မောင်သာ မကို အသက်ကြီးလို့ဆိုပြီး ပစ်မသွားနဲ့

ရှက်စရာကြီး ရေးသားသူ – ဘူးမင်းသား “ငြိမ်းငြိမ်းရေ” ”ရှင် မေမေ” ”ညည်းကောင်လေးလာတယ်၊ ငါဘာပြောလိုက်ရမလဲ” ”မရှိဘူးလို့သာ ပြောလိုက်ပါ မေမေ” ”ဟင် ဘာဖြစ်လို့တုန်း” ”ဘာမှမဖြစ်ပါဘူး မေမေ” “အေးအေး ငါပြောလိုက်မယ်” ကျွန်မ အိပ်ခန်းထဲဝင်ပြီး ငိုချလိုက်တယ်။ “ကျွန်မရင်တွေ ကွဲခဲ့ရပြီမောင်၊ မောင့်ကို မချစ်လို့ မဟုတ်ပါဘူး မောင်ရယ်၊ မောင့်ဘဝတက်လမ်းအတွက် မ ဘဝအပျက်ခံပါ့မယ်” ကျွန်မလေ AGTI (မြို့ပြ) ဘာသာရပ်တက်ရင်း အဝေးသင်နှင့် ကျောင်းပြီးခဲ့တယ်။ ကျောင်းပြီးတော့ ကလေးတွေ စာပြခဲ့တယ်။ နောက်တော့ စာရင်းကိုင်ပါတက်ရင်း အလုပ်လည်း ဝင်လုပ်ခဲ့သေးတယ်။ ကျောင်းတက်တုန်းကတော့ သူများတွေရည်းစားထားတော့ ကျမလည်း ရည်းစားထားခဲ့သေးတယ်။ ချစ်ခဲ့သလားဆိုတော့ ကျမ သူ့ကို မချစ်ခဲ့ဘူး။ နောက်တော့ ကျမတို့မြို့ကို ဆောက်လုပ်ရေးလုပ်တဲ့သူဌေးက ရောက်လာတော့။ […]

ညီမ.. တာ ဝန် ကျေ ပါ တယ် နော်

ရဲသွေးနီနီ ရေးသားသူ – ငါ့လင်သာဂိ (ဂျပန်ခေတ်ဇာတ်လမ်း ရေးပေးပါဆိုလို့ ဥာဏ်မှီသလောက် တွယ်လိုက်တာ အဟေးးးးးးးးးး) မြန်မာတစ်နိုင်ငံလုံး သူ့ကျွန်ဘဝ ရောက်ရှိပြီး ဖက်စစ်ဂျပန်များ တောရောမြို့ပါ ခြေရှုပ်နေချိန်တွင် ရွာတစ်ရွာ၌ ” နောင် နောင် နောင် နောင် ” ဂျပန် အလိုတော်ရိ သူကြီးအိမ်မှ လူစု အုန်းမောင်းသံ ကြားရသဖြင့် တစ်ရွာလုံး သူကြီးအိမ်သို့ အပြေးအလွှား ရောက်လာခဲ့သည်။ ဂျပန်ကို ကြောက်ရတာက တစ်မျိုး၊ သူကြီးနှင့် သူကြီးသား အပေါင်းအပါများအား ကြောက်ရတာက တစ်ဖုံကြောင့် ရွာသူရွာသားအားလုံး ဘာပြဿနာ ဖြစ်ပြန်ပြီလည်းဟု စိုးရိမ်နေကြသည်။ ” ကဲဟေ့၊ ဒီက သခင်ကြီးက ပြောတယ်။ ဒီရွာမှာ ဖက်စစ်တော်လှန်ရေးလုပ်ဖို့ ကြိုးစားနေတဲ့ သစ္စာဖောက်တွေ ရှိတယ်တဲ့။ အဲ့ဒါ […]

ထပ်တိုး တွယ်ငင် ကြိုးတမျှင်

ထပ်တိုး တွယ်ငင် ကြိုးတမျှင် ရေးသားသူ – မောင်ခြိမ့် ( အတွေးပင်လယ်ပြာတွင် ရေးသားသည်) 🏵️ဖြစ်ရပ်မှန် ဇတ်လမ်းလေးအား အမည် နေရပ်ဒေသများ လွဲ၍ စာဖတ်သူ အဆင်ပြေရန် ခံစားတင်ပြထားသည်။🏵️ ဒေါက်တာ နွေးနွေးလှိုင် [M.B.B.S, M.Med. Sc (Surgery)] ခွဲစိတ်အထူးကုဆရာဝန် ******************************* ဆေးရုံကြီး အပြင်ဘက် မှန်ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်မိတော့ ကျေးငှက်သံလေးတွေနဲ့ အစိမ်းရောင် သစ်ပင်ကြီးများကြောင့် ဘဝ အမောတွေကို ခဏတာ မေ့ပျောက်သွားစေတာပဲလေ။ မနက် ၈ နာရီ ကျော်ကျော်လေးပဲ ရှိသေးတာပါ။ ညက ဆိုင်ကယ် အက်ဆီးဒင့်ဖြစ်တဲ့ လူနှစ်ယောက် ရောက်လာတော့ ၂ ယောက်လုံး နွေးကိုယ်တိုင် ရရှိလာတဲ့ ဒဏ်ရာတွေကို ချုပ်ပေးရတယ်။ တစ်ယောက်က လက်မောင်းနှစ်ဖက် […]