ကိုရဲ…နွယ်လည်း စိတ်တွေ လှုပ်ရှားနေတာ” “နောက်တစ်ခေါက်ပေါ့…

ရှူး……..ဟား” လေယာဉ်ပေါ်က အဆင်းတွင် အေးမြပြီး လတ်ဆတ်သော ရန်ကုန်ဧ။် ဒီဇင်ဘာလေကို တဝ ရှူပြစ်လိုက်သည်။ ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးသော နိုင်ငံတွင် ဖြစ်လေ့ရှိသော လူငယ်သဘာဝ အတိုင်း အများနည်းတူ စွန့်စားကာ မြို့ပြလူနေမှု စနစ် ရှေ့ရောက်နေသော ဂျပန်တွင် ကျောင်းတက်ရင်း အလုပ်လုပ်နေသည်မှာ ၃ နှစ်ကျော်လေပြီ။ အခုဆို နောင်ရဲ အသက် ၂၇ ပင် ပြည့်တော့မည်။ မိဘများ ဆုံးပါးပြီးနောက် တစ်ကောင်ကြွက် ဖြစ်နေသော နောင်ရဲအဖို့ လူငယ်ပီပီ တဇွတ်တိုး ထိုးထွက်ကာ ဂျပန်တွင် စကားပြောသင်တန်း တက်ရင်း အချိန်ပိုင်း အလုပ် လုပ်ဖြစ်သည်။ သင်တန်းကာလ တစ်နှစ်ပြီးသောအခါ work permit visa ဝယ်ပြီး ဆက်နေဖြစ်သည်။ လူငယ် သဘာဝ ပျော်ပျော်ပါးပါး … Read more

တစ်ချိန်မှာတော့ ကျွန်မယောကျာ်းဖြစ်လာမှာပါ…

ကျွန်မကျူရှင်ကို နောက်ကျမှ ရောက်သွားပြန်သည်။တံခါးကို ဖွင့်ကာ စာသင်ခန်းထဲ ဝင်ရန် ခွင့်တောင်းလိုက်တော့ ဆရာက သင်နေတာကိုရပ်ပြီး လှမ်းကြည့်သည်။ ”မင်း ထပ်ပြီးနောက်ကျပြန်ပြီ။လာ မြန်မြန်ဝင်။နောက်တစ်ခါ ဆို နောက်မကျစေနဲ့။ဆရာက အချိန်တိကျမှကြိုက်တာ အားလုံးမှတ်ထားနော်’ အတန်းသားတွေ ရှေ့တွင် အပြောခံနေရ၍ မကြည်ချင်သည့်စိတ်က တိုသွားသည်။ ” ၁၅မိနစ်လောက်ပဲ နောက်ကျတာပါ ဆရာကလည်း” ကျွန်မကပြန်ပြောလိုက်သည့် အသံတွင် စိတ်မကျေမနပ်မှုပေါ်လွင်နေသည်။တကယ်တော့ ဆရာနှင့်ကျွန်မက ချစ်သူတွေဖြစ်သည်။သို့သော် လူမှုရေး ပတ်ဝန်းကျင် တွင် ဆရာ တပည့် တွဲလျှင် အပြောခံရသည်မှာ များ၍ ဘယ်သူမှမသိအောင်တွဲကြသည်။ဒါပေမယ့် ခုလို လူတွေရှေ့ဆူတာမျိုးကို ကျွန်မမကြိုက်ပါ။သူက နှစ်ယောက်သားချိန်းတွေ့သည့် အချိန်မှာပါ ဆရာလုပ်ချင်သူဖြစ်သည်။ ကျွန်မနေရာတွင် ဝင်ထိုင်၍ သူသင်တာကို အာရုံစိုက်ရန်ကြိ ုးစားလိုက်သည်။ကျောင်းသားတစ်ချို့ လှည့်၍ပြောင်ပြနေ၍ ကျွန်မပြုံး ပြီး လက်ခလယ် … Read more

ဘာဖြစ်လို့လဲ လေးနွယ် .. ကိုယ်လုပ်ပေးတာ မကောင်းလို့လား .

ကိုယ်ကလေးကိုဖျော့၊ ကျော့ကိုဆန့်ပြီး ကုလားထိုင် နောက်မှီပေါ် ပုခုံးတင်ထားရင်းမှ လေးလေးနွယ်တစ်ယောက် ခေါင်းကလေးကို ဘယ်ညာယိမ်းကာ အကျောလျှော့နေမိသည်။ လောလောလတ်လတ်မှ ပရင့်အောက် ထုတ်ထားသည့် စာရင်းရှင်းတမ်း ရီပို့သည် စားပွဲခုံ၏ ထောင့်စွန်းတွင် ငြိမ်သက်စွာ လဲလျောင်းလျက်ရှိသည်။ ရင်ကလေး မို့တက်လာသည်အထိ လေကိုု တစ်ဝကြီး ရှူသွင်းပြီးနောက် ရုံးခန်းပေါက်ဝတွင် ချိတ်ထားသော တိုင်ကပ်နာရီကို လှမ်းကြည့်မိ၏။ နာရီလက်တံက ၈နာရီတိတိ ထိုးနေပြီ ဖြစ်ကြောင်း လေးနွယ် (လေးလေးနွယ်၏ နာမည်အတိုကောက်)ကို လှမ်းအသိပေးသည်။ မဖြစ်သေးဘူး .. ငါ ပြန်မှပဲ .. မဟုတ်ရင် လိုင်းကား ရှိတော့မှာ မဟုတ်ဘူးဟု လေးနွယ် ကိုယ့်ကိုယ်ကို သတိပေးလိုက်ရင်း ထိုင်နေရာမှ ထသည်။ ညနေ လေးနာရီ ထိုးကတည်းက လေးနွယ်တို့ တစ်ရုံးလုံး တိတ်ဆိတ်နေခဲ့ပါသည်။ … Read more