ဒုတိယအရွယ်၏ ဒုတိယဝေဒနာ
ရေးသားသူ – မောင်ဇော်ဦး

တိုက်တိုက်ဆိုင်ဆိုင် ပြန်ရောက်တာနဲ့ ကြုံနေတာမို့ ကျနော်တက်ခဲ့သည့် မေဂျာ ဆရာကန်တော့ပွဲကို တက်မိသည်။ မတွေ့ရသည်မှာ ဆယ်စုနှစ် ၃ စုကျော်လောက်ရှိမည့် သူငယ်ချင်းတွေနှင့် ပြန်ဆုံသည်မို့ ဟေးဟေးဟားဟား နှင့် မှတ်မိသမျှ သူငယ်ချင်းတွေကို နှုတ်ဆက်စကားပြောနေတုန်း ကျောင်းတုန်းက အသေအလဲ ကြွေခဲ့သည့် ရီ ကို ရုတ်တရက် တွေ့လိုက်သည်။

အင်းလေ၊ ကိုယ်ကလည်း သူနဲ့များ ပြန်ဆုံမလားဆိုသည့် ရည်ရွယ်ချက်ကလည်း ရှိသည်မို့ ကျောင်းဝင်းထဲရောက်ကတည်းက သူ့ကို ရှာမိသည်။ တွေ့သည်နှင့် ချက်ခြင်းမှတ်မိလိုက်သည်။ သူက ငယ်ရုပ်မပြောင်း၊ နည်းနည်းလေး ဝလာသည်မှ လွဲ၍ အရင်အတိုင်းပင်။ သူကလည ကိုယ့်ကို မြင်မြင်ချင်းမှတ်မိတယ်ထင့်။ ကျနော့်ကို မြင်သည်နှင့် အံ့သြသလို မျက်ဝန်းအစုံ ဝိုင်းစက်သွားပုံလေးက အရင်လို ချစ်စရာပင်ကောင်းသေး။

ဘေးနားပါလာသည့် ငယ်သူငယ်ချင်းက ဟေ့ရောင် အဲဒါ မင်းရဲ့ ရီ လေ၊ မှတ်မိလား ဆိုသည်ကို ပြန်မဖြေမိ။ ကျောင်းတုန်းက ရီ့နားကပ်ဖို့ ကြောက်ဒူးတုန်တတ်သည့် ကျနော်က ရီ့ကို ပြုံးပြရင်း အနားသို့ လျှေက်သွားကာ ကျနော့်ကို မှတ်မိလားလို့ ရဲရဲဝံ့ဝံ့ပင် မေးမိသွားသည်။ ရီ့အနားမှာ ရှိနေသည့် အကြောင်းသိ ငယ်သူငယ်ချင်းက ကျနော့်ကို ကြည့်ရင်း သူ့ပါးစပ်ကို လက်ဖြင့်ပိတ်ကာ ရယ်သည်ကိုပင် ဂရုမစိုက်မိ။ ရီကလည်း ရဲရဲတင်းတင်းပင် ကျနော့်ကို ပြုံးကြည့်ရင်း ဟွန့် မှတ်မိပါ့တော် တဲ့။ ကျောင်းတုန်းက ကျနော့်ကို မြင်လျှင် ရှက်ကိုးရှက်ကန်းဖြင့် ခြေလှမ်းကျဲကြီးနှင့် ပြေးတတ်သူက ကျနော့်လိုပင် ရဲရဲဝံ့ဝံ့ ပြန်ဖြေသည်။

သြော် အသက်တွေလည်း အတော်ကြီးလို့ အခြေအနေတွေလည်း ပြောင်းကုန်ပြီဘဲ၊ အခုမှတော့ အရင်လို နေလို့ မရတော့။ တစ်ယောက်ကို တစ်ယောက် ပြုံးကြည့်ရင်း နေကောင်းလားဆိုသည့် စကားကို ပြိုင်တူမေးမိလို့ အတူရယ်ဖြစ်သွားသည်။ အနားက အကြောင်းသိ ရီနှင့်တွဲနေကြ သူငယ်ချင်းက လွမ်းစရာလေးတွေ ဖြစ်ကုန်ပြီနော် ဟု နောက်သည်ကို ရီက နင်လည်း ဟိုတစ်ယောက်ကို သွားရှာလေဟု ပြန်နောက်သည်။ ကျနော်နှင့် ပါလာသည့် သူငယ်ချင်းက တင်မောင်ဝင်းကို ပြောတာလား၊ သူ့ကိုတော့ မတွေ့သေးဘူး၊ ဒါပေမဲ့ သူ့ သူငယ်ချင်းကိုတော့ ဟိုနားမှာ တွေ့လိုက်တယ်၊ လာ ကျနော်တို့ ဟိုဘက်မှာ တခြား သူငယ်ချင်းတွေ သွားနှုတ်ဆက်ရအောင်၊ သူတို့ကို ခဏထားခဲ့ ဆိုပြီး အလိုက်တသိ ရီ့သူငယ်ချင်းကို ခေါ်ထုတ်သွားတော့ ကျနော်နှင့် ရီ နှစ်ယောက်ထဲ ကျန်ခဲ့သည်။

ကျနော့်က ရီ့ကို ကြည့်ရင်း ရီက ငယ်ရုပ်မပျောက်ဘူးနော်၊ ပိုပြီးတောင် လှလာသလိုဘဲ ဟု ကျနော်က ပြုံးရင်း ပြောတော့ ရီက အံမယ် ယူကလည်း ငယ်ရုပ်မပျောက်ပါဘူး၊ အခုမှ ပိုခန့်လာတာ၊ ဆိုပြီး ကျနော့်ကို အာကျမခံ ပြန်မြှောက်သည်။ ကျနော်က သူ့ရဲ့ တို့တို့ ယူတို့ အပြောကြောင့် နောက်ချင်လာတာနဲ့ ဒါပေမဲ့ နာမည်တော့ မေ့နေပြီ မဟုတ်လား ဟု ပြုံးပြီး ပြောလိုက်တော့ ဟွန်း ကိုဇော်နော် တဲ့ ဆိုပြီး ရဲရဲတင်းတင်းပင် လက်မောင်းကို ရိုက်သလို လာပုတ်ရင်း ရယ်သည်။ အော် အသက်တွေတောင် ကြီးလာပြီဘဲ ငယ်ငယ်တုန်းက အုံ့ပုန်းခုတ်ခဲ့သမျှ အခုတော့ ရဲရဲဝံ့ဝံ့။ နောက်တော့ ဝေးခဲ့သမျှ တစ်ယောက်အကြောင်း တစ်ယောက် စကားစဖြစ်သည်။

“ကျောင်းပြီးတာနဲ့ ယူအက်စ် ထွက်သွားတယ်ဆို”

“အင်းလေ ချစ်ရတဲ့ သူက နောက်ဆုံးနှစ်မှာ အိမ်ထောင်ပြုသွားတာကိုး။ ကိုယ်လည်း အသဲကွဲပြီး အဝေးလွင့်တာပေ့ါ”

ကျနော်က ခပ်တည်တည်နှင့် ငယ်ငယ်ကအကြောင်း ရင်ဖွင့်သလို ပြောလိုက်တော့ ရီက သူ့ကို ရည်ရွယ်ပြောမှန်း သိသည်ထင့် သူအိမ်ထောင်ကျရသည့်အကြောင်း အတိုချုပ် ပြောသည်။

“အဲဒီတုန်းက မေမေတို့က အတင်းဘဲ စီစဉ်တာနဲ့ . .”

“အင်း၊ ဒါတွေထားပါ၊ ဖြစ်ပြီးခဲ့တဲ့ ကိစ္စတွေ၊ ကိုယ်လည်း အဲဒီတုန်းက ဘာမှ မတတ်နိုင်ဘူးလေ၊ ရီကလည်း ကိုယ့်ကိုမြင်ရင် ထွက်ပြေးနေတာ”

ကျနော်က ပြုံးရင်း ရီ့စကားကို ဖြတ်ကာ အရင်က အဖြစ်ကို သတိရသလို ပြန်ပြောတော့

“အင်းနော် ဘာလို့လဲ မသိဘူး၊ အဲ့ဒီတုန်းက ကို့ဇော့်ကို ကြောက်လိုက်တာ၊ ပြေးဖို့ဘဲ သိတယ် ခစ် ခစ် ခစ် ခစ်၊ အမယ် ကိုဇော်လဲ အတူတူပါဘဲနော်၊ ရီ့ကို ဘာမှ လာမပြောရဲဘဲနဲ့များ အဝေးကဘဲ လာလာချောင်းနေပြီး”

မျက်ဝန်းလေးဒေါင့်ကပ်ကာ မျက်စောင်းထိုးသလို ရီ ပြန်ပြောသည်ကို သဘောကျစွာ ရယ်မိတော့ ရီကလည်း ပါးစပ်ကို လက်နှင့်အုပ်ကာ ရယ်သည်။

“ဟား ဟား ဟား ဟား”

“ခစ် ခစ် ခစ် ခစ်”

ဘာကြောင့်မှန်း မသိ ရီ့ကို မြင်လျှင် စကားမပြောရဲတဲ့ ကျနော်ကလည်း အခု စကားကို သွက်လို့။ ကျနော့်ကို မြင်လျှင် ထွက်ပြေးတတ်တဲ့ ရီကလည်း အခုမပြေးတော့။ စကားကောင်းနေတုန်း အဝေးက ဘော်ဒါတစ်စုက ဟေ့ရောင် ဇော်ဦး ဟု လှမ်းအော်ရင် လက်လှမ်းပြတာကြောင့် ရီနဲ့ စကားဆက်ပြောဖို့ မလွယ်မှန်း သိလိုက်သည်မို့ ကမန်းကတမ်း

“ရီ မနက်ဖြန်အားလား”

“အင်း အားတယ်လေ”

“ဒါဆို ကိုယ်တို့ မနက်ဖြန်မှ အေးအေးဆေးဆေးတွေ့ပြီး စကာားပြောရအောင်၊ မနက်စာ စားရင်းပေါ့၊ ပြီးတော့ ရီနဲ့လည်း တွေ့ချင်သေးတယ်၊ အခု သူငယ်ချင်းတွေနဲ့ အေးဆေးပြောလို့ ရမှာမဟုတ်ဘူး”

“အင်း ကောင်းသားဘဲ၊ ဒါဆို မနက်ဖြန်ဆုံမယ်လေ၊ ရီ ဆိပ်ကမ်းသာ ဟိုတယ်မှာ တည်းတယ်၊ အခန်း နံပါတ် ၁၈ မှာ၊ လာခေါ်ချေ”

“အင်း၊ ကောင်းတယ်၊ ကောင်းတယ်၊ ကိုယ်လာခဲ့မယ်၊ မနက် နိုးတာနဲ့ လာခဲ့မယ်”

“အစောကြီး မလာနဲ့လေ၊ ၁၁ နာရီလောက်ပေါ့၊ မနက်စာ စားမယ်ဆို”

“ကို ပြောတာ ဘရိတ်ဖတ်စ် လေ”

“အော် ရီက လန့်ချ် မှတ်လို့”

“ဒါဆို ဘရိတ်ဖတ်စ် ရော၊ လန့်ချ်ရော၊ ဒင်းနားရောဆို မကောင်းဘူးလား”

ကျနော့်ရဲ့ စသလိုလို စကားကို “ဟော့တော့” ဟု အသံထွက်ရင်း ကျနော့်ကို အံ့သြသလိုကြည့်တော့ ကျနော်က ပြုံးပြီး

“စောစောဘဲ လာခဲ့မယ်၊ ၇ နာရီလောက်၊ ရီ နိုးပါ့မလား”

ရီက ကျနော့် စကားကို ချက်ခြင်းဘဲ

“အင်း ရီကတော့ နိုးပါတယ်၊ ကိုဇော်သာ မနိုးမှာ၊ ဒီည သူငယ်ချင်းတွေနဲ့ ပျော်ဦးမှာ မို့လား”

ကျနော်က ရီ အပြောကြောင့်

“အင်း ဟုတ်သားဘဲ၊ ဒီည ပွဲဆက်မယ် ပြောနေကြတယ်၊ ဒါဆို ၈ နာရီလောက် လာမယ်လေ၊ ဖုံးဆက်လိုက်မယ်လေ၊ ရီ့နံပါတ်ပေး”

“အင်း ၉၉၅၂ . . . .”

ကျနော်က လက်ကိုင်ဖုန်းကို ထုတ်ကာ ရီပြောသည့် နံပါတ်ကို တစ်ခါထဲ နှိပ်လိုက်သည်။ ချက်ခြင်းဆိုသလိုဘဲ ရီ လက်ကိုင်အိပ်ထဲမှ ဖုန်းမြည်သံ ကြားလိုက်ရေတာ့ ဖုန်းကို ပြန်ပိတ်ရင်း

“အဲဒါ ကိုယ့်နံပါတ်ဘဲ၊ အခုမှ ဒီကကဒ်ထည့်ထားတာဆိုတော့ နံပါတ်ကို အလွတ်မရဘူး”

ဟု ရီ့ကို ပြန်ပြောရင်း ဟေ့ ကျော်ထွန်း ဟု လှမ်းခေါ်ရင်း လက်ပြန်ပြလိုက်သည်။ အတော်ဘဲ စောစောက ရီ့သူငယ်ချင်းကလည်း သူ့သူငယ်ချင်း များနှင့် ရီ့ဆီ ပြန်လာသည်မို့

“အင်း ၈ နာရီကောင်းတယ်၊ ရီလည်း သွားတော့မယ်နော် ဟိုမှာ အသန်းတို့လည်း ပြန်လာပြီ”

ဟု ကျနော့်ကို နှုတ်ဆက်ရင်း သူ့သူငယ်ချင်းဆီ အပြေးကလေး ထွက်သွားတော့သည်။

…………………………………………..

