ပန်းဦးခြွေတဲ့ ခဲအို

ထွေးအိ ထိုင်နေတာက ချောင်းစပ်ရှိ တရုတ်စကားပင်ကြီး၏ ခြေရင်းရေစပ်ရှိ သစ်မြစ်ဆုံကြီးပေါ်တွင် ဖြစ်သည်..။ စိမ်းမြကြည်လင်နေသော ချောင်းရေပြင်ကို ထွေးအိ ငုံ့ကြည့်လိုက်သည်..။ ထိုအခိုက် ကြွေကျလာသော စကားပွင့်ကြောင့် ရေမျက်နှာပြင်လှုပ်ခါသွားပြီး ကြည်လင်သောရေ၌ ထင်ဟပ်နေသော ထွေးအိရဲ့ ရုပ်ပုံလွှာမှာ တွန့်လိမ်ကောက်ကွေး၍ လှုပ်ခါသွားရသည်..။ သူမ၏ ရုပ်လွှာမှာ ခုလို တကယ်ပဲ ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီလား…ထွေးအိ တွေးလိုက်မိသည်..။ ကြွေကျလာသော တရုတ်စကားပွင့် ဖြူဖြူလေးက ချောင်းရေပြင်တွင် အခိုက်အတန့်လေးသာ ရပ်တန့်သွားပြီးနောက် ရေစီးနှင့်အတူ မျောပါသွားသည်ကို ထွေးအိ လိုက်ပြီး ကြည့်နေမိသည်..။ တရုတ်စကားပန်းပွင့်ဖြူဖြူလေးက ရေစီးအတိုင်း လွတ်လွတ်ကျွတ်ကျွတ်ကြီး မျောပါသွားရသည် မဟုတ်..။ ရေစပ်တွင်ရှိသော သစ်မြစ်ဆုံများ ၊ ကျောက်တုံးများကို ကွေ့ပတ်ကာ မျောပါသွားရသည်..။ ပန်းပွင့်လေးက အရာဝတ္ထုတို့ကို လွယ်လွယ်ကူကူတော့ ကွေ့ပတ်သွားနိုင်သည် မဟုတ်ပါ..။ […]

တခုစားရင် တခါနမ်းမယ်

လည်ပင်း မှာ ရှုပ်ယှက်ခက်နေတဲ့ ပန်းကုံးတွေ စားပွဲပေါ်ပစ်တင်ရင်း နှုတ်ခမ်းမှာဆိုးထားတဲ့ အနီရဲရဲ နှုတ်ခမ်းနီကို တစ်ရှုးနဲ့ ပွတ်သုတ်ပစ်တယ်။ခုံပေါ်ထိုင်ချရင်း သောက်ရေဘူးဆီ လက်အလှမ်း… “ရှေး…နင့်ကို ဂျာကြီးလှမ်းခေါ်နေတယ်… ဘိုးတော်တွေဝိုင်းမှာ” “ငါအမောတောင် မပြေသေးဘူး” “အဲ့ဒါဆို ငါသွားလိုက်ရမလား” “သွားချင်သွားလေ…ငါမလာနိုင်ဘူးပြောလိုက်” ကိုယ်လုံးနည်းနည်းသွယ်ပေမဲ့ မျက်နှာဝိုင်းဝိုင်းကလေးပုံစံလေးနဲ့ ညိုက မျှော်လင့်တကြီးနဲ့မေးတယ်…ဧကန်န ခုချိန်ထိ လူမရသေးဘူးထင်တယ်… “ငါ တကယ် သွားရမလားဟင်” “အင်း သွားလိုက်…ငါနေမကောင်းလို့ အခုပဲ ပြန်တော့မှာလို့” “ကျေးဇူးပဲဟာ..ငါသွားတော့မယ်” “အင်း” ညို ထွက်သွားမှ ရေဘူးကို မော့သောက်ရင်း အိတ်ထဲက ဖုန်းကို ဆွဲထုတ်တယ်… “ရှေး” နှစ်ပေါင်းများစွာ..ရင်းနှီးနေတဲ့ အသံတစ်ခု… “နင်ပြန်တော့မှာဆို…ငါပြန်လိုက်ပို့မယ်” “ငါ ဒီည အိမ်ပြန်မှာ…” “ဘယ်ပဲပြန်ပြန်…ငါလိုက်ပို့မယ်” “မလိုဘူး” ခပ်ပြတ်ပြတ်ပြောရင်း စားပွဲပေါ်က ကိုယ့်ပစ္စည်းတချို့ အိတ်ထဲ […]

မောင်မောရင် မက ပြုစုပေးမှာပေါ့”

ကျွန်တော့်နာမည်က ဦးအောင်ကျော်မိုး။ သာကေတထဲမှာ ကျော်မိုးအိမ်ဆောက်ပစ္စည်းဆိုင် ပိုင်ရှင်ဆိုပြီး သိကြတယ်ဗျာ။ အသက်ကတာ့ ၃၃ နှစ်။ ဆယ်တန်းကျပြီးကတည်းက ကျောင်းဆက်မတက်တော့ဘဲ မိဘက ချေးငှါးပေးတဲ့ အရင်းအနှီးလေးနဲ့ တစ်နိုင်တစ်ပိုင် လျှပ်စစ်ပစ္စည်ဆိုင်လေးဖွင့်ရင်း နေလာခဲ့တာ။ ကျွန်တော့်အသက် ၂၅ ရောက်တော့ ဆိုင်က အတော့်ကို အောင်မြင်နေပြီ။ အာ့နဲ့ လျှပ်စစ်ပစ္စည်းက ရှေ့တက်လို့ ရေပိုက်တွေဘာတွေ ဆက်ပြီးတင်ဖို့ကြိုးစားရင်း ဆိုင်က ကြီးလာလိုက်တာ လေးနှစ်လောက်ကြာတော့ တစ်မြို့လုံးက အိမ်ဆောက်ပစ္စည်းနဲ့ ပတ်သတ်ပြီး စဉ်းစားလိုက်တာနဲ့ ကျွန်တော့်ဆိုင်ကို တန်းသတိရကြတဲ့အထိကို အောင်မြင်နေပြီ။ အဲ့ဒီနှစ်မှာပဲ ကျွန်တော် အိမ်ထောင်ကျခဲ့တယ်။ ဆိုင်ကလဲ အတော်အောင်မြင် ရေကလဲလျှံနေတဲ့ အချိန်ဆိုတော့ ကျွန်တော့်နောက်လမ်းက မေမြတ်သူဆိုတဲ့ မိန်းမလှလေးကို အရယူနိုင်ခဲ့တယ်။ မျက်လုံးထဲ မြင်အောင်ပြောရရင် သူမအသက်က အဲ့ဒီတုန်းက ၂၄ နှစ်၊ […]