ကိုကိုရယ် သီရိကို မညှာနဲ့နော်
မရည်ရွယ်ပါ ရေးသားသူ – ????? ကျွန်တော့်အဖေ နောက်အိမ်ထောင်ပြုတော့ ကျွန်တော် ရှစ်နှစ်သားလောက်ပဲ ရှိပါသေးတယ်။ ကျွန်တော့်မိထွေးမှာ သမီးတစ်ယောက် ပါလာပါတယ်။ သူကလည်း ကျွန်တော်နဲ့ ရွယ်တူပါပဲ။ မေမေ့နေရာကို အစားဝင်လာတဲ့သူဖြစ်လို့ သူတို့သားအမိ နှစ်ယောက်ကို ကျွန်တော် လုံးဝကြည့်လို့ မရပါဘူး။ နည်းနည်း အရွယ်ရောက်လာတော့မှ မေမေလေးရဲ့ စေတနာတွေ၊ မေတ္တာတွေကို နားလည်လာခဲ့ပါတယ်။ ဟိုကောင်မလေး သီရိနဲ့ကတော့ တစောင်းစေးနဲ့ မျက်ချေးပေါ့။ ကျွန်တော်က ကိစ္စတော်တော်များများမှာ အလျှော့ပေးခဲ့ပေမယ့် သူကတော့ ကျွန်တော့်ကို ဘယ်လိုမှ ကြည့်မရပါဘူး။ သူ့အမေက ကျွန်တော့်ကို အရေးပေးလို့လား မသိပါ။ ထားပါတော့လေ.. ဒါတွေက ငယ်ငယ်တုန်းကပါ။ အခုတော့ ကျွန်တော်ရော သူပါ ဒဂုံတက္ကသိုလ်မှာ တက်နေကြပါတယ်။ ကျွန်တော်က ဒုတိယနှစ်၊ သူက ပထမနှစ်ပေါ့။ … Read more