ရီ့ကို ပြန်တွေ့လိုက်ရတော့ ငယ်ငယ်က ဝေဒနာ ပြန်ပေါ်လာသည်လား မသိ၊ အိပ်နေသည့် နှလုံးသားက ပြန်နိုးလာသလို ခံစားလိုက်ရသည်။ သူရော ကိုယ်ရော လွတ်လွတ်လပ်လပ် မဟုတ်သူတွေမှန်း သိသိကြီးနှင့် ဘာကြောင့်မှန်းမသိ ကိုယ့်ကိုယ်ကို ဆယ်ကျော်သက်အရွယ် လူပျိုလေး တစ်ဦးလို စိတ်မျိုးပြန်ဝင်လာသလိုလို၊ လက်ရှိ ဘဝကိုပင် မေ့သွားသလိုလို ခံစားလိုက်ရသည်။

မတူတာက အခု ရီနှင့် ပြန်တွေ့သည့် ခံစားမှုက အရင်လို ကြောက်ကြောက်ရွံ့ရွံ့ မဟုတ်ဘဲ အလိုလို ရင်းနှီးသည့် ငယ်ပေါင်းသူငယ်ချင်းလို စိတ်မျိုး ဖြစ်နေသည်ကသာ ထူးဆန်းနေသည်။ ရီလည်း သူ့လိုပင် ရဲရဲတင်းတင်းနှင့် သူ မနက်ဖြန်တွေ့မည် ပြောတော့ ချက်ခြင်းပင် သဘောတူကာ သူ့ကို လာခေါ်ဖို့ ပြောသွားသေးသည်။ အကဲခတ်ရသလောက်တော့ ရီ သူ့အပေါ် ဆက်ဆံပုံနှင့် အကြည့်က သူ့လိုပင် သူ့ကို ငယ်သူငယ်ချင်း အရင်းခေါက်ခေါက်တစ်ဦးလို ရင်းရင်းနှီးနှီး ဆက်ဆံနေသလို ဖြစ်နေမှန်း သိသာနေသည်။

သူငယ်ချင်းတွေနဲ့ မတွေ့တာ ကြာပြီမို့ ဆရာကန်တော့ပွဲ ပြီးတောင် သူငယ်ချင်း ဆုံတွေ့ပွဲက မပြီး။ ဆရာ၊ ဆရာမတွေကို ကန်တော့ပြီးတော့ ရင်းနှီးခဲ့တဲ့ သူငယ်ချင်းတွေ အားလုံး စုစုရုံးရုံး ကမ်းနားလမ်းက အကင်ဆိုင် တစ်ခုဆီသို့ ချီတက်သွားကာ ဆုံတွေ့ပွဲကို ဆက်ကျင်းပဖြစ်သွားသည်။ သူငယ်ချင်းများနှင့် ငယ်ငယ်ကအကြောင်း စားမြုံပြန် အလိုက်အထိုက် ပြောနေသော်လည်း စိတ်က တချိန်လုံး ရီ့ ဆီသာ ရောက်နေသည်။ ရီ နှင့် ကျနော် စကားလက်ဆုံ ကျနေသည်ကို မြင်လိုက်သည့် အကြောင်းသိ သူငယ်ချင်းအချို့က နောက်သည်ကို ရီက အခုထိ ငယ်ရုပ်မပျောက်ဘူးကွ၊ လွမ်းစရာလေးတွေတော့ ဖြစ်ကုန်ပြီ ဟု ပြန်ပြောမိပေမဲ့ နက်ဖြန် ရီနှင့် ချိန်းထားသည့် အကြောင်းကိုတော့ ဘယ်သူ့မှ ဖွင့်မပြောဖြစ်လိုက်။

အဲဒီညက မတွေ့တာကြာသည့် သူငယ်ချင်းတွေနှင့် စားရင်းသောက်ရင်း တော်တော်မူးသွားသည်။ အိမ်ပြန်ရောက်တော့ တံခါးလာဖွင့်ပေးသည့် ညီမကို သူ့ကို မနက် ၇ နာရီ နိုးဖို့နှင့် မနက်ဖြန် နင့်ကား ငါသုံးမယ် ဟုလည်း တစ်ဆက်တည်း ပြောလိုက်သည်။ ငယ်ငယ်ထဲက ကျနော် သူငယ်ချင်းခင်တတ်သည့် အကြောင်းသိနေသည့် ညီမက ကိုကြီးဇော် သွားစရာရှိ သူတို့ကား ယူသုံးဖို့နှင့် သူ့ယောကျ်ားက ဆိုင်ကယ်ဘဲ သုံးတာ များတာမို့ ကားကို အချိန်မရွေး ယူသုံးနိုင်ကြောင်း ပြောထားသည်မို့ အားနာမနေတော့ဘဲ မနက်ဖြန် ကားသုံးမယ်ဟု ကြိုပြောကာ အသိပေးလိုက်သည်။

မနက်ကြတော့ ညီမ ကားကို ဆွဲပြီး ရီ တည်းသည့် ဟိုတယ်ကို ထွက်ခဲ့သည်။ ကားပေါ်ရောက်သည်နှင့် ရီ့ဆီ ဖုန်းခေါ်ကာ ထွက်လာပြီဟု အသိပေးလိုက်တော့ ရီက ချက်ခြင်းပင် ဖုန်းကိုင်ပြီး အင်း အဝကဘဲ စောင့်နေမယ် ဟု ပြန်ပြောသည်။ မွေးကတည်းက နေခဲ့သည့် မြို့ မို့ လမ်းတွေက ကောင်းသွားသည်က လွဲပြီး မပြောင်း။ လမ်းသစ်များသာ တိုးလာသည်။ ဟိုတယ်ရောက်တော့ ရီကို အပေါက်ဝမှာ စောင့်နေသည်ကို တွေ့လိုက်ရသည်။ မနေ့ကလိုပင် ရီ့ ပုံစံ ရိုးရိုးယဉ်ယဉ်၊ ရီ့ဘေး ကားထိုရပ်ကာ ဘိုဆန်ဆန် မောနင်းဟု နှုတ်ဆက်တော့ ရီကလည်း မောနင်း ဟု ပြန်နှုတ်ဆက်သည်။ ကားပေါ်က ဆင်းပြီး တစ်ဖက်က တံခါးကို ရီ့အတွက် ဖွင့်ပေးရင်း

“လာလေ၊ ညီမကား ဆွဲလာတာ၊ သွားရလာရ အဆင်ပြေအောင်”

ရီက ကားပေါ်တက်ထိုင်ရင်း

“ဘယ်သွားမလို့လဲ”

ဟု မေးသည်။ ကျနော်က ချက်ခြင်း ပြန်မဖြေသေးဘဲ ရီ့ကို စချင်နေသည်မို့ မျက်နှာ မချိုမချဉ်နှင့် ပြုံးကာ ကားပေါ်ပြန်တက်ပြီး စက်နှိုးလိုက်သည်။ ကားစထွက်တော့ ရီက မေးပြန်သည်

“ဘယ်သွားမလို့လဲ ဆို”

ဟိုတယ်အဝက ထွက်လို့ ကားလမ်းမပေါ်အရောက်မှာ ကျနော်က ရီ့ကို ပြုံးကြည့်ရင်း

“ရီ့ကို ကားတင်ပြေးလာတာ”

ဟုပြောလိုက်တော့

“ဟော့တော့်”

ရီ့အသံကြောင့် ကျနော် အသံထွက်အောင် ရယ်မိသည်။ ကျနော့်ရယ်သံက ဗိုလ်အောင်ဒင် အသံမျိုးဖြစ်သွားလို့လားမသိ

“ကိုဇော်နော် ဒါဆို ပြန်ကွေ့ ပြန်ကွေ့ ၊ မပြောမဆိုနဲ့ ရီ့ကို ဒီလိုမလုပ်နဲ့”

ဟု လှမ်းပြောတာမို့ ကျနော်စတာကို ရီက တကယ်များ ထင်နေလား မသိဟုထင်ကာ လှမ်ကြည့်လိုက်တော့

“ရီ အဝတ်အစားတွေ ပြန်ယူရဦးမယ်လေ”

တဲ့ ဟုပြောကာ သူ့ပါးစပ်ကို လက်နှင့်အုပ်ကာ အူလှိုက်သဲလှိုက် တခစ်ခစ် ရယ်တော့သည်။ ဒီတော့မှ ရီ ပြန်နောက်တာဟု သဘောပေါက်ကာ ကျနော်လည်း တဟားဟား အော်ရယ်မိသည်။ အော် ကျောင်းသားဘဝက တစ်ယောက်နှင့် တစ်ယောက် စကားမပြောမိခဲ့သမျှ အခုကြတော့ . . . .

ကားကို လမ်းမကြီးအတိုင်း မောင်လာရင်း

“ဗိုက်ဆာနေပြီလား၊ ဘာစားမလဲ”

“မသိဘူးလေ ကိုဇော့် သဘော၊ ရီလည်း ပြန်မရောက်တာကြာတော့ ဘယ်ဆိုင်ကောင်းလဲ မသိတော့ဘူး”

“ကိုက ပိုဆိုးပေါ့၊ အခု အကုန် အသစ်အဆန်းချည်း ဖြစ်နေတာ၊ ဒါဆို ဒီလိုလုပ်လေ၊ ကမ်းနားလမ်းဘက် သွားမယ်၊ အဲဒီမှာ ဆိုင်တွေပေါတယ်၊ အဲဒီက မုန့်ဟင်းခါးတို့ အုန်းနို့ခေါက်ဆွဲတို့ မနက်စာ တစ်ခုခု ရတဲ့ ဆိုင်တစ်ဆိုင်ဆိုင် ဝင်စားပြီး စကားပြောတာပေါ့၊ မကောင်းဘူးလား”

“အင်း”

ကားကို ကမ်းနားလမ်း အတိုင်း ခပ်ဖြေးဖြေး မောင်းလာကာ ဆိုင်တွေကို လှမ်းကြည့်ရင်း

“ဟော မုန့်ဟင်းခါး အုန်းနို့ခေါက်ဆွဲ ဆိုပါလား၊ ကော်ဖီ လဘက်ရည်လည်း ရတယ်၊ ဒီမှာ စားမလား”

“အင်း ကောင်းသားဘဲ”

ရီ့ဆီက သဘောတူချက်ရတော့ ကားကို ဆိုင်ရှေ့ရပ်ကာ ဆိုင်ထဲ ဝင်ထိုင်လိုက်ကြသည်။ စားပွဲထိုး ကောင်လေးရောက်လာတော့

“ရီ ဘာစားမလဲ”

“မုန့်ဟင်းခါးဘဲ စားမယ်၊ ရီက မုန့်ဟင်းခါးဆို အသေကြိုက်၊ ကော်ဖီလည်း သောက်မယ်”

“အုန်းနို့ခေါက်ဆွဲရော စားမလား”

“ဟင်အင်း မုန့်ဟင်းခါးဆိုရပြီ၊ ပဲကြော်နဲ့၊ ဘဲဥနဲ့”

“အင်း၊ ညီလေး သူပြောသလို ၂ ပွဲ၊ ကော်ဖီ ၂ ခွက်၊ ကော်ဖီက အထုတ်နဲ့ဟာ မလုပ်နဲ့၊ နက်စ် ရှိလား၊ အဲဒါလုပ်”

စားပွဲထိုးလေး ထွက်သွားတော့ ရီက

“အခု အလည်ပြန်လာတာလား၊ ဘယ်တော့ပြန်မလဲ”

“အင်း၊ ပြန်မရောက်တာ ကြာပြီဆိုတော့ အမေ့ကို လာတွေ့တာ၊ ဟိုရောက်ပြီးကတည်းက ပြန်လည်ဖြစ်တာ အခုမှ ၃ ခေါက်ဘဲ ရှိသေးတယ်၊ အခုတစ်ခါမှဘဲ ရီနဲ့ဆုံတော့တယ်၊ ဒါ ဆရာကန်တော့ပွဲ ကျေးဇူးလေ”

“အခု တစ်ယောက်ထဲ ပြန်လာတာလား”

“အင်း၊ တစ်ယောက်ထဲလာတာ၊ ရီကရော အခု ဘယ်မှာ နေနေလဲ၊ ကိုလည်း ထွက်သွားပြီးကတည်းက ရီ့သတင်း ဘာမှမသိတော့ဘူး”

“ရီ အခု ရန်ကုန် ကမ္ဘာအေးမှာ၊ အခု သူငယ်ချင်းက ဆရာကန်တော့ပွဲ အတင်းခေါ်လို့၊ မနက်ဖြန် ညကားနဲ့ ရန်ကုန် ပြန်မယ်”

“ကိုယ်ကတော့ ၂ ပတ်လောက် ကြာဦးမယ်၊ ဒီမှာ အမေတို့နဲ့ တစ်ပတ်လောက်နေ၊ ပြီးရင် နည်းနည်းပါးပါး လျှောက်လည်မလားလို့”

“ဘယ်တွေလည်မလို့လဲ”

“ရှမ်းပြည်ဘက် ကလောတို့ လားရှိုးတို့ အင်းလေးတို့ မရောက်ဖူးသေးလို့၊ မသိသေးပါဘူး၊ သူငယ်ချင်းတွေနဲ့ ညှိကြည့်ရဦးမယ်”

စကားပြောနေတုန်း မှာထားသည့် စားစရာ လာချတော့ စကားစ ပြတ်သွားသည်။ ကျနော်က မုန့်ဟင်းခါးပန်းကန်ကို ဇွန်းနဲ့မွှေကာ နည်းနည်းမြည်းကြည့်လိုက်ပြီး

“ကောင်းသားဘဲ မဆိုးဘူး”

“မော်လမြိုင် မုန့်ဟင်းခါးကတော့ ဘယ်ဆိုင်စားစား ကောင်းပါတယ်၊ မော်လမြိုင် အစားလေ ကိုဇော်မေ့နေပြီလား”

“အင်း ဟုတ်သား၊ ဒါကြောင့် မော်လမြိုင်သူတွေ ဝ တာ၊ ဟား ဟား။ ဒါပေမဲ့ ရီက မဝပါဘူး၊ မော်လမြိုင် မနေတော့လို့ ဖြစ်မယ်”

“ရီက ကိုယ့်ကိုယ်ကို ဝိတ်ထိန်းနေတာ၊ ဝလာတယ် ထင်ရင် တရားသွားဝင်လိုက်ရော၊ ခစ် ခစ် ခစ် ခစ်”

“ဟား ဟား ဟား ဟား တယ်ဟုတ်ပါလား၊ တစ်ချက်ခုတ် နှစ်ချက်ပြတ်၊ ဒါနဲ့ ရီ့ အိမ်ထောင်ရေးရော”

“ဒီလိုပါဘဲ၊ သူလည်း သူ့စီးပွားရေးနဲ့သူ ရှုပ်နေတာ၊ အခုက အပြိုင်အဆိုင်များတော့ ပိုဆိုးပေါ့”

“ရီနဲ့ရော အဆင်ပြေလား”

“ဒီလိုပါဘဲလေ၊ ဒါတွေ မပြောချင်ပါဘူး”

“သားသမီးရော . ..”

