“ဘဘကြီးကလည်း သမီး ယောက်ျားမယူတော့ပါဘူး”
အသက်ရှည်ဆေး ရေးသားသူ – အမည်မသိ “မရဘူး၊ မရဘူး၊ ထပ်မထုတ်ပေးနိုင်တော့ဘူး။ အခု နင်ကြိုယူထားတာ နှစ်လစာတောင်ရှိပြီ။ ပြောလိုက် နင့်အမေကို မရတော့ဘူးလို့၊ လကုန်မှ ထပ်ပေးနိုင်မယ်၊ အခု လကုန်ဘို့ ၂ ပတ်တောင် လိုသေးတယ်၊ မပေးနိုင်ဘူး” မျက်နှာငယ်လေးဖြင့် ကျုပ်မိန်းမပြောသမျှ နားထောင်နေသော ခင်ဝိုင်းက ဘာမှပြန်မပြောဘဲ ခေါင်းသာ အသာညိတ်ပြသည်။ ခင်ဝိုင်းတို့ မိသားစု အားလုံး အလုပ်လုပ်ကြသော်လည်း ဘယ်တော့မှ လောက်ငသည် မရှိ။ အခုလည်း သူ့အမေက သူ့လခ တစ်လစာ ထပ်ကြိုထုတ်ခိုင်းသည်ဟု ခင်ဝိုင်းကတောင်းသဖြင့် ကျုပ်မိန်းမက မပေးနိုင်ဘူး ငြင်းနေခြင်းဖြစ်သည်။ ကျုပ်သိသလောက် ခင်ဝိုင်းတို့မိသားစုမှာ ဖခင်က ဆိုက်ကားနင်းစားသော်လည်း အရက်သမား။ သူရှာသည့်ငွေက သူ့အရက်ဖိုးဖြင့်တောင် မလောက်ချင်။ မိခင်ကတော့ ခေါင်းရွက်ဗျပ်ထိုး ဈေးသည် […]
ကိုယ်လည်း ချယ်ရီ့ကို အရမ်းချစ်တယ်ကွာ”
အချစ်အတွက်ကြွေခဲ့တဲ့ သစ်ရွက်တွေ ရေးသားသူ – ဖိုးဇော် ပြင်းရှတောက်လောင်သော တေးဂီတသံစဉ်များက ခန်းမထဲရှိ လူများအားလုံးကို ဖမ်းစားတိမ်းမူးစေခဲ့သည့်တိုင် ကျနော့်ကို ထူးထူးခြားခြား ဘာရသမှ ပေးနိုင်ခြင်းမရှိ။ အရောင်စုံမီးများ ပြိုးပြိုးပြက်ပြက်နှင့် စီးမျှောလှုပ်ရမ်းနေကြသော သူငယ်ချင်းများသည်လည်း ယခုတော့ဖြင့် ကျနော့်ကို မေ့နေကြပြီ။ အထက်တန်းကျောင်းမှ သူငယ်ချင်းများ ပြန်လည်ဆုံစည်းခဲ့ကြသည့် ညစာစားပွဲမှအပြန် အနည်းငယ် အကြောရှည်တတ်သော သူငယ်ချင်းတစ်ယောက်၏ စနက်ကြောင့် သူငယ်ချင်းတချို့တဝက်နှင့်အတူ ကျနော်က ကလပ်ထဲသို့ ပါလာခြင်းဖြစ်သည်။ တကယ်တမ်း ထိုအုပ်စုမှာ အကြောင်းပြချက်မျိုးစုံနှင့် မကြာခဏ တွေ့ဆုံနေကြဖြစ်ပြီး ကျနော်က တခါတရံမှ ဝင်ရောက်ပူးပေါင်းသူဖြစ်သဖြင့် အားနာပြီး လိုက်လာခဲ့ခြင်းလည်းဖြစ်သည်။ အသက်သုံးဆယ်ကျော်ခဲ့ပြီးသည့်တိုင် ယခုအခေါက်နှင့်ပေါင်းမှ လက်ဆယ်ချောင်းပင်ပြည့်အောင် မရောက်ဖူးသော အဝန်းအဝိုင်းမို့ ရောက်သည့်အခိုက် ပတ်ဝန်းကျင်ကို လေ့လာသင်ယူမိသေးသည်။ သုံးခွက်မြောက်သော ဝီစကီခွက် ကုန်လွန်သွားပြီးသည့်အခါ ကျနော် […]
သူငယ်ချင်းမို့ပါ
သူငယ်ချင်းမို့ပါ ရေးသားသူ – အမည်မသိ ဒီနေ့ည ညစာအတူစားဖို့ ဖိတ်ထားတာမို့ ဇော်မျိုးအိမ်ကို ကျွန်တော် လာခဲ့ရတယ်။ လာသာလာရတာ မျက်နှာတော့ အပူသား။ အဖြစ်က ဒီလိုဗျ။ ဇော်မျိုးမှာ အရမ်းလှတဲ့ သီတာဆိုတဲ့ မိန်းမရှိတယ်။ သီတာက ခေတ်မီမီနဲ့ အားကစားလိုက်စားလို့ ထင်ပါရဲ့။ ကိုယ်လုံးကိုယ်ထည်ကလည်း တကယ့်ရှယ်ပဲ။ မြင်သမျှယောကျ်ားတိုင်းက လှည့်မကြည့်ဘဲ မနေနိုင်လောက်အောင် လှသလို အရမ်းလည်း ဆက်ဆီကျလွန်းတယ်။ ဇော်မျိုးနှင့် သီတာက တကယ့် ဂုဏ်အသရေရှိ လူကြီးလူကောင်း အသိုင်းအဝိုင်းတွေဆိုတော့ အနေအထိုင်ကလည်း စည်းကမ်းတကျရှိပါတယ်။ အိမ်ထောင်သက် ၈ နှစ်ကျော်ပေမယ့် သားသမီး မရကြတော့ နှစ်ယောက်စလုံးက အရွယ်တင်တယ်။ ဇော်မျိုးဆိုတာကလည်း ခန္ဓာကိုယ်က ကျစ်လစ်ပြီး စမတ်ကျကျနဲ့ တကယ်လန်းတဲ့လူဗျ။ သူ့ကို ကြွေတဲ့ ဆော်တွေဆိုတာလည်း မနည်းဘူး။ […]