မောင် လုံးဝမသွားရဘူး။ ဟိုကောင်မဆီ သွားမလို့ မဟုတ်လား”
အပိုင်း ( ၁ ) ဒေါ်ပိုးပန်းချီလို့ခေါ်တဲ့ ကျွန်မ အရွယ်တော် တဆိတ်ဟိုင်းလို့ လေးဆယ်ကျော်ထဲ ဝင်ခဲ့ပြီ။ မုဆိုးမတစ်ယောက်ဆိုတဲ့ ဂုဏ်ပုဒ်ရှိပေမယ့် အနေအစားကတော့ အထက်တန်းလွှာထဲမှာပဲ ရှိပါတယ်။ ယောက်ကျားရှာခဲ့တဲ့ စည်းစိမ်ဥစ္စာတွေ အများကြီး ကျန်ခဲ့ပေမယ့် တတ်သည့်ပညာ မနေသာ ဆိုသလို စိန်ကောင်း ကျောက်ကောင်းကိုင်တဲ့ ပညာတတ်တာမို့ စိန်ပွဲစားဆိုတဲ့ နာမဂုဏ်လေး ရထားပါသေးတယ်။ ဒီတော့လည်း အပေါင်းအသင်းတော့ ဆန့်ပြီးသားလေ။ သားသမီးရယ်လို့ မရခဲ့တော့လည်း တစ်ယောက်တည်းပေါ့။ တစ်ခုတော့ရှိတယ်။ အသက်လေးဆယ်ကျော်လာလို့ နည်းနည်းဝလာတာကလွဲရင် ကျန်တာတွေကတော့ လတ်ဆတ်သေးတာပေါ့လေ။ အားတဲ့အချိန် Gym ဆော့ကစားထားတဲ့အတွက် ယိုယွင်းမှု သိပ်မရှိသေးတာလည်းပါတယ်။ အပျင်းပြေလုပ်နေတဲ့ ပွဲစားဘဝမှာ ကြုံလာသူ မောင်လေးကြောင့် မမပိုးပန်းချီရဲ့ စိတ်တွေ လှုပ်ရှားလာခဲ့ရတယ်။ သူ့နာမည်က ကျော်ကျော် ။ ရုပ်ရည်သနားကမားလေးနှင့်မို့ […]
ချမ်းသာပေးရင် လွမ်းစရာလေးတွေ ဖြစ်ကုန်မှာပေါ့
မီးဇာ စိတ်က အပြောင်းအလဲ မြန်လွန်းလှသည်။ ကိုစစ်အောင်နှင့် အိမ်နီးပါးချင်း ဖြစ်သော်လည်း မီးဇာ ခေါ်ချင်မှခေါ်သည်။ ပြောချင်မှလည်း ပြောသည်။ သို့သော် နောင်လတ် နှင့် ပတ်သက်လာသောအခါ ကိုစစ်အောင်ရဲ့ မိတ္တူကူးစက်ဆိုင်သို့ မကူးချင်ပဲလဲ ကူးလျက်၊ မသွားချင်ပဲလဲ သွားလျက် မီးဇာ အောက်ကျို့ခံလျက် အောက်စီးမှ ဆက်ဆံလာရသည်။ ထိုသို့ အောက်စီးမှ ဝင်ရသည်က အသဲအသက်မက ချစ်ရလွန်းသူ နောင်လတ်ကြောင့်ပဲ ဖြစ်သည်။ မီးဇာဟု ချစ်စနိုးခေါ်တတ်သော နောင်လတ်သည် ဇာနည်နွယ်ဟူသော မီးဇာရဲ့ နာမည်ရင်းကိုပင် ပျောက်အောင် မီးဇာကို လွှမ်းမိုးသူဖြစ်၏။ နောင်လတ်နှင့် (၁၀) တန်းမှာ ကတည်းက ချစ်ခဲ့ကြသည်။ နောင်လတ် မျက်နှာကို မြင်တိုင်း မီးဇာ ရင်ခံတတ်သည်။ နောင်လတ်၏ အကြည့်ပြာပြာဝေဝေလေးမှာ မီးခိုးမှိုင်းမိသော လိပ်ပြာလေးနှယ် […]
ခွင့်လွှတ်ပါ ဆရာမ
လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်က ဤရွာ ဤကျောင်းကို စာသင်ပေးခဲ့သည့် မြို့ကြီးသူ ဆရာမကြီးဒေါ်နုနုထွေး ယခု ဤရွာကို အလည်လာသဖြင့် တပည့်အဟောင်းတွေ တပြုံးပြုံး တရွှင်ရွှင် သွားကန်တော့ကြပါသည်။ သို့သော် ထိုအထဲ၌ တပည့်ဟောင်းတစ်ယောက်ဖြစ်သည့် အောင်သိန်းက တော့ မပါဝင်ချေ။ “ဟေ့ အောင်သိန်း ။ ဆရာမကြီး ဒေါ်ထွေးထွေး အလည်လာသကွ။ ငါတို့သွားကန်တော့မလို့။ မင်းရော မလိုက်သေးဘူးလား။” ထိုသို့ သူငယ်ချင်းတွေက မေးသည့်အခါတိုင်း “အေး… နောက်နေ့မှသွားမယ်ကွာ” ဟူ၍ အောင်သိန်းက ဖြေပါသည်။ သို့သော် သူသည် ဆရာမကြီးကို သွားကန်တော့ဖို့ စိတ်ကူးမရှိပါ။ အဘယ်ကြောင့်နည်း။ သူ့၌ ဆရာမကြီးကို နာကျည်းစရာ ရှိနေ၍ပါလော။ မဟုတ်ပါ။ ————————————— အတိတ်ကိုဆောင်ရမည်ဆိုသော် အောင်သိန်းသည် ဆယ်တန်း ဒုတိယနှစ် […]