“တစ်ယောက်ဘဲ၊ သမီးလေ၊ ဆရာဝန်အောင်ပြီးပြီ၊ အခု ဟောက်စ် ဆင်းနေတယ်၊ ကိုဇော်ရော”

“သား တစ်ယောက်ထဲဘဲ၊ ကွန်ပြူတာ အင်ဂျင်နီယာ၊ မနှစ်က အောင်ပြီး အခု အလုပ်လုပ်နေပြီ”

“အိမ်ထောင်ရေး အဆင်ပြေလား မေးတာ”

“ရန်တော့ ခဏခဏ မဖြစ်ပါဘူး၊ ဒီလိုပါဘဲ လူ့တာဝန်အရလေ၊ ရင်ထဲက ခံစားချက်က သပ်သပ်၊ လက်တွေ့ဘဝက သပ်သပ် ဖြစ်နေတာ၊ ကိုယ်ဘာကို ဆိုလိုလဲ ဆိုတာ ရီသိမှာပါ၊ အခု ရီနဲ့တွေ့တာ ကိုယ်တော်တော် ပျော်သွားတာ၊ ရုတ်တရက်ကြီး ကမ္ဘာသစ်ထဲ ရောက်သွားသလိုဘဲ”

“ခစ် ခစ် ခစ် ခစ် ကိုဇော်က နိုင်ငံခြားမှာ နေပေလို့ဘဲ၊ တစ်ခါတည်း နားလည်အောင် ပြောတတ်တယ်၊ ရီတောင် အဲလို မပြောတတ်ဘူး ခစ် ခစ် ခစ် ခစ်”

“ပြောတတ်တာ မဟုတ်ဘူးလေ၊ ကိုယ်က စိတ်ထဲက ဖြစ်နေတာကို အမှန်ပြောပြတာ၊ ရီလည်း ကိုယ့်လိုဘဲလား”

“မသိဘူးလား”

“ဟဲ ဟဲ ဟဲ ဟဲ၊ မသိဘူးဆိုရင် ရီက ကိုယ့်ကို ငတုန်း လို့ ပြောမယ်ထင်တာဘဲ”

“ခစ် ခစ် ခစ် ခစ် ကိုဇော်ကတော့လေ၊ အရင်က ကိုဇော်မှ ဟုတ်ရဲ့လား”

စကားသွက်နေတဲ့ ကျနော့်ကို အရင်နဲ့ မတူတဲ့ သဘောမျိုးနဲ့ ပြောတာမို့

“အော် ရီကလည်း အသက်က ကြီးလာတော့ သတ္တိလည်း ရှိလာပြီလေ၊ ရီတောင်မှ အရင်ကလို ထွက်ပြေးနေတဲ့ ရီ မဟုတ်တော့တဲ့ဟာ၊ သူများချည်း မပြောနဲ့လေ”

“အင်းနော် ထူးဆန်းတယ်၊ ရီ့စိတ်ထဲ ကိုဇော်နဲ့ တွေ့တော့ အရမ်းပျော်သွားသလိုဘဲ၊ တစ်ခါမှ အဲ့လို စိတ်လွတ်ကိုယ်လွတ် မပျော်ဖူးဘူး”

“ကိုယ်လည်း ဒီလိုဘဲ၊ ကိုယ့်စိတ်ထဲမှာ ရီ့ကို အရမ်းရင်းနှီးနေသလိုဘဲ၊ အလိုလိုပျော်နေတာ”

ရင်ဖွင့်မိသလို ပြောရင်း တစ်ယောက်ကို တစ်ယောက်ကြည့်မိကြသည်။ ကျောင်းသားဘဝ ကတည်းက ရီနှင့် မျက်လုံးချင်းဆုံနေကြ။ တစ်ယောက်နှင့် တစ်ယောက် စကားမပြောဖူးသော်လည်း အလိုလို အကြည့်တွေကို နားလည်နေသလို ခံစားလိုက်ရသည်။ စကားမဆက်ဖြစ်ကြဘဲ အတွေးကိုယ်စီနှင့် ခဏညိမ်သွားကာ မှာထားသည့် ကော်ဖီကို နှစ်ယောက်သား သောက်ရင်း

“ရီ”

ရီက အသံထွက် မထူးဘဲ ကျနော့ကို မျက်လုံးပင့်ကာ ထူးသည့် သဘောနှင့် လှမ်းကြည့်သည်။

“ရီ ဒီနေ့ ဘာလုပ်စရာရှိလဲ”

“ဘာမှတော့ မရှိပါဘူး။ နေ့လည်အားရင် မိသန်းတို့ကို ခေါ်ပြီး ဈေးပတ်မလားလို့”

“ချိန်းထားလို့လား”

“ချိန်းတော့ မချိန်းထားဘူး၊ မနေ့က သူတို့ မေးတော့မေးတယ်၊ ရီက ကိုဇော်နဲ့ ချိန်းထားတယ်လို့၊ ပြီးမှ ဖုန်းခေါ်လိုက်မယ်လို့”

“အင်း၊ ကိုယ်စဉ်းစားနေတာ၊ အခု ရီနဲ့ ပြန်ဆုံတုန်း ကိုယ်တို့ ကျိုက္ခမီ ဘုရားဖူးသွားရင် ကောင်းမလားလို့”

“နှစ်ယောက်ထဲလား”

“အင်း ဖြစ်နိုင်ရင် ကိုယ် ရီနဲ့ လွတ်လွတ်လပ်လပ် နှစ်ယောက်ထဲဘဲ သွားချင်တာ၊ ဒါပေမဲ့ ရီ့ဘက်က မသင့်တော်ဘူးထင်တယ်၊ သူငယ်ချင်းတွေနဲ့ သွားမလား”

ရီက ဘာမှ ပြန်မပြောဘဲ ခဏညိမ်နေပြီးမှ

“နှစ်ယောက်ထဲဘဲ ကောင်းမယ်ထင်တယ်၊ သူငယ်ချင်းတွေခေါ်ရင် သူတို့က စကြ နောက်ကြနဲ့၊ မကောင်းပါဘူး၊ မနေ့ကတောင် ကိုဇော်နဲ့ မနက်စာ စားဖို့ ချိန်းထားတာကို ပြောပြတော့ ရီ့ကို နောက်နေကြတာ၊ ပြီးတော့ ရီတို့က လူပျိုပေါက်စ၊ အပျိုပေါက်စလေးတွေမှ မဟုတ်တာ၊ ဘုရားဖူး သွားတာဘဲ၊ ညနေပြန်လာမှာ မို့လား၊ ရီက မနက်ဖြန် ပြန်မှာ”

ကျနော်က ရီ့စကားကို ပြုံးပြီး

“မဟုတ်ဘူး ရီရ၊ ကိုယ်ကို တစ်မျိုးတော့ မထင်နဲ့၊ ကိုယ်စိတ်ကူးနေတာ ဒီလို၊ ကိုယ်တို့ ၂ ယောက် ကျိုက္ခမီ ဘုရားဖူးသွားမယ်၊ အခု ကိုယ့်ညီမ ကားနဲ့ဘဲ၊ ပြီးတော့ စက်စဲမှာ လာအိပ်မယ်၊ မနက်ဖြန်မှ ရီ ကားဂိတ်ဆင်းချိန် အမှီပြန်လာမယ်လေ”

“ဟော့တော့်”

“တကယ်ပြောတာရီ၊ ကိုယ့်စိတ်ထဲမှာ အခုလို အခွင့်အရေးရတုန်း ရီနဲ့ အေးအေးဆေးဆေး လျှောက်လည်ချင်စိတ် ပေါ်လာလို့၊ ရီ ကိုယ့်ကို ဘယ်လိုမှ မထင်နဲ့နော်၊ ရီ့သဘောပါ၊ ရီက နေ့ချင်းပြန်လာချင်လဲ ပြန်လာတာပေါ့”

“ရီက ဒီမှာ အခန်းက မနက်ဖြန်ထိ ယူထားတာ”

“ပိုက်ဆံကြိုပေးထားလို့လား”

“ဟင်အင်း တစ်နေ့စာ တစ်နေ့ရှင်းတာ”

“ဒါဆိုရပါတယ်၊ မနေတော့ဘူးဆို ပြီးတာဘဲ၊ သွားမယ်ဆို ရီကို အခု ဟိုတယ် ပြန်ပို့ပေးမယ်၊ အခန်းအပ်၊ ပစ္စည်းတွေ အကုန်သိမ်းခဲ့တော့၊ ကိုယ်လည်း နည်းနည်းပါးပါး လဲဖို့ ပြန်ယူမယ်၊ ပြီးတော့ ရီ့ကို လာပြန်ခေါ်မယ်၊ ပြီးတော့ (ရီ့ကို ပြုံးစစနဲ့ ကြည့်ရင်း) ဟဲ ဟဲ တစ်ခါတည်း ကားတင်ပြေးပြီသာမှတ်တော့ ဟား ဟား ဟား ဟား”

ဟိုတယ်က ထွက်ထွက်ချင်း နောက်မိတဲ့ ကားတင်တဲ့ ဇတ်လမ်းက ပြန်စလာတာမို့ ရီလည်း တခစ်ခစ်ရယ်ရင်း

“ခစ် ခစ် ခစ် ခစ် ဒါဆို ရီလည်း အဝတ်အစား ပြန်ယူတော့မယ် ခစ် ခစ် ခစ် ခစ်”

နှစ်ယောက်သား ဖြစ်ချင်တဲ့ ဆန္ဒကို မလွန်ဆန်နိုင်ကြဘဲ မမျှော်လင့်တဲ့ ခရီးစဉ်လေး တစ်ခု အစပျိုးမိကြသည်။

……………………………………………………

ရီ့ကို ဟိုတယ်မှာ ပြန်လာခေါ်ပြီး ကားပေါ်ရောက်တော့ ရီက

“ရီလည်း ကျိုက္ခမီ ဘုရားမရောက်တာ နှစ် ၃၀ ကျော်ပြီ၊ ဖူးချင်နေတာနဲ့ အတော်ဘဲ”

“သိတယ်လေ သိတယ်၊ ဒါကြောင့် ကိုယ်စီစဉ်လိုက်တာ၊ ရီမှတ်မိလား တတိယနှစ်တုန်းက ကျောင်းကနေ တစ်တန်းလုံး ဘတ်စ်ကားကြီးနဲ့ စုသွားတာလေ”

“အင်း မှတ်မိတာပေါ့၊ အဲဒီတုန်းက ကိုဇော်က ကားခေါင်မိုးပေါ်တက်စီးတာ မို့လား၊ ရီက စိတ်ပူနေတာ”

“တကယ်”

“အင်းပေါ့”

“ဟုတ်လို့လား၊ ကိုယ်က ရီစီးတဲ့ကားစီးချင်လို့ ခေါင်မိုးပေါ်က လိုက်စီးတာ၊ ခုံက ပြည့်နေပြီလေ၊ စိတ်ပူတဲ့ သူကလည်း ကြည့်လိုက်တော့ ခပ်တည်တည်နဲ့၊ လူကို အရေးမစိုက်သလို”

“ခစ် ခစ် ခစ် ခစ် အဲဒါ ဟန်ဆောင်နေတာ၊ စိတ်ကတော့ တကယ်ပူတာ သိလား”

“အမလေးဗျာ၊ အဲဒီစကား နှစ် ၃၀ ကျော်မှ ကြားရတော့တယ်”

“ကိုဇော်”

“အင်း ပြော”

“ထူးဆန်းတယ် သိလား”

“ဘာလဲ”

“အခု ကိုဇော်နဲ့ လိုက်လာတာ ရီ လုံးဝ မကြောက်ဘူး သိလား”

“ရီကလည်း အခုက ကြောက်ရမဲ့ အရွယ်တွေမှ မဟုတ်တော့တာ”

“မဟုတ်ဘူးလေ ကိုဇော်ရ၊ အမှန်က အခုမှ ကြောက်ရမှာ၊ တော်ကြာ တစ်ယောက်ယောက်တွေ့ပြီး မဟုတ်သရုပ်တွေ အပြောခံရရင် ပြသနာ”

“ရီကလည်း အပြောခံရအောင် ကိုယ်တို့က လူမြင်ကွင်းကြီးမှာ မဟုတ်မဟပ် လုပ်နေတာလဲ မဟုတ်”

“ကိုဇော်ကလည်း ရီပြောချင်တာက အဲလို အပြောခံရမှာလည်း မကြောက်ဘူးလို့၊ ပြီးတော့ ကိုဇော့်ကိုလည်း အရင်ကလို မကြောက်ဘူးလို့၊ နောက်ပြီးတော့လေ မကြောက်တာ တစ်ခုရှိသေးတယ် သိလား”

ကျနော်က ဘာများလဲ ဟု ကားမောင်းရင်း ရီ့ကို လှမ်းကြည့်လိုက်တော့

“အခု ကိုဇော်နဲ့ လိုက်လာတာကို ကိုဇော်က ရီ့ကို အထင်သေးမှာလည်း မကြောက်ဘူးလို့ သိပလား”

“ဟား ဟား ဟား ဟား ဟား ဟား”

“ဘာရီတာလဲ၊ ရီ တကယ်ပြောတာ”

“အင်းပါ၊ အင်းပါ၊ ရီကလေ အခုမှ စကားတွေလည်း တတ်၊ သတ္တိတွေလည်းရှိ၊ အရင်က ရီမှ ဟုတ်ရဲ့လား”

“အင်းနော်၊ ရီလည်း ကိုယ့်ကိုယ်ကို သတ္တိရှိမှန်း အခုမှ သိတာ၊ ကိုဇော့်ကို မြင်လိုက်တာနဲ့ အလိုလို စိတ်ထဲမှာ ပျော်သွားတာ၊ နောက်ပြီး ကိုဇော်က ရီ့ကို စကားလာပြောတော့ ပိုပျော်သွားတယ်၊ ဘာလို့လဲ သိလား”

ကျနော်က ကားလမ်းမဘက်ကြည့်ကာ ကားမောင်းနေရာက ရီ့စကားကြောင့် ရီ့ဘက်လှည့်ကာ ဘာလဲ ဟု သဘောနှင့် လှမ်းကြည့်လိုက်တော့ ရီက ဆက်ပြီး

“ကိုဇော့်ကို ရီ ရှင်းပြချင်နေတာတွေရှိလို့၊ ရီလေ ကို့ဇော့်ကို ရီ ဘာကြောင့် အိမ်ထောင်ပြုလိုက်လဲဆိုတာ ရှင်းပြချင်နေတာ”

“မလိုပါဘူးရီရာ၊ အဲဒီတုန်းက ကိုလည်း ရီ့ကို သတ္တိရှိရှိမှ မပြောရဲခဲ့တာ၊ ရီ့ကို အဝေးကဘဲ ကိုက ငေးပြီး ချစ်နေခဲ့တာ”

“ရီ သိပါတယ်၊ ရီကလည်း ကိုဇော့်ကို မြင်တာနဲ့ ထွက်ပြေးနေတာကိုး၊ ထွက်ပြေးပေမဲ့ ကိုဇော်မသိတာ တစ်ခုရှိတယ်”

“ဘာများလဲ ရီ

“ကိုဇော့်ကို မတွေ့ရင် ရီလိုက်ရှာတတ်တာ ကိုဇော်က မသိပါဘူး”

“ဒါဆို ရီလည်း ကိုယ့်ကို”

ကျနော့်စကားမဆုံးလိုက် ရီက သူ့လက်နှင့် ပါးစပ်ကို ပိတ်ကာ အသံမထွက်အောင် ရှက်သလို ရယ်တော့သည်။ ကျနော်က ရီ့ လက်တစ်ဖက်ကို လှမ်းကိုင်ရင်း

“ရီရာ ကိုယ်တို့ အဖြစ်ကလဲ”

“ဟုတ်တယ်နော်၊ ရီ ထင်တာက ကျောင်းပြီးရင် ကိုဇော်က ရီ့ကို လာတောင်းမှာဘဲလို့၊ အဲဒီတော့မှ ရီက ကိုဇော့်ကို လက်ခံမယ်လို့ စဉ်းစားထားတာ၊ ဒါပေမဲ့ ရီ ထင်တာတွေ လွဲကုန်တယ်”

“အဲဒါတော့ ဟုတ်တယ်၊ ကိုလည်း ကျောင်းပြီးတာနဲ့ ရီကို သွားတောင်းပေးဖို့ အမေတို့ကို ပြောထားပြီးသား၊ ဒါပေမဲ့ ရီက ချက်ခြင်းကြီး လက်ထပ်သွားတာ၊ ကိုယ်လည်း ရီတို့ မင်္ဂလာဆောင် ဖိတ်စာကမ်းမှ သိတယ်၊ သိတာနဲ့ ကိုယ်သူငယ်ချင်းတွေနဲ့ တိုင်ပင်သေးတယ်၊ ဘာလုပ်ရမလဲလို့၊ လူကလည်း ထူပူနေတာ၊ သတ္တိကလည်း မရှိ၊ ဘာလုပ်ရမှန်းလဲ မသိ”

