တစ်ခါတစ်ရံတော့ ဖူးစာဆိုတာ

တစ်ခါတစ်ရံတော့ ဖူးစာဆိုတာ ရေးသားသူ – Sasori “မိုးထက်ရေ…. ဟဲ့ မိုးထက်” ဟူသော အသံနှင့်အတူ ခန္ဓာကိုယ်ကို အတင်းလှုပ်နေသည့် ခံစားချက်ကြောင့် မိုးထက်မြင့်တစ်ယောက် အိပ်ချင်မူးတူးနှင့် မျက်လုံးကို အတင်းဖွင့်ကြည့်လိုက်သည်။ “ဟာ” “မေ… နင်မပြောမဆိုနဲ့ ငါ့အခန်းထဲ ဝင်လာပြန်ပြီ” ကုတင်ပေါ်ထိတက်ကာ လာနှိုးနေသည့် ငယ်သူငယ်ချင်းငရှုပ်မ လှလွန်းမေကို မြင်လိုက်ရသဖြင့် မိုးထက်မြင့်တစ်ယောက် ဆူပုတ်ပုတ်နှင့် ငေါက်လိုက်မိသည်။ ငေါက်သာငေါက်ရသည် ဒင်းလေးက ဘယ်တော့မှ အမှတ်မရှိ၊ မထင်ရင်မထင်သလို အခန်းထဲထိ ဇွတ်ဝင်ကာ လာလာရှုပ်တတ်သည်။ မိုးထက်မြင့်မိဘတွေကလည်း လှလွန်းမေကို သူတို့သမီးအရင်းတစ်ယောက်သဖွယ် ချစ်ကြသူများဖြစ်သည့်အလျှောက် ငတိမ ဘယ်လိုလာရှုပ်ရှုပ် ပြုံးပြုံး ပြုံးပြုံးနှင့်သာ ကြည့်နေတတ်သဖြင့် မေတစ်ယောက် ပိုပိုရောင့်တတ်လာသည်ဟုသာ မိုးထက်မြင့်ကထင်သည်။ “နင်က ကျောင်းတက်ချိန်နီးနေတာကို ထမှမထတာ။ အကောင်းနဲ့လည်း နှိုးရသေးတယ်” […]

“ဘဘကြီးကလည်း သမီး ယောက်ျားမယူတော့ပါဘူး”

အသက်ရှည်ဆေး ရေးသားသူ – အမည်မသိ “မရဘူး၊ မရဘူး၊ ထပ်မထုတ်ပေးနိုင်တော့ဘူး။ အခု နင်ကြိုယူထားတာ နှစ်လစာတောင်ရှိပြီ။ ပြောလိုက် နင့်အမေကို မရတော့ဘူးလို့၊ လကုန်မှ ထပ်ပေးနိုင်မယ်၊ အခု လကုန်ဘို့ ၂ ပတ်တောင် လိုသေးတယ်၊ မပေးနိုင်ဘူး” မျက်နှာငယ်လေးဖြင့် ကျုပ်မိန်းမပြောသမျှ နားထောင်နေသော ခင်ဝိုင်းက ဘာမှပြန်မပြောဘဲ ခေါင်းသာ အသာညိတ်ပြသည်။ ခင်ဝိုင်းတို့ မိသားစု အားလုံး အလုပ်လုပ်ကြသော်လည်း ဘယ်တော့မှ လောက်ငသည် မရှိ။ အခုလည်း သူ့အမေက သူ့လခ တစ်လစာ ထပ်ကြိုထုတ်ခိုင်းသည်ဟု ခင်ဝိုင်းကတောင်းသဖြင့် ကျုပ်မိန်းမက မပေးနိုင်ဘူး ငြင်းနေခြင်းဖြစ်သည်။ ကျုပ်သိသလောက် ခင်ဝိုင်းတို့မိသားစုမှာ ဖခင်က ဆိုက်ကားနင်းစားသော်လည်း အရက်သမား။ သူရှာသည့်ငွေက သူ့အရက်ဖိုးဖြင့်တောင် မလောက်ချင်။ မိခင်ကတော့ ခေါင်းရွက်ဗျပ်ထိုး ဈေးသည် […]

ကိုယ်လည်း ချယ်ရီ့ကို အရမ်းချစ်တယ်ကွာ”

အချစ်အတွက်ကြွေခဲ့တဲ့ သစ်ရွက်တွေ ရေးသားသူ – ဖိုးဇော် ပြင်းရှတောက်လောင်သော တေးဂီတသံစဉ်များက ခန်းမထဲရှိ လူများအားလုံးကို ဖမ်းစားတိမ်းမူးစေခဲ့သည့်တိုင် ကျနော့်ကို ထူးထူးခြားခြား ဘာရသမှ ပေးနိုင်ခြင်းမရှိ။ အရောင်စုံမီးများ ပြိုးပြိုးပြက်ပြက်နှင့် စီးမျှောလှုပ်ရမ်းနေကြသော သူငယ်ချင်းများသည်လည်း ယခုတော့ဖြင့် ကျနော့်ကို မေ့နေကြပြီ။ အထက်တန်းကျောင်းမှ သူငယ်ချင်းများ ပြန်လည်ဆုံစည်းခဲ့ကြသည့် ညစာစားပွဲမှအပြန် အနည်းငယ် အကြောရှည်တတ်သော သူငယ်ချင်းတစ်ယောက်၏ စနက်ကြောင့် သူငယ်ချင်းတချို့တဝက်နှင့်အတူ ကျနော်က ကလပ်ထဲသို့ ပါလာခြင်းဖြစ်သည်။ တကယ်တမ်း ထိုအုပ်စုမှာ အကြောင်းပြချက်မျိုးစုံနှင့် မကြာခဏ တွေ့ဆုံနေကြဖြစ်ပြီး ကျနော်က တခါတရံမှ ဝင်ရောက်ပူးပေါင်းသူဖြစ်သဖြင့် အားနာပြီး လိုက်လာခဲ့ခြင်းလည်းဖြစ်သည်။ အသက်သုံးဆယ်ကျော်ခဲ့ပြီးသည့်တိုင် ယခုအခေါက်နှင့်ပေါင်းမှ လက်ဆယ်ချောင်းပင်ပြည့်အောင် မရောက်ဖူးသော အဝန်းအဝိုင်းမို့ ရောက်သည့်အခိုက် ပတ်ဝန်းကျင်ကို လေ့လာသင်ယူမိသေးသည်။ သုံးခွက်မြောက်သော ဝီစကီခွက် ကုန်လွန်သွားပြီးသည့်အခါ ကျနော် […]