ကလျာက မော်ဒယ်လ်ကျောင်းသူ
ကိုယ်ဟန်ပြကျောင်းသူ ကိုယ်ဟန်ပြကျောင်းသူ ရေးသားသူ – ????? ဇေယျသီရိ တက္ကသိုလ်မှာ လက်ထောက် ပါမောက္ခ ဟန်နရီ ရာဇ၀င် ဘာသာရပ်ကို လာပြနေသည်မှာ ဆယ်စုနှစ်တစ်ခုနီးပါး ကြာမြင့်ခဲ့ပြီ။ ပရော်ဖက်ဆာဟု ဆိုသော်လည်း ဟန်နရီမှာ အသက် ၃၀ ကျော်ကျော် ၄၀ မပြည့်သေး၊ အသက်က ငယ်ငယ် အားကစားလိုက်စားသူဖြစ်၍ ဗလတောင့်တောင့်၊ ပါးသိုင်းမွှေးခပ်ရေးရေးနှင့် ဟန်နရီမှာ ကျောင်းဆရာနှင့်မတူပဲ ဘိုင်စကုပ် ဓာတ်ရှင်မင်းသားနှင့် ပိုတူနေသည်။ အမှီအခိုမရှိ၊ လူပျိုလူလွတ်မို့ ရသည့်လခက လောက်ငရုံမက ပိုလျှံသည်ဟု ဆိုရမည်၊ သို့သော်လည်း ဝါသနာအလျှောက် ဓာတ်ပုံတိုက်နှင့် ပန်းချီသင်တန်း ဖွင့်ထားသေးသည်။ တကိုယ်တည်းသမားမို့ တိုက်ခန်းသီးသန့် ငှားမနေတော့ပဲ ဓာတ်ပုံတိုက်တွင်ပင် ဟန်နရီ နေသည်။ ရုံးခန်းထဲမှာ သူရိယ သတင်းစာကို ဟိုလှန်ဒီလှန် လုပ်နေစဉ် […]
နင်..စောစောက ငါနဲ့ နင့်အစ်မ ခင်ရွှေတို့ကို ကြည့်နေတာ မဟုတ်လား
သွေးရည်စက်တို့ထိမှန်ခြင်း သွေးရည်စက်တို့ထိမှန်ခြင်း ရေးသားသူ – ????? ကွင်းထဲသို့ မအေးမြင့် မသွားချင်တာ အမှန်ပင်။ မိုးကုန်သွားပြီဆိုပေမယ့် တစ်ညလုံးကျထားသော ဆောင်းနှင်းတွေကြောင့် ကန်ဇင်းရိုးတွင် ချော်ချော်ချွတ်ချွတ် ဖြစ်နေသေးသည်။ သွားရမည့်အချိန်ကလည်း မနက်စောစောသွားဟု အရီးလေးက ခိုင်းထားသည်။ စီးနေကျ သားရေစိမ်းဖိနပ်ဆို ဝေးရော့…။ ဖိနပ်စီး၍ရသည့်ခရီးမဟုတ်..။ ဒါကိုဘဲ မအေးမြင့် စိတ်ညစ်ရခြင်းဖြစ်သည်။ သွားရမည့်ခရီးကလည်း မအေးမြင့်တို့ ကျုံတာရွာမှ တစ်နာရီနီးပါးလျှောက်ရမည့် ကွင်းခေါင်ခေါင်မှ ကိုသာစိန်၏ လယ်တဲကို ဖြစ်သည်။ သီးထပ်စိုက်သဖြင့် ကိုသာစိန်တို့လင်မယားက တဲတွင်ပြောင်းနေသည်မှာ တစ်လခန့်ရှိပြီဖြစ်သည်။ ကွင်းထဲသွားတာ ဝေလီဝေလင်း ထ၍လာရသည်။ နေထွက်မှဆိုလျှင် နေပူဒဏ်ကို မခံနိုင်။ ဒီနေ့ စပါးဝယ်မည့်သူ လာမည်ဖြစ်သဖြင့် စပါးခြင်ရန် ကိုသာစိန်အား အရီးလေးက ခေါ်ခိုင်းခြင်း ဖြစ်သည်။ တခြားလူတွေကို ခေါ်၍ခြင်ခိုင်းရင်လည်း ရတာပါပဲ..၊ […]
မဆုံတဲ့ဖူးစာ
ဘဝတကွေ့ ဆုံတွေ့ခဲ့ရ မဆုံတဲ့ဖူးစာ ဘဝတကွေ့ဆုံတွေ့ခဲ့ရ မဆုံတဲ့ဖူးစာ ရေးသားသူ – နတ်ဆိုးကြီး (ယခု ဝတ္တုတိုသည် အချစ်တက္ကသိုလ် ၃ နှစ်ပြည့် မဂ္ဂဇင်းတွင် ဖော်ပြခံရသော ဇာတ်လမ်းတိုဖြစ်သည်…။ နတ်ဆိုး ကိုယ်တိုင်ရေးသည်..။ထို့ကြောင့် credit ကို အချစ်တက္ကသိုလ် ဟုပင်…။) ဘဝတကွေ့ဆုံတွေ့ခဲ့ရ မဆုံတဲ့ဖူးစာ လောကကြီးက ဆန်းကြယ်တယ်… တကယ့်ကို ဆန်းကြယ်တယ်။ အဆင့်အတန်း ပညာအရည်အချင်းတွေ ကွဲကွာရင် တကယ်တန်းတော့ ရုပ်ရှင်တွေ ဝတ္တုတွေထဲမှာပဲ ဖတ်လို့ကောင်းတယ် လက်တွေ့ဘဝမှာ လုပ်နိုင်ဖို့ ရင်ဆိုင်နိုင်ဖို့ ခဲယဉ်းလှတယ် မဟုတ်ပါလား….။ အခန်း(၁) တွေ့ဆုံခြင်း၏ ကနဦးအစ ပထမ “ကောင်းကင်…မင်း ဒီည အိပ်ရမယ် ဒီတော့ ငါတို့အိမ်မှာ ထမင်းသွားစား” “ဟုတ်…အစ်ကို” ဟုပြောသော်လည်း ကျနော် စိတ်ညစ်တာကအမှန်..။ အလုပ်မှာအိပ်ရတာ […]