ရီက ကျနော့်ကို နားလည်သလို လှမ်းကြည့်သည်။ ကျနော်ဆုပ်ထားတဲ့ လက်ကို ရီကလည်း တင်းတင်းလေး ပြန်ဆုပ်လိုက်တာ သတိထားမိလိုက်သည်။

“သူငယ်ချင်းတွေက ပြောတယ်၊ မင်းတို့ဟာက ရည်းစားလဲ မဟုတ်၊ ဟိုက မင်းကို လက်မခံချင်လို့ ရှောင်ပြေးနေတဲ့ဟာ၊ ဘာလုပ်ရမှာလဲ၊ ဘာမှလုပ်မရဘူး ဘာညာနဲ့ ဝိုင်းပြောကြတော့ ကိုယ်လည်း”

“မဟုတ်ဘူး ကိုဇော် မဟုတ်ဘူး၊ ဒီကိစ္စ ရီလက်ခံတာ မဟုတ်ဘူး၊ ရီ အဲ့ဒါကို ရှင်းပြချင်တာ၊ ရှင်းပြချင်နေတာ ကြာပြီ”

“ဖြစ်ပြီးမှ ရှင်းပြလည်း ကိုယ်တို့ ဘာမှမှ လုပ်လို့မရတော့တဲ့ဟာ ရီရယ်”

“ဒါကို ရီလည်း သိပါတယ်၊ ဘာမှလုပ်မရတော့ပေမဲ့ ရီက ကိုဇော့်ကို အမှန်ကို ပေးသိချင်တာ၊ ကိုဇော် ရီ့ကို စိတ်နာသွားမှာ ကြောက်နေတာ၊ အခု ပြန်တွေ့တော့ ကိုဇော်လာနှုတ်ဆက်တာ ရီ အရမ်းပျော်သွားတာ သိလား”

“ရီရာ၊ ကိုယ်တစ်ခါမှ ရီ့ကို စိတ်မနာခဲ့ဖူးပါဘူး၊ ရီ လက်ထပ်သွားတာတောင် ကိုယ့်စိတ်ထဲမှာ ကိုယ့်ကို မချစ်လို့ ထားသွားတယ်ဘဲ မှတ်တာပါ၊ စိတ်တစ်ခါမှ မနာခဲ့ပါဘူး၊ ရီ့ကို စိတ်ထဲ အမြဲသတိရနေတာ၊ ရှင်းရှင်းပြောရင် ရီ့ကို အခုထိ ချစ်နေတာ သိလား”

“ဟော့တော့်”

“ဟုတ်တယ်ရီ၊ အခု ရီနဲ့ပြန်ဆုံလို့ ပြောတာမဟုတ်ဘူး၊ ကိုယ့်ရင်ထဲမှာ ရီက အမြဲရှိနေတာ၊ အခု ဆရာကန်တော့ပွဲမှာတောင် ရောက်ရောက်ချင်း ရီ့ကိုဘဲ အရင်ရှာတာ၊ ရီလာလား၊ မလာလားလဲ မသိဘူးလေ”

“အမယ်၊ ရီလည်း ကိုဇော့် ကိုရှာပါတယ်၊ ဒါပေမဲ့ ရီက ကိုဇော်လာမယ်လို့ မထင်ထားတာ”

“ဟုတ်တယ်၊ ကိုလည်း ကိုယ့်ကိုယ်ကို လာဖြစ်မယ် မထင်ထားတာ၊ နောက်မှ ဗြုန်းစားကြီး သွားမယ်ဟာ ဆိုပြီး ကောက်ထွက်လာတာ၊ ဘယ်သူငယ်ချင်းမှ မသိဘူး၊ ဒီရောက်မှ အကုန်အံ့သြကုန်တာ”

“ကဲ ကိုဇော် ရီ့လက်ကိုလွှတ်ပြီး ကားကို သေချာကြည့်မောင်းပါဦး၊ တော်ကြာ ကျိုက္ခမီ မရောက်ဘဲ နေဦးမယ်၊ ကိုဇော်က ကားသာမောင်းနေတယ် လမ်းကို ကြည့်တာနဲနဲ၊ ရီ့ကို ကြည့်နေတာ များများ”

ရီပြောတာလည်း ဟုတ်နေတာမို့ ရီ့လက်ကို တစ်ချက် ခပ်တင်းတင်းလေး ညှစ်လိုက်ပြီးမှ လွှတ်ကာ ကားကို အာရုံစိုက် ပြန်မောင်းလိုက်သည်။ ကျနော့်စိတ်ထဲမှာတော့ ရီ့ကို အခုထိ ချစ်နေကြောင်း ဖွင့်ပြောလိုက်ရလို့ ကျေနပ်သွားသည်။ ပြီးတော့ စကားလမ်းကြောင်းပြောင်းကာ ဟိုတစ်စ ဒီတစ်စ အမှတ်တရလေးတွေ ပြောမိကြသည်။ ကားကို မောင်းလာရင်း မုဒုံအဝင်ကြတော့

“မုဒုံကန်ကြီး ဝင်မလား၊ ကိုယ်တို့တုန်းကတော့ အဲဒီက လဘက်သုတ် တော်တော်ကောင်းတယ်၊ အခု ဝင်ကြည့်မလား”

“အင်း ကောင်းသားဘဲ၊ အခု စောသေးတာဘဲ၊ လမ်းလည်းကြုံတယ်”

“အရင်တုန်းကတော့ မုဒုံမှာ ရေတံခွန်လေး တစ်ခုရှိသေးတယ်၊ ရီ မှတ်မိလား၊ အခု ရှိသေးလား မသိဘူး”

“အင်း ဂျုံးဂျုံးကျ ရေတံခွန်လေ၊ ရှိဦးမယ်ထင်တယ်၊ ကိုဇော် သွားချင်လို့လား”

“ဟင်အင်း၊ သတိရလို့ မေးကြည့်တာ၊ မသွားတော့ပါဘူး၊ ကန်ကြီးဘဲ ခဏဝင်တာပေါ့”

ကန်ကြီးရောက်တော့ ကားကို ကားရပ်တဲ့ နေရာမှာ ရပ်ပြီး ကန်ကြီးစေတီကို အရင်ကန်တော့ကာ ရေကန်ကြီးရှိရာသို့ ဆင်းလာခဲ့သည်။ ဘေးပတ်ဝန်းကျင်ကို ကြည့်ကာ အရင်ကနဲ့မတူ ပြောင်းလဲသွားတာတွေ ပြောရင်း အရင်လို ကန်ကြီးနားက စားသောက်တန်းကို တွေ့တော့

“လာ လက်ဘက်သုတ် စားကြည့်ဦးမယ်၊ အရင်လိုကောင်းသေးလားလို့”

ဟု ရီ့ကို ပြောကာ စားသောက်တန်းဘက် ဆင်းလာလိုက်သည်။ ဆိုင်တွေကို ဟိုဟိုဒီဒီ ကြည့်ရင်း သန့်ရှင်းသပ်ရပ်တဲ့ အသုပ်ဆိုင်တစ်ခုထဲ ဝင်ထိုင်လိုက်တော့ စားပွဲထိုး ချာတိတ်မလေး တစ်ယောက်က ကမန်းကတမ်း ရေနွေးကြမ်းအိုးနဲ့ ခွက်တွေ ကိုင်ပြီး ပြေးလာသည်။ ရီက ဘာတွေရလဲ ဟုမေးတော့ လဘက်သုပ်၊ ဂျင်းသုပ်၊ ခရမ်းချဉ်သီးသုပ် အစရှိတဲ့ အသုပ်ပေါင်းစုံ အမည်ကို ရွတ်ပြသည်။

“ကိုဇော်က လဘက်သုပ် စားချင်တာ မို့လား”

ဟု ကျနော့်ကို လှမ်းမေးတော့ ကျနော်က

“အင်း လူကြီးသုပ်လေ လဘက်နဲ့ အကြော်နဲ့ဘဲ သိလား”

ဟုပြောလိုက်တော့ အင်း ဆိုပြီး လဘက်လူကြီးသုပ်တစ်ပွဲ၊ ခရမ်းချဉ်သီးသုပ် တစ်ပွဲ လုပ်ဟု ရီက လှမ်းမှာကာ ရေနွေးကရားအိုးထဲက ရေနဲ့ ခွက်ကို ရေကျင်းပြီး ရေနွေးပူပူ ထည့်ပေးသည်။ ကျနော်က စားပွဲမှာ ထိုင်ကတည်းက ရီ့ကိုဘဲ ကြည့်နေမိတော့ ရီက ကျနော့်ကို

“ကိုဇော်နော် ဘာကြည့်နေတာလဲ”

“အော်၊ ဘာမှမဟုတ်ပါဘူး၊ ကိုယ့်မျက်စိထဲမှာ ရီက ကြည့်လို့ အရမ်းကောင်းနေလို့”

“ရီလည်း အဖွားကြီး ဖြစ်နေပါပြီနော်”

“အသက်ကြီးပေမဲ့ မပျက်စီးသေးပါဘူးလေ”

“ဘာပြောတယ် ကိုဇော်နော်၊ စကားကိုက”

“မဟုတ်ဘူးလေ၊ ကိုယ်ဆိုလိုတာက အသက်သာကြီးတယ် ရီက သူများတွေလို တကယ့်ကို အသက်ကြီး သွားတယ်လို့ မထင်ရဘူးလို့ ပြောတာပါ၊ မနေ့က ကျောင်းမှာ မတွေ့ဘူးလား၊ တော်တော်များများက ဘယ်လောက်ဘဲ လှနေအောင် ပြင်ထား ပြင်ထား အသက်ကြီးတာက သိသာနေတယ်၊ အခု ရီ့ကိုကြည့်ရတာ ဟိုးအရင် နှစ် ၃၀ လောက်က အတိုင်းဘဲ၊ အဝတ်အစား ဝတ်တာကအစ၊ အရင်လိုဘဲ ရိုးရိုးလေးနဲ့ လှနေအောင် ဝတ်တတ်တယ်၊ အသက်ကြီးသွားတယ်လို့ကို မထင်ရဘူး”

“ကိုဇော်နော် သွား၊ ဒါ တမင်သက်သက် မြှောက်နေတာ၊ မသိဘူးများ မှတ်နေလား”

“ဟဲ ဟဲ ဟဲ ဟဲ မဟုတ်ပါဘူးရီရ၊ ကိုယ်က အဲလိုဘဲ တကယ်မြင်လို့ ပြောတာ”

ဒီတော့ ရီလည်း ပြုံးကာ ကျနော့်ကို သေချာပြန်ကြည့်ရင်း

“ကိုဇော်ရော ဘာထူးလဲ၊ တီရှပ်နဲ့ ဂျင်းပင်နဲ့၊ သူ့ကိုယ်သူ လူငယ်လေး ကျနေတာဘဲ၊ ပြီးတော့ ဒီကလူတွေလို ကိုဇော်က ဗိုက်ကရွှဲမနေတော့ လူငယ်စတိုင် ပိုပေါက်တာပေါ့၊ နောက်ပြီး ကိုဇော်က အရင်ကထက်တောင် အခု ပုံစံက ပိုခန့်လာတယ်၊ နည်းနည်း ပိုပြည့်လာလို့လား မသိဘူး”

“ဟဲ ဟဲ ဟဲ ဟဲ ရီကလည်း၊ မြှောက်စရာ မရှိ အချင်းချင်းဘဲ ပြန်မြှောက်နေ၊ ဒါပေမဲ့ ရီ့ကို အခုလို ဆက်ဆံနေတာ ရီ အရင်လို ချောနေ၊ လှနေသေးလို့ တော့ မဟုတ်ဘူးနော်၊ ရီ အဖွားကြီးပုံစံ ဖြစ်နေလည်း ကိုယ်ကတော့ ဒီအတိုင်းဘဲ ဆက်ဆံမှာဘဲ၊ အဲဒါက တကယ်ပြောတာ၊ ကိုယ့်ရင်ထဲမှာ ရီက ဘယ်တော့မှ ပြောင်းလဲသွားမှာတော့ မဟုတ်ဘူး”

“အမယ်၊ ရီလည်း အတူတူပါဘဲနော်၊ ကိုဇော်က ထိပ်ကြီးပြောင်ပြီး ဗိုက်ကြီးရွှဲနေလဲ ရီ့စိတ်ထဲမှာ ကိုဇော်က ကိုဇော်ပါဘဲ”

တစ်ယောက်ကို တစ်ယောက်မြှောက်ကာ သဘောကျနေတုန်း မှာထားတဲ့ အသုပ်လာချပေးတာနဲ့ အစားဘက် စကားလမ်းကြောင်းရောက်သွားပြီး အသုပ်တစ်ဇွန်းစီ စားလိုက်၊ ရေနွေးကြမ်းသောက်လိုက်၊ အသုပ်အကြောင်း ပြောလိုက်နဲ့ စောစောက စကားခဏ ပြတ်သွားသည်၊

………………………………………………………….

မုဒုံမှ ထွက်ပြီး ကျိုက္ခမီ လမ်းမပေါ်ရောက်တော့ ရီ့ကို စကားပြန်စလိုက်သည်၊

“ရီ”

ရီက ထူးသည့် သဘောနှင့် ကျနော့်ကို လှမ်းကြည့်တော့

“ကိုယ် ရီ့ကို အပြောချင်ဆုံး စကားရှိတယ် သိလား”

ရီက သိသည့် သဘောနှင့် ရှက်ကိုးရှက်ကမ်း ပြုံးကာ ဟိုဘက်လှည့်သွားသည်။

“ကိုယ် ကျောင်းတုန်းကဆို ရီ့ကို ပြောချင်တာတွေ ဆို စာရေးစက္ကူ စာရွက်လှလှလေးထဲ ရေး၊ စာအိပ်လှလှလေးထဲ ထည့်ပြီး လွယ်အိပ်ထဲ ဆောင်ထားတာ၊ ရီ့ကိုပေးမယ်ပေါ့၊ တကယ်တန်းကြ မပေးရဲလို့ မပေးဖြစ်ဘူး၊ နောက် ရီ့ကို မပေးဖြစ်ဘဲ ကြာလို့ စာအိပ်က နည်းနည်းဟောင်းသွားရင် အသစ်တစ်စောင် ထပ်ရေး၊ စာအိပ်အသစ်ထဲ ထပ်ထည့်နဲ့ နောက်ဆုံး ရီလက်ထပ်သွားတော့ ကိုယ့်မှာ စုစုပေါင်း ဘယ်နှစ်စောင် ကျန်လဲသိလား”

ရီက ကျနော့်ဘက် ပြန်လှည့်ကာ ဟုတ်လို့လား သဘောနှင့် ကြည့်တော့ ကျနော်က စကားကို ဆက်လိုက်သည်၊

“မှတ်မှတ်ရရ ၂၄ စောင်ရှိတယ်၊ အရင်ကတော့ မပေးဖြစ်ပေမဲ့လည်း ရီနဲ့ လက်ထပ်ရင် ရီ့ကို ဘယ်လောက်ချစ်ကြောင်းပြမယ် ဆိုပြီး သိမ်းထားတာ၊ ရီက လက်ထပ်လိုက်တော့”

ကျနော်က စကားကို မဆက်ဘဲ ရပ်လိုက်တော့ ရီက မေးတယ်။

“ကိုဇော့်မှာ အဲဒီစာတွေ အခုထိ ရှိသေးလား”

