ဝမ်းလည်းသာတယ်၊ ဂုဏ်လည်းယူပါတယ် သော်တာရယ်။
ဟလိုဒါလင် ရေးသားသူ – ????? တစ်စုံတစ်ယောက်သောသူကို သတိရမိတဲ့အခါတိုင်း အလွမ်းဖြေရင်း နားထောင်ဘို့ version ၄ ခုနဲ့ ဆိုထားတဲ့ Hello Darling ဆိုတဲ့ အင်္ဂလိပ် သီချင်းလေးကို ကျွန်တော့ Laptop ပေါ်မှာ တင်ထားပါတယ်။ အထူးသဖြင့် မန္တလေး ကိုရောက်လျှင် ပိုသတိရမိပြီး ပိုနားထောင်ဖြစ်ပါတယ်။ ၂၀ဝ၈ ခု၊ နှစ်ဆန်းပိုင်းလောက်ကပါ။ အောင်မင်္ဂလာအဝေးပြေးဝင်း ရန်ကုန်-မန္တလေး Express ကားတစ်စီးပေါ်မှာ ည ၇ နာရီကား လက်မှတ်ဝယ်ပြီး ကားထွက်မည့် အချိန်ကို စောင့်နေတာ ၁၀ မိနစ်ကျော်တဲ့အထိ ကားကမထွက်သေးဘူး။ ခရီးသည်တွေ ကျန်နေသေးလို့ ထင်ပါရဲ့။ ထိုင်ခုံတွေကလည်း ဟိုနား တစ်ခုံ ဒီနားနှစ်ခုံဆိုသလို လွတ်နေသေးတယ်။ ကျွန်တော့် ဘေးခုံကလည်း မလာသေးဘူး၊ တစ်ချို့က … Read more