စီးစီးပိုင်ပိုင်နဲ့ ကောင်းလှပါတယ်
1970 ဝန်းကျင် ။ ရေနံဆီ မှောင်ခို ရောင်းသောခေတ် ။ ဆပ်ပြာလေးရဖို့ သမဆိုင်မှာ တိုးနေရသော အချိန်။မိုင်ပေါင်း တစ်ရာကျော် ကွာဝေးသော တောရွာလေးမှ မြို့ပေါ်ကို တက်လာတဲ့ ညားခါစ လင်မယားနှစ်ယောက် ။ ဦးလေးဖြစ်သူရဲ့ အိမ်မှာ ကပ်နေရင်း ကြုံရာ အလုပ်ကို လုပ်ကာ ဘဝကို ကြိုးစား ရုန်းကန် ရှာဖွေနေသည်။ သြင်္ကန် သံချပ်စာတွေ ဗိုလ်သခင် သံချပ်စာတွေ ရမယ် ။ ချိန်တန်ပြီ မကျည်းကိုင်းကြီး လှုပ်တော့ အကြီးပိုင်းတွေ ပြုတ်မယ်တဲ့ဗျ ။ အဲဒီ အချိန်အခါတုန်းက ယခု ၃၅ လမ်းနေရာမှာ ချိန်တန်ပြီ ဆိုတဲ့ လဘက်ရည်ဆိုင်ကြီး ။ မကျည်းပင်ကလည်း အကြီးကြီး ။ သြင်္ကင်္န် င်္ကားတွေ […]
ကားပေါ်က ကောင်ဆိုးလေး –
ကားအချိန်အကြာကြီးစီးရမှာကိုတွေးပြီး ကျွန်မရင်မောမိတယ်။ ကားစီးရင် ကျွန်မက မူးတက်တယ်လေ။ ကားထွက်ခါနီးမှ ကားပေါ်တက်ထိုင်တယ်။ ပြူတင်းပေါက်ကိုဖွင့်ထားပြီး ခေါင်းကို အပြင်နဲနဲထုတ်ထားလိုက်တယ်။ ဘေးခုံကလူမရှိတေါ့ နေရတာချောင်ချောင်ချိချိပဲ ။ “အးးးး” ကားစထွက်မှလူတစ်ယောက်ပြေးတက်လာပြီး ကျွန်မဘေးမှာ ဝုန်းဆို ခပ်ကြမ်းကြမ်းထိုင်ချလိုက်တယ်။ ပြီးတော့ sorryပါလို့ ကျွန်မကိုတောင်းပန်တယ်။ သူ့ပုံစံကြည့်ပြီး ကျွန်မလည်း စိတ်ပြေလိုက်တာပေါ့။ မြင့်မားသောအရပ်နှင့်လိုက်ဖက်စွာ ခန္ဓာကိုယ်က ကြံ့ခိုင်တောင့်တင်းသည်။ ကားမီးရောင်အောက်မှာ အသားအရည်က ဝင်းနေသည်။ ထူထဲတဲ့မျက်ခုံး နှာတံချွန်ချွန် သေသပ်တဲ့နှုတ်ခမ်း လေးထောင့်ဆန်တဲ့မေးရိုးတွေနဲ့ဖွဲ့စည်းထားတဲ့ သူ့ပုံစံလေးက ကျွန်မထက်၄နှစ် ၅နှစ်တော့ ငယ်မည်ထင်ပါသည်။ အလန်းစားလေးနဲ့တစ်ညလုံးကားတူတူစီးရမယ့်အရေးကိုတွေးပြီး ကားမူးတောင်ပျောက်သွားသလိုပဲ။ ကားပေါ်မှာပြတဲ့မြန်မာကားကို ကြည့်နေတုန်းသူက စကားစပြောလာသည်။ “ရန်ကုန်ထိလား အစ်မ” “အင်းးး မင်းရော” “ကျွန်တော်လည်း ရန်ကုန်ထိပဲ။ဒါနဲ့ အစ်မက တစ်ယောက်ထဲလား။ချောချောလှလှလေးတစ်ယောက်ထဲ ခရီးမသွားသင့်ဘူးဗျ။” ကျွန်မမျက်လွှာချထားမိသည်။ ခပ်ချောချောကောင်လေးက ဘေးနားမှာထိုင်ပြီး […]
ဥမ္မာ လိုတဲ့ငွေကို ကျွန်တော် ကူညီပါရစေနော်
လမ်းထိပ်ရှိ ပျံကျစျေးလေးမှာ အရင်ကထက်ပိုပြီး စည်လာသည်။ ဗန်းခင်းရောင်းသော စျေးသည်များနှင့် ဝါးတဲ ပလတ်စတစ်မိုးဆိုင်တန်းလေးက လမ်းဒေါင့်တဖြတ်ပင် ကျော်၍ သွားခဲ့ချေပြီ။ တနေ့တနေ့ စျေးရောင်းချသူ စျေးသည်တွေ တိုးလာသလို အနီးအနားရှိ တခြားရပ်ကွက်တွေကလည်း ဒီပျံကျစျေးလေးကို လာပြီး အားပေးကြတော့ စျေးဝယ်သူတွေကပါ ကြိတ်ကြိတ်တိုး စည်ကားနေသည်။ စျေးတည်နေရာကလည်း ကတ္တရာလမ်းမကြီး နှစ်ခုကြားတွင် ထိုလမ်းမကြီးနှစ်ခုကို ထိပ်တိုက် ကန့်လန့်ဖြတ်ရှိနေသော လမ်း၏ ဝဲယာလမ်းဘေးတွင် ရှိသည်။ စျေးရှိနေသောလမ်းက ကတ္တရာမခင်းရသေး။ ကျောက်ကြမ်းလမ်း ဖြစ်ပြီး ချိုင့်ခွက်ကြီးတွေပင် ရှိနေလေတော့ ဘယ်ကား၊ ဘယ်ဆိုက်ကားကမှ စျေးရှိသောလမ်းထဲကို ဖြတ်မမောင်း။ ဒီတော့ စျေးသည်ရော စျေးဝယ်ကြသူတွေရော လွတ်လွတ်လပ်လပ် စိတ်ချလက်ချရှိတော့ ဒီပျံကျစျေးလေးက တနေ့တခြား စည်သထက် စည်ကားလာရလေသည်။ ပျံကျစျေးလေး တနေ့တခြား စည်ကားလေ တပြုံးပြုံးဖြင့် […]