“ဟင်အင်း၊ မရှိတော့ဘူး”

“ဘာလဲ၊ မီးရှို့လိုက်တာလား”

“ဟင်အင်း၊ ရီ လက်ထပ်လိုက်တဲ့နေ့မှာ ကို အဲဒီစာတွေကို သေတ္တာသေးသေးလေးထဲ ထည့်၊ ပြီးတော့ ကျောက်စရစ်ခဲတွေ အပြည့်ထည့်ပြီး သော့ခတ်လို့ သံလွင်မြစ် ဘောတံတားကနေ ရေထဲ ပစ်ချလိုက်တာ”

“ရီ တကယ်ဖတ်ချင်လိုက်တာ”

“အခုချိန် ရီ ဖတ်ရင် ရယ်စရာကြီး ဖြစ်နေမယ် ထင်တယ်၊ အဲဒီတုန်းက ရေးထားတာ ရီ့ကိုမှ မရရင် သေတော့မဲ့ အတိုင်း၊ ဟား ဟား ဟား ဟား၊ တကယ်တန်းကြ မသေဘဲ အခုထိ ကျန်းကျန်းမာမာကြီး၊ ဒါပေမဲ့ ရီရာ အဲဒီတုန်းက ကိုယ် ဘယ်လောက်ခံစားလိုက်ရလဲဆိုတာ ကိုယ်ဘဲသိတယ်”

ကျနော်က အရွှန်းဖောက်ကာ ရယ်ရင်း ပြောပေမဲ့ ရယ်သံက အသက်မပါမှန်း သိသာနေသည်။ ရီက လိုက်မရယ်။ မရယ်သည့်အပြင် ကျနော့် ခံစားချက်ကို နားလည်သလို ရီကလည်း သူ့ခံစားချက်ကို ပြောပြသည်။

“ရီ သိပါတယ်၊ ရီလည်း ကိုဇော့်လိုဘဲ ခံစားရပါတယ်၊ နောက်ပြီး အဲဒီတုန်းက ရီ လက်မထပ်ရင် မဖြစ်လို့ လက်ထပ်လိုက်ရတာ၊ အဲဒီအကြောင်းကို ရီ ကိုဇော့်ကို အရမ်းရှင်းပြချင်တာ၊ ရီ့ သူငယ်ချင်း မိသန်းနဲ့တောင် တိုင်ပင်သေးတယ်၊ ကိုဇော့်ကို အကြောင်းရင်း ပြောပြရင် ကောင်းမယ်လို့၊ မိသန်းက ဘာပြောလဲ သိလား”

ကျနော်က ကားမောင်းရင်း ရီ့ဘက်လှည့်ကြည့်လိုက်တော့ ရီက စကားဆက်သည်။

“နင်တို့ကလည်း ချစ်သူတွေလည်း မဟုတ်၊ ဟိုက နင့်ကို လိုက်သာလိုက်နေတာ ဘာမှလည်း လာပြောတာ မဟုတ်၊ ကိုယ်က သွားရှင်းပြရင် သိက္ခာတောင် ကျသေးတယ်၊ ပြီးတော့ နင်က အဲဒီလူကိုဘဲ ယူမှ ဖြစ်မှာ၊ နင့် အဖြစ်ကို ကိုဇော်လည်း လာကယ်နိုင်တာ မဟုတ်ဘူး၊ ဘာမှ မရှင်းပြနဲ့ ဒီအတိုင်းထားလိုက်၊ ဆိုပြီး အတင်းပြောတာနဲ့ ရီလည်း ဒီအတိုင်းဘဲ နေလိုက်တာ၊ ဒါပေမဲ့ ရီ့စိတ်ထဲမှာ တကယ်ဘဲ ကိုဇော်ကို ရှင်းပြချင်နေတာ၊ ရီလည်း အဲဒီတုန်းက တော်တော်လေး ခံစားလိုက်ရတယ် ဆိုတာ ရီ့ဖာသာရီဘဲ သိတယ်”

ရီက ပြောရင်း အသံတိုးကာ တိမ်ဝင်သွားသည်။ ရီပြောမှ ကျနော်လည်း ရီ့အဖြစ်ကို နားလည်သွားသည်။ ခံစားချက် ကိုယ်စီကို ရင်ဖွင့်နေတုန်း ရီ့ဖုန်းက အသံမြည်လာသည်။ ဖုန်းလာတော့ ရီက ဖုန်းကို ကြည့်ရင်း ချောင်းတစ်ချက်ဟန့်ကာ ခံစားချက်ကို ထိမ်းရင်း

“မိသန်းဆီကဖုန်း၊ ကိုဇော် ခဏနော်”

ဆိုပြီး စပီကာဖွင့်ကာ ထူးလိုက်သည်။

“ဟဲလို”

“ဟဲလို၊ ရီလား၊ နင်အားပြီလား၊ ငါ လာခေါ်ရတော့မလား”

မိသန်း မေးတဲ့ စကားကြောင့် ရီက ကျနော့်ကို ဘာပြောလိုက်ရမလဲဟု သဘောမျိုးနှင့် လှမ်းကြည့်ကာ ပါးစပ်ကို လှုပ်ရုံ အသံမထွက်ဘဲ မေးသည်။ ကျနော်က သဘောဟု ပါးစပ်လှုပ်ရုံ အသံမထွက်ဘဲ ပြန်ပြောလိုက်သည်။

“ဆောရီး မိသန်း၊ ငါ ဈေးမပတ်ဖြစ်တော့ဘူး၊ မအားတော့လို့”

“ဘာလဲ၊ နင့် ကိုဇော်က မပေးပြန်တော့ဘူးလား၊ အခု နင် ဘယ်မှာလဲ၊ ငါ့ကို မှန်မှန်ပြော”

“မဟုတ်ပါဘူးဟာ၊ ငါတို့ ကျိုက္ခမီ ဘုရားဖူး ထွက်လာတာ၊ အခု လမ်းမှာ၊ မုဒုံကတောင် ထွက်လာပြီ”

“နင်တို့ နှစ်ယောက်ထဲလား”

“အင်း၊ မနက်စာ စားရင်းနဲ့ စကားစပ်မိပြီး မရောက်တာကြာလို့ သွားဖြစ်တာ”

“အေးပါ၊ အေးပါ၊ ငါ့ကိုတောင် ခေါ်ဖို့ သတိမရဘူး မို့လား၊ သွား သွား နင်တို့ဘဲ သွား၊ ဒါဆိုလည်း မနက်ဖြန်မှ ဈေးပတ်တော့မယ်၊ နင်ပြန်လာမှ”

“ငါက မနက်ဖြန် ကားတက်ချိန်မှ ပြန်ရောက်တော့မှာ၊ အခန်းတောင် အပ်ခဲ့ပြီ”

“ဘုရားရေ၊ နင်တို့က ကျိုက္ခမီအပြင် ဘယ်များ သွားဦးမလို့လဲ”

“ကျိုက္ခမီပါဘဲ၊ ပြီးတော့ စက်စဲမှာ တစ်ညအိပ်မလို့၊ မနက်ဖြန်မှ ပြန်လာမယ်”

“ငါထင်တယ်၊ ငါထင်တယ်၊ မနေ့ထဲက နင်တို့ နှစ်ယောက်ကို ကြည့်ရတာ၊ ဝေဒနာဟောင်းတွေ ပြန်ထနေတာ ငါသိတယ်နော်”

“နင်ကလဲ၊ နင်ထင်သလို မဟုတ်ပါဘူးဟ၊ အခုဟာက သူငယ်ချင်း ဘုရားဖူးထွက်တာ၊ နင်တို့ အဲလို နောက်လို့ မခေါ်ချင်တာ သိလား”

“မိရီနော် လူကြားကောင်းအောင် ငါ့ကို လာမပြောနဲ့၊ ငါမသိဘူး မှတ်နေလား၊ နင့်ဖာသာ ရိုးရိုးဘဲသွားသွား၊ ဆန်းဆန်းဘဲ သွားသွား၊ နှစ်ယောက်ထဲ သွားတာ တခြားသူတွေသိရင် မကောင်းဘူး၊ တိုးတိုးတိတ်တိတ်သွား”

“အင်းပါ၊ ဘယ်သူမှ မသိပါဘူး၊ နင့်ကိုဘဲ ပြောပြတာပါ၊ ငါပြန်လာရင် နင့်အတွက် ကျောက်ပွင့် ကောင်းကောင်း ဝယ်လာပေးမယ်”

“အေးပါဟာ၊ ငါနားလည်ပါတယ်၊ အခုဆုံတုန်း နင်ပြောချင်တဲ့ စကားတွေလည်း တစ်ခါထဲ အကုန်ပြောခဲ့၊ အလွမ်းလည်း တစ်ခါထဲ အပြီးသယ်ခဲ့၊ ပြီးတော့ မနက်ဖြန် နင်မပြန်ခင် ကျောက်ပွင့်လည်း ငါ့ဆီ ဝင်ပေးဖို့ မမေ့နဲ့”

“အေးပါ၊ အေးပါ၊ လာပေးမယ်၊ စိတ်ချ၊ ဒါဘဲနော်”

“အေး၊ အေး ဒါဘဲ”

ဖုန်းချသွားပြီးတော့ ရီက ကျနော့်ကို

“တွေ့လား၊ ဒါကြောင့် သူတို့ကို မခေါ်ချင်တာ၊ စဖို့ဘဲ သိတယ်”

“အင်းလေ၊ ကိုယ်တို့ကလည်း စချင်စရာ ဖြစ်နေတာကိုး၊ အော်… ရီ၊ စောစောက စကားစတောင် ပြတ်သွားတယ်”

“ဘာများလဲ”

“ရီ့ကို ကိုယ်ချစ်တယ်ဆိုတာ အခု ထပ်ပြောမလို့ဟာ”

“အာ ကိုဇော်ကလဲ”

“ဟုတ်တယ် ရီ၊ ကိုယ်လည်း သိပ်ပြီး မစောင့်ထိန်းချင်တော့ဘူး၊ ကိုယ်တို့နှစ်ယောက်က အရင်ကတည်းက တစ်ယောက်ကို တစ်ယောက် ချစ်နေခဲ့ကြတယ်ဆိုတာ အခုသိပြီဘဲ၊ အကြောင်းကြောင်းကြောင့်သာ မပေါင်းရတာ၊ ကိုယ်တော့ လက်ရှိဘဝကို မေ့ထားပြီး အခု ခရီးလေးမှာ ရီနဲ့ ကိုယ် ချစ်သူတွေလိုဘဲ နေချင်တယ်”

……………………………………………………….

ရီက ကျနော့်စကားကြောင့် ကျနော့်ကို မျက်စောင်းထိုးသလို မျက်စိကို စွေကြည့်ရင်း ခပ်ထေ့ထေ့ပြောသည်။

“အခု ခရီးလေးတစ်ခုဘဲလား၊ ကိုဇော်က ဒီကပြန်ရင် ရီ့ကို မေ့လိုက်တော့မယ်ပေါ့၊ ဟုတ်လား”

ရီပြောမှ ကျနော့် စကားကို ရီ ဘယ်လို အဓိပ္ပာယ် ပေါက်သွားလဲဆိုတာ သတိထားမိလိုက်ပြီး

“အာ မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကိုပြောတာ အဲလိုမဟုတ်ဘူး၊ မေ့လို့ရမလား ရီရာ၊ ချစ်သူလို ပွင့်ပွင့်လင်းလင်း မတော်ရသေးတဲ့ အချိန်ကတောင် မေ့လို့မရခဲ့တာ၊ ချစ်သူလို့ ဖြစ်လာမှတော့ မေ့လို့ရမလား၊ ရီကလည်းကွာ၊ ကိုယ်ဘာကို ဆိုလိုတယ်ဆိုတာ သိသိကြီးနဲ့”

“မသိပါဘူး”

“ကဲ မသိရင်”

ကျနော်က ကားကို လမ်းဘေးထိုးရပ်လိုက်ပြီး စက်ပါသပ်လိုက်သည်။ နောက် ရီ့ဘက်လှည့်ကာ လက်ကို လှမ်းဆွဲလို့ ကျနော့်ဘက် ကိုင်းကျလာတဲ့ ရီ့ကိုယ်ကို ဖက်လိုက်သည်။

“အို့ အို့ ကိုဇော် ကိုဇော်”

“ရီ့ကို ကိုယ်ချစ်တယ်၊ အရမ်းချစ်တယ်၊ အရင်ကလည်း ချစ်တယ်၊ အခုလည်း ချစ်တယ်၊ နောက်လည်း ချစ်တယ်၊ ဘာဖြစ်ဖြစ် ချစ်တယ်၊ ချစ်တယ်၊ ချစ်တယ်၊ အမြဲတမ်း ချစ်တယ်၊ ကဲ သိပလား”

“အဲ့ အဲ့ တော်ပြီ တော်ပြီ၊ လွှတ်၊ လွှတ်၊ ဘာမှန်းလဲ မသိဘူး၊ ကလေးကလားနဲ့၊ မရှက်ဘူးလား”

ရီက ရှက်ကိုးရှက်ကမ်းနှင့် ကျနော်ဖက်ထားတာကို မလွတ်အောင်ရုန်းရင်း ပြောသည်၊ ကျနော်က မလွှတ်ဘဲ အတင်းထပ်ဖက်လိုက်ရင်း

“မရှက်ပါဘူး၊ ချစ်တာ ရှက်စရာမှ မဟုတ်တာ၊ ကိုယ်က အခုမှ ရီ့ကိုချစ်တယ်လို့ ပြောရဲတာ၊ ကိုယ်လည်း ရီ့ဆီက ချစ်တယ်ဆိုတဲ့စကား ကြားချင်တယ်၊ ကိုယ့်ကို ချစ်တယ်လို့ ပြောပါဦး”

“အာကွာ ကိုဇော်ကလဲ”

“မအာကွာနဲ့ကွာ၊ ပြောပါ၊ ကိုယ်လည်း ကြားချင်တာပေါ့၊ မပြောရင် ဖက်နမ်းမှာနော်”

ပြောရင်း ရီ့ခေါင်းက ဆံပင်ကို နမ်းလိုက်သည်။ ကျနော့် အနမ်းကြောင့် ရီ ကမန်းကတမ်းပြောသည်။ ရီ လည်း အခုမှ အပျိုပေါက်စလေးလို အရှက်ပိုနေတာလား မပြောတတ်။

“အို့ အိုး ချစ်တယ် ချစ်တယ်၊ တော်ပြီ တော်ပြီ၊ လွှတ်တော့ လွှတ်တော့”

“အမလေး ဒီစကား ကြားချင်နေတာ၊ ဝမ်းသာလိုက်တာ ရီရာ၊ ကိုယ်လည်း ရီ့ကို အရမ်းချစ်တယ်”

ပြောရင်း ရီ့ကို အားရပါးရဖက်ကာ ပါးကို အကြာကြီး ကပ်နမ်းလိုက်သည်။

“အိုး . . . ကိုဇော်”

ပြီးမှ ရီ့ကိုယ်ကို လွှတ်ပေးလိုက်ပြီး

“အရမ်းပျော်တာဘဲ ရီရာ၊ ကိုယ်တစ်သက်မှာ အပျော်ဆုံးဘဲ၊ ဒီဘဝမျိုး တစ်သက်လုံး မရတော့ဘူး ထင်ထားတာ”

ဝမ်းသာလုံးဆို့နေတဲ့ ကျနော့်မျက်နှာပေါ်မှ အပြုံးက ဘယ်လိုမှ ဖုံးဖိမရ။ ရီလည်း ပျော်နေသလို အပြုံးက ကျနော့်နှင့် အပြိုင်၊ ကျနော့်ကို မျက်စောင်းထိုးရင်း

“ပြောလည်း နမ်းခံထိတာဘဲ၊ ဒီလိုမှန်းသိ မပြောပါဘူး”

“မပြောရင် ပိုနမ်းမှာပေ့ါ”

“ကိုဇော်နော် အခုမှ တော်တော်ကဲနေ၊ ကဲပါ၊ မောင်းပါ”

ရီ့စကားကြောင့် ကားကို စက်နှိုးကာ မောင်းထွက်ခဲ့သည်။ မထင်မှတ်ထားဘဲ အချိန်တိုလေး အတွင်းမှာ အရင်က အုံ့ပုန်းထိမ်းထားသမျှ ပေါက်ကွဲကုန်သည်။ အခုမှ စိတ်လွတ်ကိုယ်လွတ် ဟိုတစ ဒီတစ ခေါင်းထဲရောက်လာသည့် အရင်တုန်းက အဖြစ်တွေကို ပြန်ပြောရင်း တစ်ယောက်နှင့် တစ်ယောက် ပိုနားလည်လာသလို တစ်ယောက်အကြောင်း တစ်ယောက် ပိုသိလာသည်။

…………………………………………………….

