲ့ ညိုက မျှော်လင့်တကြီးနဲ့မေးတယ်…ဧကန်န ခုချိန်ထိ လူမရသေးဘူးထင်တယ်… “ငါ တကယ် သွားရမလားဟင်” “အင်း သွားလိုက်…ငါနေမကောင်းလို့ အခုပဲ ပြန်တော့မှာလို့” “ကျေးဇူးပဲဟာ..ငါသွားတော့မယ်” “အင်း” ညို ထွက်သွားမှ ရေဘူးကို မော့သောက်ရင်း အိတ်ထဲက ဖုန်းကို ဆွဲထုတ်တယ်… “ရှေး” နှစ်ပေါင်းများစွာ..ရင်းနှီးနေတဲ့ အသံတစ်ခု… “နင်ပြန်တော့မှာဆို…ငါပြန်လိုက်ပို့မယ်” “ငါ ဒီည အိမ်ပြန်မှာ…” “ဘယ်ပဲပြန်ပြန်…ငါလိုက်ပို့မယ်” “မလိုဘူး” ခပ်ပြတ်ပြတ်ပြောရင်း စားပွဲပေါ်က ကိုယ့်ပစ္စည်းတချို့ အိတ်ထဲ […]