ရာသက်ပန် လင်သားကို ပြုစုယုယနိုင်ပါစေ
ပန်းတိုင်းမွှေးသလို နမ်းတိုင်းနွေးစေသတည်း ရေးသားသူ – သူရဇော် “သူရရေ…. ဦးလေးဦးအောင်လှက အိမ်လာခဲ့ပါဦးတဲ့” လိမ္မော်ခြင်းတွေကို တဲဆီသယ်ပို့နေတဲ့ နေရာမှာ ကြီးကြပ်နေတဲ့ ကျနော်။ ရွာထဲကပြန်လာတဲ့ ရဲကို ရဲ့ စကားသံကြောင့် “ဟာကွာ ဒီမှာ ကားတင်ဖို့ ခြင်းမပြည့်ရသေးတဲ့ကြားထဲ။ ရဲကို ဘာအတွက်တဲ့လဲ” “အာ့တော့ မသိဘူးကွ။ ဒါပေမဲ့ မြို့ကဧည့်သည်တွေတော့ ရောက်နေတာတွေ့တယ်။ ဪ နောက်ပြီး မှာလိုက်သေးတယ်။ ခေါင်သီးလဲ ယူလာပေးဦးတဲ့” ခေါင်သီးဆိုတာက လိမ္မော်သီးထဲမှာ အလုံးကြီးကြီး အပြစ်အနာအဆာ ကင်းတာကို ခေါ်တယ်။ လိမ္မော်သီးမှာ အမျိုးအစားခွဲပုံက စောစောက ပြောသလို နံပါတ်တစ်က ခေါင်သီး။ နံပါတ်နှစ်က အဲ့ထက် တဆင့်နိမ့်တဲ့ ကြီးသီး။ နံပါတ်သုံးက နောက်တစ်ဆင့်နိမ့် လတ်သီး။ အဲ့အောက်ကိုတော့ သောင်းပြောင်းလို့ခေါ်တဲ့ အညံ့စားပေါ့။ … Read more