ကျိုက္ခမီရောက်တော့ ဘုရားမဖူးခင် မနက်စာ စားကြသည့် အခါလည်း တစ်ယောက်အကြိုက် တစ်ယောက်လိုက်ကာ ချစ်စ ခင်စ ကြင်နာစ လင်မယားလို တစ်ယောက်နှင့် တစ်ယောက် အပြိုင်အဆိုင် အကြင်နာပိုနေကြမိသလို၊ ဘုရားဆီသွားသည့် စင်္ကြန်လမ်း တလျှောက်မှာလည်း တစ်ယောက်လက် တစ်ယောက်တွဲကာ အပြုံးကိုယ်စီနှင့်၊ အရင်က တစ်ယောက်နှင့် တစ်ယောက် အုံ့ပုန်းချစ်ခဲ့သမျှ အခုမှ အားလုံးကို မေ့ကာ ပွင့်ပွင့်လင်းလင်း ချစ်မိကြတော့သည်။

“ရီ”

လက်ဆောင်ပေးဖို့ရော၊ အိမ်အတွက်ရော ဒေသထွက်ပစ္စည်းတွေ လက်မအားအောင် ဆွဲထားရင်းပင် ရီ့ကို ပုခုံးချင်းထိရုံ တိုက်လိုက်ပြီး ခပ်တိုးတိုး လှမ်းခေါ်လိုက်တော့ ရီက

“အင်၊ ဘာထပ်ဝယ်ဦးမလို့လဲ”

“မဝယ်ပါဘူး၊ ဟို သီချင်းကို သတိရလို့၊ ဘာလဲ၊ စက်စဲရောက်ရင် ရေကူးမယ် ဆိုလား”

“ခစ် ခစ် ခစ် ခစ် ကိုဇော်နော်၊ ရီက ရေမကူးတတ်ဘူး”

“စက်စဲမှာ ရေကူးတတ်စရာမှ မလိုတာ၊ ကားတာယာကျွတ်လို လေဘော်လုံးကြီး ငှားပြီး လှိုင်းစီး၊ ပျော်စရာကြီး၊ ရီ ငယ်ငယ်က မစီးဖူးဘူးလား”

“အင်း၊ စီးတော့ စီးဖူးတယ်၊ အခု ရီ့မှာ ရေကူးဝတ်စုံလည်း မရှိဘူး”

“မလိုပါဘူး၊ ဒီအတိုင်းဘဲ ထမီနဲ့ အင်္ကျီနဲ့ ကူးလို့ရတာဘဲ၊ ကိုယ်က ရီနဲ့အတူ ရေကူးဦးမယ်”

“အင်းပါ၊ အင်းပါ”

စက်စဲရောက်တော့ ကမ်းစပ်ကို မျက်နှာမူထားသည့် ဘန်ဂလိုဆောင်လေး တစ်ခု ငှားလို့ရသည်မို့ ပိုအဆင်ပြေသွားသည်။ ရီက ကျနော်နှင့် တစ်ခန်းထဲနေရမှာ ရှက်နေသေးသည်။ အတူသွားငှားတုန်းကတော့ ဘာမှမပြောဘဲ အခန်းသော့ယူကာ အခန်းဆီလာတော့မှ ရီက ကျနော့ကို တိုးတိုး တိုးတိုး နှင့်

“ကိုဇော်ကလည်းကွာ ၂ ခန်းယူလည်း ရရဲ့သားနဲ့ဟာကို”

“ရီကလည်းကွာ တစ်ခန်းထဲနေလည်း ရနေတာဘဲ၊ သူစိမ်းတွေမှ မဟုတ်တာ”

“သူစိမ်းမဟုတ်လို့ပေါ့၊ ချစ်သူတွေ တစ်ခန်းထဲနေတော့ ကောင်းမလား”

“ပိုတောင်ကောင်းသေး၊ ရီ ကိုယ့်ကို ယုံတယ်မို့လား”

“အိုး ဘာဆိုင်လို့လဲ၊ ယုံတာနဲ့ တစ်ခန်းထဲနေတာနဲ့”

“ယုံတော့ တစ်ခန်းထဲနေလည်း ကောင်းတာပေါ့”

တိုးတိုး တိုးတိုး နှင့် ပြောရင်း အခန်းရှေ့ရောက်တော့ လက်ထဲက သော့နှင့် အခန်းတံခါးကို ဖွင့်လိုက်သည်။

“အဲ့တော့ ကုတင်ကလည်း တစ်လုံးထဲ”

“တစ်လုံးထဲပေမဲ့ အကျယ်ကြီးပါ ရီကလဲ၊ ရီက ဘာတွေ တွေးကြောက်နေတာလဲ၊ မပြုတ်ကျပါဘူး”

“ကိုဇော်နော်”

အခန်းတံခါးကို လှမ်းပိတ်လိုက်ပြီး ရီ့ကို မျက်နှာချင်းဆိုင် ဆွဲဖက်လိုက်သည်။

“အို့”

“ချစ်တယ်ရီရာ”

“ကိုဇော်နော်၊ အဲဒါတွေပေါ့ ကြောက်တာ”

“ရီကလည်းကွာ ချစ်သူတွေဘဲ ဒီလောက်တော့ ရှိမှာပေါ့၊ ဘာမှကြောက်စရာ မရှိဘူး၊ ကိုယ်တို့က လူပျိုပေါက်၊ အပျိုပေါက်လေးတွေမှ မဟုတ်တာ၊ ပြီးတော့ ဟိုးအရင်ထဲက တစ်ယောက်နဲ့ တစ်ယောက် ချစ်နေတဲ့သူတွေ”

ပြောရင်း ခါးကို လက်တစ်ဖက်နှင့် တင်းတင်းဆွဲဖက်ကာ လက်တစ်ဖက်က ရီ့မေးစေ့ကို ကိုင်ကာ မော့လိုက်ပြီး နဖူးကို နမ်းလိုက်သည်။

“အရမ်းတော့ မကဲနဲ့ ကိုဇော်ရာ၊ အခုမှ ရီ ကြောက်လာပြီ”

“အင်းပါ၊ ကိုယ့်ကိုယုံ၊ ဟုတ်ပြီလား”

အနမ်းက နဖူးမှ ပါးပြင်သို့၊ နောက် ရီ့နှုတ်ခမ်းကို ကျနော့်နှုတ်ခမ်းနှင့် ထိရုံနမ်းလိုက်ပြီ ချစ်တယ်ရီရာ အရမ်းချစ်တယ်လို့ ပြောရင်း နှုတ်ခမ်းကို ဖွဖွလေး ငုံလိုက်သည်။ ခဏလေးကြာတော့ ရီက ကျနော့်ကျောကို ပြန်ဖက်လာသည်။ ခပ်ကြာကြာလေး နမ်းပြီးမှ ရီ့ နှုတ်ခမ်းနဲ့ ခွာလိုက်ကာ

“ချစ်တယ်ရီရာ၊ ရီရော ချစ်တယ်မို့လား”

“ချစ်လို့ ရီလည်း ဘာတွေဖြစ်ကုန်ပြီလည်း မသိဘူး၊ မဖြစ်သင့်တာတွေ အကုန်ဖြစ်ကုန်ပြီ ထင်တယ်”

“ကဲပါ ဒါတွေ မစဉ်းစားနဲ့၊ မဖြစ်သင့်တာ ဘာမှမရှိဘူး၊ ကိုယ်တို့နှစ်ယောက်က ချစ်သူတွေ၊ အခု ချစ်သူတွေလိုဘဲ နေမယ်၊ လာ ပင်လယ်ထဲ ဆင်းမယ်”

ပြောပြောဆိုဆို ရီ့ကိုလွှတ်ကာ ဝတ်ထားတဲ့ တီရှပ်ကို ဆွဲချွတ်လိုက်သည်။ ပြီးတော့ ဂျင်းဘောင်းဘီကို ထိပ်က ကြယ်သီးဖြုတ်ကာ ဇစ်ဆွဲချလိုက်တော့

“အိုး ကိုဇော်ကလဲ၊ ရေချိုးခန်းထဲ သွားလဲတာမဟုတ်ဘူး”

ရှက်ကိုးရှက်ကန်းနဲ့ ရီက ပြောရင်း ဟိုဘက်လှည့်လိုက်တော့

“ဟား ဟား ဟား ဟား”

“တော်ပြီ တော်ပြီ ရီကတော့ ရေချိုးခန်းထဲဘဲ သွားလဲမယ်”

ဟု ဆိုကာ သူ့အိပ်ကိုဖွင့်ကာ ရေကူးဖို့ အဝတ်အစား ထုတ်ကာ ရေချိုးခန်းထဲ ပြေးတော့သည်။ ကျနော်လည်း အိပ်ဖွင့်ကာ အသင့်ပါလာသည့် ရေကူးဘောင်းဘီ ခပ်ပွပွကို ထုတ်လိုက်ကာ လဲဝတ်လိုက်သည်။ နောက်မှ သတိရပြီး နေ့လည်နေ့ခင်း ကမ်းခြေမှာ နေကျဲကျဲတောက် ပူနေသည်မို့ ပါလာတဲ့ နေလောင်ဒဏ် ခံနိုင်သည့် လိုးရှင်းဘူးကို ထုတ်ကာ မျက်နှာနှင့် တစ်ကိုယ်လုံးကို မှီသလောက် လျှောက်လိမ်းနေတုန်း ရီလည်း ရေချိုးခန်းထဲက ထွက်လာသည်။ ရီက ခြေသလုံးလောက်ထိ ဘောင်းဘီနှင့် ဘလောက်စ် အင်္ကျီ ခပ်ပွပွ၊

“တော်သေးတယ် လိုလိုမယ်မယ် ဘောင်းဘီ တစ်ထည်ပါလာလို့”

“အင်း ပါလာလို့ တော်သေးတယ်၊ ကိုယ်တောင်စဉ်းစားနေတာ ဘောင်းဘီတစ်ထည် ဒီနားကဆိုင်မှာ ရီ့အတွက် သွားဝယ်မလားလို့၊ ထမီကြီးနဲ့ဆို တော်ကြာ လှိုင်းပုတ်လို့ လန်သွားရင် ကိုယ်မကြည့်ရဲဘူး ဟား ဟား”

“အိုး ကိုဇော်ကလည်း ခစ် ခစ် ခစ် ခစ်”

“လာ အပြင်မှာ နေက ကျစ်ကျစ်တောက် ပူနေတာ နေဒဏ်ခံနိုင်အောင် လိုးရှင်းလိမ်းလိုက်၊ နို့မိုဆို ရီ့ အသားတွေ နေလောင်ပြီး လန်ကုန်မယ်၊ လာ ကိုယ်လိမ်းပေးမယ်”

“အိုး ကိုဇော်ကလည်း ရီ့ဖာသာလိမ်းမယ် ရပါတယ်၊ ပေး ပေး”

“မဟုတ်ဘူးလေ ရီ မမှီတဲ့ နောက်ကျောဘက်ကို ကိုယ်လိမ်းပေးမယ်၊ ရီကလည်း ကိုယ့်ကြောကို လိမ်းပေး၊ ဘာလဲ ရှက်နေပြန်ပြီလား”

“အင်း”

“အမလေးဗျာ၊ အခုထိ ရှက်တုန်းဆို မဖြစ်ဘူး၊ ထပ်နမ်းဦးမှ”

“ခစ် ခစ် ခစ် ခစ် ကိုဇော်နော် ဘာမှလဲ မဆိုင်ဘူး”

နောက်တော့လည်း ရီက သူ့ဆံပင်ကို ကိုင်ပြီး ပင့်ပေးကာ ခေါင်းငုံ့ပေးတော့ ရီ့ ဂုတ်သားလေးနဲ့ အင်္ကျီအောက်က ပေါ်နေသမျှ ပုခုံးနဲ့ ကြောကို သေသေချာချာ လိမ်းပေးမိသည်။ ရီက ကျနော့်ကြောပြင် ပြောင်ပြောင်ကြီးကို ပြန်လိမ်းလို့။ ကျနော်တောင် ဒါလေးနဲ့ ဒီလောက်ရင်တုန်နေရင် ရီ တော့ ဘယ်လောက် ရင်တုန်နေမလဲ မသိ။

……………………………………………………

တဟေးဟေး တဟားဟား နှင့် ဆယ်ကျော်သက် ကလေးတွေလို ပင်လယ်ထဲမှာ ကားတာရာကျွတ် ဘောကွင်း တစ်လုံးနှင့် အတူလှိုင်းစီးကြသည်။ ရေတက်ချိန်နှင့် ကြုံသည်မို့ လှိုင်းက မသေး။ တစ်ချက် တစ်ချက် လှိုင်းပုတ်လိုက်တိုင်း လူက ဘောကိုဖက်တွယ်ထားရင်း ယိုင်သွားသည်။ ကျနော်က ဘောကိုတစ်ဖက်၊ ရီ့ခါးကို တစ်ဖက် ဖက်ရင်း လှိုင်းပုတ်ဒဏ်ကြောင့် မလွင့်အောင် ထိန်းပေးရသည်။ ရီကလည်း လှိုင်းကြီးလာတိုင်း ဟော ဟော လာပြီ လာပြီနှင့် ကျနော့်ကို အတင်းဖက်တတ်သည်။ ပြီးတော့ တခစ်ခစ် တဟားဟားနှင့် တစ်ယောက်နှင့် တစ်ယောက်ကြည့်ကာ ရယ်မိသည်။

