လွယ်ကူမြန်ဆန်တဲ့ ကြွက်ပြေးနည်း

လွယ်ကူမြန်ဆန်တဲ့ ကြွက်ပြေးနည်း
အိမ်မှာ အခုတလော ကြွက်ပေါလို့ တအားကိုစိတ်ညစ်နေရပါတယ်။ ဒါပေမဲ့ ဒီနည်းလေး တွေ့လို့ လုပ်ကြည့်တာ အခုရက်ထဲပြန်ငြိမ်နေလို့ မိတ်ဆွေတို့စမ်းကြည့်လို့ရအောင် လုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။

တခြားနည်းသိတာရှိလည်း ညွှန်းပေးကြပါအူးနော်🙏

ဒီနည်းလေးက ပစ္စည်းသုံးမျိုးလိုအပ်ပါတယ်နော်။
ငရုပ်ကောင်းစေ့ / ငရုပ်ကောင်းမှုန့်
ရှာလကာရည်
ငရုတ်သီးအစပ်မှုန့် တို့ပဲဖြစ်ပါတယ်။

လွယ်ကူမြန်ဆန်တဲ့ ကြွက်ပြေးနည်းအိမ်မှာ အခုတလော ကြွက်ပေါလို့ တအားကိုစိတ်ညစ်နေရပါတယ်။ ဒါပေမဲ့ ဒီနည်းလေး တွေ့လို့ လုပ်ကြည့်တာ အခုရက်ထဲပြန်ငြိမ်နေလို့ မိတ်ဆွေတို့စမ်းကြည့်လို့ရအောင် လုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။
လွယ်ကူမြန်ဆန်တဲ့ ကြွက်ပြေးနည်း

ပထမဆုံး ငရုပ်ကောင်းစေ့ကိုထောင်း
ခွက်တခုထဲထည့်
ငရုတ်သီးအစပ်မှုန်အနည်းငယ်ထည့်
ရှာလကာရည်လေးသင့်တော်သလိုထည့်ပြီး မွှေပေးပါ။
ပြီးပါက ဂွမ်း သို့မဟုတ် အဝတ်စလေးနဲ့
ကြွက်သွားရာ လမ်းကြောင်းလေးတွေမှာ ချထားရုံနဲ့
နောက်ရက် အဲနေရာတွေ ကြွက်မလာတာတွေ့ရတယ်။

အဲလိုတစ်ခါလုပ်ထားရင် ၅ရက်လောက်ထိ
ဒီအနံကြောင့် ကြွက်မလာဘူးလို့ သိထားပါတယ်။
၅ရက်တစ်ခါပြန်လုပ် ပြန်ချရင် ၃ကြိမ်လောက်လုပ်တာနဲ့
ကြွက်က ဒီလမ်းကို နောက်မလာဘူးလို့ သိရပါတယ်။
မိတ်ဆွေများလည်း စမ်းကြည့်ပါ။
မင်မင်လည်းစမ်းသပ်နေပါတယ်။
တခြားနည်းသိတာရှိလည်း comment မှာပြောပေးကြပါအုံး🙏

Leave a Comment