ချမ်းသာပေးရင် လွမ်းစရာလေးတွေ ဖြစ်ကုန်မှာပေါ့
မီးဇာ စိတ်က အပြောင်းအလဲ မြန်လွန်းလှသည်။ ကိုစစ်အောင်နှင့် အိမ်နီးပါးချင်း ဖြစ်သော်လည်း မီးဇာ ခေါ်ချင်မှခေါ်သည်။ ပြောချင်မှလည်း ပြောသည်။ သို့သော် နောင်လတ် နှင့် ပတ်သက်လာသောအခါ ကိုစစ်အောင်ရဲ့ မိတ္တူကူးစက်ဆိုင်သို့ မကူးချင်ပဲလဲ ကူးလျက်၊ မသွားချင်ပဲလဲ သွားလျက် မီးဇာ အောက်ကျို့ခံလျက် အောက်စီးမှ ဆက်ဆံလာရသည်။ ထိုသို့ အောက်စီးမှ ဝင်ရသည်က အသဲအသက်မက ချစ်ရလွန်းသူ နောင်လတ်ကြောင့်ပဲ ဖြစ်သည်။ မီးဇာဟု ချစ်စနိုးခေါ်တတ်သော နောင်လတ်သည် ဇာနည်နွယ်ဟူသော မီးဇာရဲ့ နာမည်ရင်းကိုပင် ပျောက်အောင် မီးဇာကို လွှမ်းမိုးသူဖြစ်၏။ နောင်လတ်နှင့် (၁၀) တန်းမှာ ကတည်းက ချစ်ခဲ့ကြသည်။ နောင်လတ် မျက်နှာကို မြင်တိုင်း မီးဇာ ရင်ခံတတ်သည်။ နောင်လတ်၏ အကြည့်ပြာပြာဝေဝေလေးမှာ မီးခိုးမှိုင်းမိသော လိပ်ပြာလေးနှယ် […]
ခွင့်လွှတ်ပါ ဆရာမ
လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်က ဤရွာ ဤကျောင်းကို စာသင်ပေးခဲ့သည့် မြို့ကြီးသူ ဆရာမကြီးဒေါ်နုနုထွေး ယခု ဤရွာကို အလည်လာသဖြင့် တပည့်အဟောင်းတွေ တပြုံးပြုံး တရွှင်ရွှင် သွားကန်တော့ကြပါသည်။ သို့သော် ထိုအထဲ၌ တပည့်ဟောင်းတစ်ယောက်ဖြစ်သည့် အောင်သိန်းက တော့ မပါဝင်ချေ။ “ဟေ့ အောင်သိန်း ။ ဆရာမကြီး ဒေါ်ထွေးထွေး အလည်လာသကွ။ ငါတို့သွားကန်တော့မလို့။ မင်းရော မလိုက်သေးဘူးလား။” ထိုသို့ သူငယ်ချင်းတွေက မေးသည့်အခါတိုင်း “အေး… နောက်နေ့မှသွားမယ်ကွာ” ဟူ၍ အောင်သိန်းက ဖြေပါသည်။ သို့သော် သူသည် ဆရာမကြီးကို သွားကန်တော့ဖို့ စိတ်ကူးမရှိပါ။ အဘယ်ကြောင့်နည်း။ သူ့၌ ဆရာမကြီးကို နာကျည်းစရာ ရှိနေ၍ပါလော။ မဟုတ်ပါ။ ————————————— အတိတ်ကိုဆောင်ရမည်ဆိုသော် အောင်သိန်းသည် ဆယ်တန်း ဒုတိယနှစ် […]
တက္ကသိုလ် ကျောင်းသူလေး
မိုးအုံ့သောနေ့တစ်နေ့ အိမ်နံပါတ် ၆၉ ရဲ့ တံခါးခေါင်းလောင်းကို ကောင်မလေးတစ်ယောက် ဖြည်းညင်းစွာ နှိပ်လိုက်ပါသည်။ တံခါးဖွင့်သံနဲ့ အတူ ”ဟယ်။ မိုး ပါလား။ ရောက်လာပြီလား။ လာ လာ။ ဝင်ခဲ့လေ” “ဟုတ်ကဲ့။ မမမြင့်။ ဘူတာရုံကနေ တန်းလာခဲ့တာ။ ကိုမောင်ကော” ”ရှိတယ်။ ရှိတယ်။ ဇာနည်လည်း ရှိတယ်” ”ကိုမောင်ရေ။ ဇာနည်ရေ။ ဒီမှာ မိုး ရောက်လာပြီ” အိမ်ရှေ့ဧည့်ခန်းသို့ ကိုမောင်နှင့် ဇာနည် ရောက်လာပါသည်။ အလန်းလေးပါလား။ ဇာနည်တစ်ယောက် စိတ်ထဲက စဉ်းစားလိုက်ပါသည်။ ဟုတ်ပါသည်။ မိုးက မိန်းမချောလေးတစ်ယောက်ပါ။ ကျစ်ကျစ်လစ်လစ်နှင့် အရပ်ရှည် ပိန်သွယ်သူလေးပါ။ တင်တွေ ရင်တွေကလည်း မကြီးလွန်း၊ မသေးလွန်း။ အနေတော်။ ကြည့်ကောင်းတဲ့ ဆိုဒ်ကလေးပါ။ တက္ကသိုလ် ပထမနှစ် တက်မယ့် […]