ပင်လယ်ကြီးက ရီ့ အရှက်တရားကို ခဝါချလိုက်သလို ကျနော်လည်း ရီ့ကို အကိုင်အတွယ်မှာ အကန့်အသတ်မရှိ ပါမစ်ရသွားသကဲ့သို့ ရဲရဲတင်းတင်းပင် ပွေ့ဖက်ရဲလာသည်။ တဖြေးဖြေး ရဲလာသည်နှင့် မတော်တဆ ထိတွေ့မှု့တွေက များလာသလို ရီက ဘာမှမကန့်ကွက်။ ကျနော်တို့ ကူးနေသည့် နေရာက ဟိုတယ်ပိုင် ကမ်းစပ်ဖြစ်၍ လူကရှင်းနေသည်။ ခပ်လှမ်းလှမ်းမှာတော့ အဖွဲ့လိုက် ရေကူးနေသူတွေ ရှိပေမဲ့ တစ်ယောက်ကို တစ်ယောက် သေချာမမြင်။ ဘေးပတ်ဝန်းကျင်က လူရှင်းနေသဖြင့် ပို၍ ရဲတင်းသည်လား မပြောတတ်။ ပထမ ဘောကွင်းကို ဖက်တွယ်ကာ လှိုင်းစီးရင်း နောက်တဖြေးဖြေးနှင့် ဘောကွင်းပေါ် နှစ်ယောက်သား ပူးပူးကပ်ကပ် အတူပက်လက်အိပ်ကာ လှိုင်းစီးသည့်အထိ ဖြစ်လာသည်။

“ဟော ဟော ကိုဇော် ကိုဇော် ဟိုမှာလာပြီ လာပြီ အိုး အကြီးကြီးဘဲ အကြီးကြီးဘဲ ဒီဘက်ကို ဒီဘက်ကို ယက် ယက်”

ပျော်ရွှင်နေသည့် ကလေးတစ်ယောက်လို အသံစာစာနှင့် တက်လာသည့် လှိုင်းကိုကြည့်ကာနှင့် ကျနော့်ကို ပြောရင်း သူ့လက်တစ်ဖက်ကို ဘောကွင်း လည်သွားအောင် ရေကိုယက်သည်။ ကျနော်ကလည်း ရီပြောသလို လက်တစ်ဖက်နှင့် ရီ ယက်ခိုင်းသလို ယက်သည်။ ကျန်လက်နှစ်ဘက်က ဘောကွင်းအတွင်းမှာ တစ်ယောက်လည်ပင်း တစ်ယောက်ဖက်လို့။

လှိုင်းဒဏ်ကို ကြွတက်နေသည့် ဘောကွင်းဘက်က မခံဘဲ ဘောကွင်း မလန်သွားအောင် လေးသည့် ကျနော့်ဘက်က ဆီးခံမှ ဘောကွင်း မမှောက်မှာကို စီးနေရင်း အတွေ့အကြုံအရ သိသည်မို့ လှိုင်းကို ကြည့်ကာ ဘောကွင်းကို လည်သွားအောင် အတူတူ ယက်ကာ ဘောကွင်းမမှောက်ဘဲ ညိမ့်ကနဲ လှိုင်းစီးသလို ဖြစ်အောင် အတူကြိုးစားရသည်က အရသာလိုဖြစ်လာသည်။ အစကတော့ အထာမကျဘဲ ခဏခဏ မှောက်ပေမဲ့ ခဏကြာတော့ အကြောင်းသိလာကာ မမှောက်တော့။ ကမ်းစပ်ရောက်ကာ ဘောကွင်း သောင်ပေါ်တင်သည်အထိ စီးလာလိုက်၊ ပြီးတော့ နှစ်ယောက်သား ဘောကွင်းပြန်ဆွဲကာ ခပ်လှမ်းလှမ်း ရေနက်ပိုင်းဆီ ပြန်သွားလိုက်နှင့် ခေါက်တုန့်ခေါက်ပြန် စီးနေကြသည်။

ဘယ်နှစ်ခေါက်မှန်းမသိ စီးပြီးတဲ့ အခါမှာတော့ လူက ပန်းလာသည်။ ဘောကွင်းက ကမ်းစပ်သောင်ပြင်ပေါ် လာတင်သော်လည်း ဘောကွင်းပေါ်က လူတွေက မထချင်တော့။ နှစ်ယောက်သား ဘောကွင်းပေါ် ပက်လက်မှိန်းနေရာက

“တော်ပြီ ကိုဇော်ရာ မောပြီ၊ နားရင်း အုန်းရည်လေး ဘာလေး သောက်ရအောင်”

“အင်း ကောင်းသားဘဲ”

အစောပိုင်း အခေါက်ပေါင်းမြောက်များစွာက ကမ်းစပ်ရောက်သည်နှင့် နှစ်ယောက်သား ဘောကွင်းပေါ်က ဘယ်လို ထလိုက်လဲမသိ။ အခု နားတော့မယ်ဆိုမှ ထလို့ မရတော့။ နှစ်ယောက်လုံး ခန္ဓာကိုယ်အောက်ပိုင်းက ဘောကွင်းမှာ စွပ်ပြီး မကြွ။ ကျနော်ကလည်း ရုန်းထ၊ ရီကလည်း ရုန်းထဖို့ကြိုးစားပေမဲ့ ဘောကွင်းမှ ကျွတ်မသွားဘဲ တစ်နေသည်။ နှစ်ယောက်သား ဟိုရုန်း ဒီရုန်းနှင့် ထမရသည်မို့ လေးငါးကြိမ်အရောက်မှာ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရယ်မိသည်။ နောက်မှ ကျနော်က ရီ့ကို

“ရီ ညိမ်ညိမ်နေ၊ ကိုယ် ဒီဘက်က ရုန်းလိုက်မယ်”

လို့ပြောရင်း ဘေးက ဘောကွင်းကို လက်တစ်ဖက်နှင့် အတင်းဖိပြီး အားနှင့် တစောင်းရုန်းထွက်လိုက်မှ ရီဘက်က ကိုယ်ကို ကျုံ့ပေးလိုက်လို့လားမသိ အစက ကျွတ်မထွက်သည့် ကိုယ်က ရုတ်တရက် လျှောလျှောရှူရှူ ကျွတ်ထွက်လာတာမို့ အရှိန်နှင့် ဘောကွင်းပေါ် ပက်လက်ဖြစ်နေသည့် ရီ့ ကိုယ်ပေါ်မှောက်ရက်ကျသွားသည်။

“အို့”

ကျနော့်ကိုယ်က သူ့ပေါ်ပိကျလာသည်မို့ ရီ့ဆီက အို့ ကနဲ အသံထွက်လာသည်။ ကျနော်ကလည်း မမျှော်လင့်ဘဲ ဖြစ်သွားသည့် အခြေအနေက အခွင့်ကောင်းလို ဖြစ်နေတာမို့ ရီ့ကိုယ်ကို ထပ်လျှက် အလိုက်သင့်နေကာ ခေါင်းထောင်ပြီး ရီ့ကို ကြည့်လိုက်သည်။ အနားမှာလည်း လူသူရှင်းကာ နှစ်ယောက်ထဲ တစ်ကမ္ဘာ ဖြစ်နေသည်မို့ မပြောကောင်း မဆိုကောင်း ကျနော်တို့ နှစ်ယောက်ကို ပင်လယ်ထဲက ငါးမန်းတက်ဆွဲရင်တောင် အနားမှာ ကူမဲ့သူ မရှိသည့် အခြေအနေ။

ရီကလည်း သူ့ကိုယ်ပေါ်ပိနေသည့် ကျနော့်ကို ပြန်ကြည့်တော့ တစ်ယောက်နှင့် တစ်ယောက် ခဏမျှ မျက်လုံးချင်းဆုံကာ ကြည့်ရင်း အရမ်းချစ်တာဘဲ ရီ ရာလို့ အလိုလို ပါးစပ်ကထွက်သွားသလို ပင်လယ်ရေစက်တွေနှင့်သီးနေသည့် ရီ့ပါးကို ငုံနမ်းလိုက် သည်။ အစောပိုင်းက နမ်းလျင် ရှက်တတ်သည့် ရီ က အခုကြ အသံမထွက်ဘဲ သူ့ကိုယ်ပေါ်ပိနေသည့် ကျနော့်ကျောကိုပင် ပြန်ဖက်လာသည်။

ရီ့ဘက်ကလည်း လိုက်လိုက်လျောလျော ရှိလာသည်မို့ အခွင့်ကောင်းယူကာ ပါးကို နမ်းရာက နှုတ်ခမ်းချင်း ဆက်လိုက်သည်။ ပင်လယ်ရေကြောင့် အစက ငံကျိကျိ အရသာ ခံစားလိုက်ရသော်လည်း ချက်ခြင်းဆိုသလို ချိုမြသည့် အရသာက ပါးစပ်ထဲ စီးဝင်လာသည်။ အောက်နှုတ်ခမ်းသားကို အသာငုံထားရင်း ကျနော့်လျှာက ရီ့ပါးစပ်ထဲ တိုးဝင်သွားတော့ ရီကလည်း အလိုက်သင့် ကျနော့်လျှာကို စုပ်ဆွဲလိုက်သလို လက်က ကျောပြင်ကို ခပ်တင်းတင်း လာဖက်တာ ခံစားလိုက်ရသည်။

နှစ်ယောက်သား အနမ်းကြောမှာ ဘယ်လောက်ကြာကြာ နစ်မြောသွားသည် မသိ။ နားထဲမှာ ဟေး ဟေး ဟား ဟား နှင့် ခပ်သဲ့သဲ့ အော်သံကြားလိုက်မှ အသိပြန်ဝင်လာသည်။ ဒီတော့မှ လန့်ပြီး ခေါင်းထောင်ကာ ဘေးပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်တော့ မနီးမဝေးမှ စောစောက ရေကူးနေသည့် အဖွဲ့က ဆူဆူညံညံ အသံပြုရင်း ကမ်းပေါ်တက် လာကြသည်ကို တွေ့လိုက်သည်။ ကျနော်တို့နှစ်ယောက် ဘောပေါ်ထပ်နေကြသည်ကိုဘဲ လှမ်းနောက်သလား မပြောတတ်။ ရီလည်း အဲဒီတော့မှ သတိဝင်လာသလို ရှက်ကိုးရှက်ကန်းနှင့်

“ကိုဇော်ကလည်း ဘာမှန်းလဲ မသိဘူး၊ ရှက်စရာကြီး၊ သူများတွေ တွေ့ကုန်ပြီလား မသိဘူး”

“မတွေ့ပါဘူး၊ နည်းနည်းလှမ်းနေတာဘဲ၊ သူတို့ဖာသာ အော်နေကြတာ နေမှာပါ”

ဟု ပြန်ပြောရင်း ရီ့ကိုယ်ပေါ်မှ ကြွလိုက်ကာ ထရပ်လိုက်သည်။ ရီ့ကို လက်ကမ်းပေးလိုက်တော့ ရီက ကျနော့်လက်ကို အားပြုကာ ထရပ်သည်။ ရီ မတ်တပ်ဖြစ်သွားသည်နှင့် လက်ကို ဆွဲကာ ဘန်ကလိုရှိရာ ပြေးတော့သည်။

“အိုး အိုး ကိုဇော် ကိုဇော်”

ရုတ်တရက် ရီ့ကို လက်ဆွဲပြီး ပြေးတော့ ရီ့ဆီမှ အသံထွက်လာသည်။ လေး၊ ငါး၊ ဆယ်လှမ်းလောက် ပြေးပြီးမှာတော့ သောင်ပြင်ပေါ်ချထားသည့် အခန်းသော့နှင့် တိုလီမုတ်စ ထည့်ထားသည့် ကျွတ်ကျွတ်အိပ် နေရာကိုရောက်သည်နှင့် ပြေးတာကို ရပ်ကာ အိပ်ကိုကောက်ယူလိုက်သည်နှင့်

“အုန်းရည် သွားသောက်တာဘဲ ဖြေးဖြေးသွားပါ ကိုဇော်ရာ၊ မောတယ်၊ ရီ မပြေးနိုင်ဘူး”

ရီ့ စကားကြောင့်

“အုန်းရည်ကနောက်မှ သောက်တော့မယ်၊ အခုအခန်းဘဲ ပြန်တော့မလို့၊ ကိုယ် မအောင့်နိုင်တော့ဘူးကွာ”

ရီက ကျနော် ဘာပြောသည်ကို သိသည့်အလား

“အိုး ဒီမှာ တစ်ကိုယ်လုံး ဆားရည်တွေနဲ့ စေးကပ်နေတဲ့ဟာကို”

“ရေအရင်ချိုးမယ်လေ ရီကလည်း၊ ရေချိုးပြီးမှ”

“ကိုဇော်နော် ဘာရေချိုးပြီးမှလဲ”

“အာ ရီကလည်းကွာ သိသိကြီးနဲ့”

“ကိုဇော်က အရမ်းကဲတာဘဲ”

“အရမ်းချစ်တာပါ”

တစ်ယောက်နှင့် တစ်ယောက် နားလည်နိုင်သည့် စကားကို အပြန်အလှန်ပြောရင်း ရီ့ကိုလက်ဆွဲကာ ခပ်သွက်သွက် ဘန်ဂလိုရှိရာ လှမ်းလာကြသည်။

…………………………………………………………….

ဘန်ဂလို တံခါးဖွင့်ကာ အထဲရောက်သည်နှင့် ရီ့ကို ရေချိုးခန်းထဲ ဆွဲခေါ်လာကာ ရေပန်းကို ဖွင့်ချလို့ ရီ့ကိုပါ ရေပန်းအောက် ဆွဲသွင်းလိုက်သည်။ နောက်တဆက်ထဲ ရီ ဝတ်ထားသည့် ဘလောက်စ်အင်္ကျီကို ခေါင်းကနေ အတင်းဆွဲချွတ်လိုက်သည်။ ဆားရည်နှင့် စေးကပ်နေသည်မို့ အင်္ကျီက ခပ်ပွပွ ဖြစ်နေ သော်လည်း တကယ်ချွတ်တော့ ကြပ်နေသည်။ ရီ က အလိုက်သင့် လက်ကိုမြှောက်ပေးရင်း အို့ အို့ အ အ နှင့် အသံထွက်နေသည်။ ငြင်းငြင်းဆန်ဆန် မရှိ။ အင်္ကျီကျွတ်သွားတော့ ရီ့ အပေါ်ပိုင်းမှာ ဘရာစီယာ အသားရောင်လေးသာ ကျန်တော့သည်၊

“ခေါင်းလျှော်ဦးမယ်ကွာ၊ ဆံပင်တွေလည်း ဆားရည်တွေနဲ့ စေးကပ်နေတာ ခေါင်းလျှော်မှ ရမယ်”

“အင်း၊ အင်း”

လက်ထဲပါလာသည့် အင်္ကျီကို ပစ်ချလိုက်ပြီး ဟိုတယ်မှ ပေးထားသည့် ခေါင်းလျှော်ရည်ဘူးသေးလေးကို လှမ်းယူပြီး ရီ့ခေါင်းပေါ် ညှစ်ချပေးလိုက်သည်။ ရီက သူ့ဆံပင်တွေကို ပွတ်သည်။ ကျနော်က ဘူးကို ပြန်တင်ရင်း ရီ့ ဘရာစီယာ နောက်ကဂျိတ်ကို ဖြုတ်လိုက်သည်။ ဘရာကို ကျွတ်သွားအောင် ဆံပင်ပွတ်နေသည့် ရီ့လက်ကနေ အတင်းပင့်ချွတ်တော့

“အိုး ကိုဇော်ကလည်း ဘာတွေလောနေလည်း မသိပါဘူး၊ ဒီမှာ ခေါင်းတောင်လျှော်လို့ မပြီးသေးတဲ့ဟာ”

“ဆပ်ပြာပါ တစ်ခါတည်း တိုက်ပေးမလားလို့”

“ကိုဇော်နော် မသိဘူးများ မှတ်နေလား၊ ကလေးလို ကဲမနေနဲ့”

ဘရာကျွတ်သွားတဲ့ ရီ့ရင်သား အစုံက ခပ်တွဲတွဲလေး ဖြစ်နေပေမဲ့ ရုပ်ဆိုးလောက်အောင် မတွဲ။ တွဲကျပုံလေးက ချစ်စရာပင်ကောင်းသေး။ ရေပန်းအောက်မှာ ရီ့ကိုယ်လုံးက ကြည့်လို့ကောင်းလှသည်။ အသက်အရွယ်ကြောင့် ဗိုက်သားက ချပ်ချပ်ရပ်ရပ် မရှိသော်လည်း မသိမသာလေး ဖောင်းနေသည်ကပင် ရီ့ကို ပိုလှအောင် အထောက် အပံ့ပေးနေသလို ဖြစ်နေသည်။

ရီက ခေါင်းလျှော်နေသည်မို့ မျက်စိမဖွင့်နိုင်။ အပေါ်ပိုင်း ဘလာဖြစ်သွားသည့် ရီ့အလှကို ကြည့်ရင်း ဆပ်ပြာရည်ဘူးကို လှမ်းယူကာ လက်ထဲ အနည်းငယ်ထည့်လိုက်ပြီး ရီ့ပုခုံးမှ စပြီး ပွတ်လိုက်သည်။ တစ်သက်နှင့် တစ်ကိုယ် တစ်ခါမှ မကြုံဘူးသည့် အဖြစ်မို့ ကိုယ့်ဖာသာကိုယ်ပင် ဘာဖြစ်နေမှန်း မသိတော့။ ရင်ဘတ်ထဲမှာတော့ ထကြွသောင်းကျန်းနေသည့် ပိုးပေါင်းသောင်းခြောက်ထောင်လောက်နှင့် ဘလောင်ဆူနေသည်။ ဆပ်ပြာနှင့် ရီ့ကို ပွတ်ရင်း လက်က မြှောက်ထားသည့် ဂျိုင်းကြားကို ရောက်သွားတော့

“အို့ ယားတယ်”

ရီ့ဆီက အသံထွက်ရင်း မြှောက်ထားသည့် လက်က ချက်ခြင်းကျလာသည်။ ရီ့ဆီက အသံထွက်လာတော့ လူက အယောင်ယောင်အမှားမှားနှင့် နို့ကို လက်နှစ်ဘက်ဖြင့် စုံကိုင်ပြီး ဆပ်ပြာတိုက်ပေးမိပြန်သည်။ ရီက ဘာမှ မပြောဘဲ

“ဟွန်း”

ဟု အသံပြုရင်း ကျနော့်ဗိုက်ကို တစ်ချက်မနာအောင် လိမ်ကာ သူ့ခေါင်းကို ရေပန်းအောက်ဝင်ပြီး လျှော်နေသည်။ သူက ဟွန်း ဆိုတော့လည်း ကျနော်လည်း ပွမ်ပွမ်ဟု အသံထွက်မလားဆိုပြီး ဆပ်ပြာတိုက်ပေးရင်း ညှစ်ကစားကြည့်တော့ ပွမ်ပွမ်လို့ မထွက်ဘဲ ကိုဇော်နော်ဟု အသံထွက်လာသည်။

ဆပ်ပြာကို တစ်ကိုယ်လုံးအနှံ့ ပွတ်ပေးရင်း လက်က အလိုလို ဘောင်းဘီကို ကြယ်သီးဖြုတ်ကာ ဇစ်ကို ဆွဲချလို့ အသာတွန်းချွတ်မိသည်။ တင်ပါးလောက်မှာ ဘောင်းဘီက ဆက်တွန်းချလို့မရ၊ ရေစိုကာ ကပ်ပြီး ကြပ်နေသည်။ ကျနော်လည်း ရီ့ရှေ့ ငုတ်တုတ်ထိုင်ချလို့ ဘောင်းဘီကို ခြေသလုံးနား အစကနေ ဆွဲချွတ်သည်။ ဒီတော့မှ ဘောင်းဘီက လျှောကျလာသည်။ ကျလာသည့် ဘောင်းဘီကို ခြေကျင်းဝတ်ထိ ဆွဲချရင်း အောက်က အနီရောင် အတွင်းခံကိုပါ တဆက်ထဲ ဆွဲချလိုက်သည်။

မြင်လိုက်သည့် မြင်ကွင်းက ကိုယ့်မျက်စိကိုပင် ကိုယ်မယုံ၊ ရှက်ရှက်နှင့် ဝန်ခံရလျှင် ကျနော် ကိုယ်တိုင်ကလည်း မိန်းမအတွေ့အကြုံ များများစားစားမရှိ။ မရှိဆို အခု ယူထားသည့် မိန်းမတစ်ယောက်နှင့်သာ ကြုံဖူးသည်။ ယောကျ်ားပီပီ ဗီဒီယို နှင့် စာ အတွေ့အကြုံ အတော်များများ ရှိခဲ့ပေမဲ့ မိန်းမနှင့် ပတ်သက်လာရင်တော့ လက်တွေ့က မူကြိုအဆင့်လောက်ပင်ရှိသည်။

တသွင်သွင် စီးကျနေသည့် ရေက ရီ့ ပေါင်ကြားမှ ခပ်ကျဲကျဲနှင့် ခပ်ရှည်ရှည် ပေါက်နေသည့် အမွေးတွေကို ဖြတ်စီးသွားသလို အမွေးတွေကြားက ရေစက်တွေ တပေါက်ပေါက် ကျနေသည်ကို မမြင်ဖူးသလို ကြည့်နေမိသည်။ တခါမှ သက်ရှိမိန်းမတစ်ယောက်၏ ပေါင်ကြားကို အခုလို မကြည့်ဖူးသေး။ အမွေးကြဲကြဲအောက်မှ အကွဲကြောင်းကလည်း ဖြူဖြူဖွေးဖွေးနဲ့ မို့ဖောင်းနေသည်မှာ ထိရက်စရာပင် မရှိ။ ပေါင်ကြားတင်မက သွယ်ပြီး ဖြောင့်တန်းနေသည့် ပေါင်နှစ်ဘက်ကလည်း အပြစ်အနာအဆာ မရှိဘဲ သွေးကြောလေးများ ပေါ်လောက်အောင်ပင် ဖွေးဖွေးဖြူနေသည်။

လက်ရှိယူထားသည့် မိန်းမ ပေါင်ကြားကို မြင်ဖူးပေမဲ့ ရီ့ပေါင်ကြားကို မြင်သလောက် တခါမှ ရင်မခုန်မိ။ အခုမှ ကိုယ်ထဲက ပိုးပေါင်း သောင်းခြောက်ထောင်တို့က အခုမှ ပိုမိုသောင်းကျန်းလာသလို လူက ကတုန်ကရင် ဖြစ်လာသည်။

ရီက ကျနော် ငေးကြည့်နေတာ မသိထင်။ အောက်ကို ပုံကျလာသည့် သူ့ဘောင်းဘီကို ခြေထောက်ဖြင့်နင်းကာ ချွတ်နေသည်။ ခေါင်းလျှော်နေသည်မို့ ငုံ့မကြည့်အားတာလည်း ဖြစ်မည်။ ကျနော်လည်း ခဏမျှ မှင်သက်ငေးနေရာမှ ဘာဖြစ်သွားသည်မသိ ထိုင်လျှက်နှင့် ရီ့တင်ပါးကို လှမ်းဖက်လို့ ဆီးခုံကို မျက်နှာအပ်လိုက်သည်။

“အို့ အိုး အို့ အို့ ကိုဇော် ကိုဇော်”

ဆိုသည့် အသံနှင့်အတူ ကျနော့်ခေါင်းကို ကိုင်ကာ

“ကိုဇော်၊ ကိုဇော်၊ အို့ အို့၊ မတော်တရော်တွေ လုပ်ပြီ၊ ကိုယ့်ဖာသာချိုးလေ၊ သူဘဲ လောနေပြီး”

“ချစ်တယ်၊ ချစ်တယ်၊ ချစ်တယ်၊ ချစ်တယ်”

“ကိုဇော်ကလည်း ကလေးလိုဘဲ၊ အင်းပါ၊ ချစ်ပါ၊ ချစ်ပါ၊ ရေချိုးပြီး ကြိုက်သလိုချစ်၊ ကိုဇော့် သဘော၊ အခုတော့ ရေပြီးအောင် ချိုးလိုက်ဦးနော် နော် နော်”

ရီက ကျနော့်ကို ချော့မော့ပြောရင်း ဆွဲထူကာ ရေပန်းထဲ ဆွဲသွင်းသည်။ ကျနော်လည်း ဘာဖြစ်လို့ ဖြစ်မှန်း မသိတော့။ တသက်နှင့် တကိုယ် တခါမျှ မိန်းမပေါင်ကြားလည်း မျက်နှာမအပ်ဖူး။ ရေချိုးပြီး ကြိုက်သလိုချစ် ဆိုတာမို့ ထရပ်ပြီး ကမန်းကတမ်း ခေါင်းလျှော်ရည်ကို လှမ်းယူကာ ကိုယ့်ခေါင်းပေါ်ကိုယ်လောင်းချရင်း ချိုးတော့သည်။ ရီလည်း ဆပ်ပြာရည်ဘူး လှမ်းယူကာ သူ့ဖာသာတိုက်သည်။ ကျနော်လည်း ဘာမှ မမြင်တော့။

ရေချိုးနေရင်း ဘောင်းဘီကို ချွတ်ချကာ ရီ့လိုပင် ကိုယ်ဗလာဖြင့် ရေချိုးတော့သည်။ ရေပန်းအောက်မှာ လူချင်းက ကပ်နေသဖြင့် မာန်ကြွနေသည့် ကျနော့်ဇာတ်လိုက်က ရီ့ကို ခဏခဏ ထိုးမိသည်။ ကျနော်လည်း မနေနိုင်တော့ဘဲ ရီ့ကို ဆွဲဖက်ကာ

“ဟင်အင်း ဟင်အင်း မအောင့်နိုင်တော့ဘူး၊ မအောင့်နိုင်တော့ဘူးကွာ၊ ချစ်တယ်၊ ချစ်တယ် အရမ်းချစ်တယ်”

“အင်းပါ၊ ချစ်ပါ၊ ချစ်ပါ၊ ဒီနေရာကြီး မကောင်းပါဘူး ကိုဇော်ရာ၊ ရေချိုးပြီးမှ ကိုဇော့်သဘောကျချစ်၊ ခဏလေးနော် ခဏလေး၊ နော် နော်၊ ကိုဇော်က လိမ္မာပါတယ်၊ နော် နော်”

“အခု ရေချိုးပြီးပြီ၊ လာ၊ လာ၊ ချစ်မယ်”

“အာ ရေတွေစိုနေတဲ့ဟာ၊ အိပ်ယာတွေ အကုန်စို ကုန်တော့မယ်၊ ခဏ ခဏ ရေစင်အောင် သုတ်ဦးမယ်”

ပြောရင်း မျက်နှာသုတ်ပုဝါ တင်ထားသည့် စင်မှ ပုဝါကို လှမ်းယူကာ ရီက သူ့ခေါင်းကို ပတ်သလို ကိုယ်ကိုလည်း ပတ်သည်။ ပြီးတော့

“ခေါင်းကို ခြောက်အောင်သုတ်ဦး၊ တော်ကြာ ရေစိုကြီးနဲ့ နှာစေးနေမယ်၊ ရီ သုတ်ပေးမယ်”

ရီ ပြောရင်း ကျနော့်ခေါင်းကို ပုဝါဖြင့် သုတ်ပေးသည်။ အခု ကျနော်စေးနေသည့်နှာက ခေါင်းရေစိုလို့ မဟုတ်မှန်း ကိုယ့်ဖာသာကိုယ် သိနေသည်။

…………………………………………………………

မရတော့၊ ရေခြောက်အောင်ပင် မစောင့်နိုင်တော့၊ ရီ့ကို တင်ပါးက ပွေ့ချီလိုက်ပြီး ရေချိုးခန်းထဲမှ ထွက်လာသည်။ ရီ့ဆီမှ တခစ်ခစ် ရယ်သံပင် ကြားမိသလိုလို ရီလည်း ကျနော့်လိုပင် ရောဂါသဲနေလားမသိ။ အချစ်ဆိုသည့် စိတ်က တော်တော်ထူးဆန်းမှန်း အခုမှ သိသည်။ နှစ်ပေါင်းမြောက်များစွာ ငုတ်လျှိုးနေသည့် ချစ်စိတ်က အခုမှ အစွမ်းပြလာသည်လား မပြောတတ်။ တသက်နှင့် တကိုယ် မလုပ်ဖူးသည့် ချစ်နည်းပေါင်းစုံနှင့် ချစ်မိတော့သည်။

“ကိုဇော် ကိုဇော်၊ အရမ်းမကဲနဲ့နော်”

“အင်းပါ”

“ပြောရင် အင်းပါ အင်းပါနဲ့၊ နားလည်းမထောင်ဘူး”

“နားထောင်ပါတယ်ကွာ”

“အို့ အို့၊ ဖြေးဖြေးနမ်းပါ ကိုဇော်ရာ၊ အရမ်းကြမ်းတာဘဲ၊ ကြောက်လာပြီ”

“အင်းပါ”

“လာပြန်ပြီ”

“ဒီဘက်နဲနဲရွှေ့ ရီ၊ ကိုယ်ပြုတ်ကျတော့မယ်”

“အို့ အဲဒီနေရာကြီး၊ ကိုဇော် ကိုဇော်၊ အို့ အို့ ပြောလို့လဲ မရဘူး၊ အို့ အို့ အိုး”

“ချစ်တယ် ရီရာ”

“အင်း ချစ်ပါ ကိုဇော်ရယ် ချစ်ပါ။ အ အ အင်း အင်း အင်း၊ အို့ လုပ်ပြန်ပြီကွာ”

“ဟင်း ဟင်း ဟင်း ဟင်း”

“အို့ အ အ အို့ အို့”

“မနေနိုင်ဘူးရီရာ”

“အို့ နာတယ်၊ ပေါင်ကို အတင်းမဖိနဲ့လေ”

“ဆောရီး ဆောရီး”

“အား ကျွတ် ကျွတ် ကျွတ် ကျွတ်၊ နဲနဲလျှော့ကွာ”

“အို့ အို့ မရဘူးထင်တယ်၊ ဖြေး ဖြေး၊ အို့ အို့၊ ရီက အပျိုပြန်ဖြစ်နေတာ ကြာပြီ ကိုဇော်ရ”

“ရပြီ ရပြီ”

“အ အ အ ခန ခန၊ ခနလေး ကိုဇော် ခနလေး”

“အင်းပါ၊ ရပြီလား”

“အင်း”

“အား ကိုဇော်ရာ ချစ်တယ် ချစ်တယ် အ အ၊ ချစ်လိုက်တာ ကိုဇော်ရာ”

ပြီးပါပြီ….။