ဒီနေ့ … ဘာဖြစ်မှန်း မသိဘူးကြည်ပါဦး ပိုး ရယ် ”

တူတူ … တူတူ … တူ ……. ” ရုတ်တရက် ဖုန်းသံမြည်လာ သဖြင့် သော်တာတွန်း အတွေးစများ ပြတ်သွားရ၏။ ဖုန်းအား ဖွင့်ကြည့်ရာ ပိုးရတီ နေသည်မို့ စိတ်ထဲ တမျိုးလေး ခံစားလိုက်ရ ပြန်သည်။ အရင် ယောကျၤား စိတ်ဖြင့် ပိုးရတီ အပေါ် ချစ်ခဲ့ ပေမယ့် ခုချိန် ယောကျၤားစိတ် ပျောက်ကွယ် နေတော့၏။ ” ပြောလေ … သဲ ” ” ဟာ … လေသံက စိမ်းလှချည်လား … သော်သော် ရယ် ” ” မဟုတ်ပါဘူး … ဒီရက် သော်သော် … စိတ်ညစ် နေလို့ပါ ” … Read more

ကျွန်မ အလုပ်တော်တော်လိုချင်နေရင်တော့ တနေရာရာကိုလာသင့်တယ်တဲ့။

ဆယ်တန်းအောင်ပြီးတော့ ကျွန်မ ဘာလုပ်ရမယ် ရေရေရာရာမသိ။ အမှတ်ကလဲ မကောင်းတော့ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တက်ဖို့ မမီ။ အိမ်ကလဲ စီးပွားရေးအဆင်ပြေလှသည်ချည်းမဟုတ်တော့ အဝေးသင်တက်ပြီး အလုပ်လျှောက်ဖို့ ဆုံးဖြတ်လိုက်ရတယ်။ ဘွဲ့များများရတဲ့သူတွေတောင် အလုပ်ရဖို့ခက်နေတဲ့ ခေတ်ကြီးထဲ ကျွန်မလို ဆယ်တန်းအောင်ခါစသူအတွက် အပုံကြီးခက်တာအမှန်ပါပဲ။ ရှိစုမဲ့စု ပိုက်ဆံလေးနဲ့ ကျွန်မ ကွန်ပြူတာသင်တန်းတက်တယ်။ အလုပ်ရဖို့ ကြိုးစားတယ်။ သတင်းစာတွေမှာ အလုပ်ခေါ်တဲ့ကြော်ငြာရှာတယ်။ လမ်းသွားရင်းလဲ ကပ်ထားသမျှ အလုပ်ခေါ်စာဖတ်တယ်။ သွားလျှောက်တယ်။ ဒါပေမဲ့ အငြင်းခံရတယ်။ အင်တာဗျူးတောင် မဖြေရဘူး။ စိတ်ဓာတ်တော့မကျပါဘူး။ တနေ့တော့ အလုပ်ရမှာပဲလို့ ယုံကြည်ထားတယ်။ တရက် ကျွန်မ ကွန်ပြူတာသင်တန်းကအပြန် လမ်းလျှောက်လာရင်း အလုပ်ခေါ်စာတခုတွေ့တယ်။ (အမျိုးသမီး ဝန်ထမ်း အလိုရှိသည်) အစချီပြီး ဘာညာဘာညာပေါ့။ ခေါ်တဲ့ကမ်ပဏီလိပ်စာလဲ ရေးထားတယ်။ ကျွန်မရောက်နေတဲ့ နေရာနဲ့ သိပ်မဝေးတော့ ချက်ချင်းသွားလိုက်တယ်။ … Read more

စိတ်ချပါ မမလဲ့ရယ် ကျနော် က မလဲ့ ကို တိတ်တိတ်လေးချစ်ချင်တာပါ

ကိုကို အလုပ်ထွက်မည့်နေ့။ အလုပ်သာထွက်ရတာ ဒီအလုပ်ကိုသံယောဇဉ်ရှိသည်။ ဒါပေမယ့်လည်း သူ့ သူငယ်ချင်းများ နှင့် လုပ်ငန်းစပ်တူ အဖြစ်ပထမဆုံး စလုပ်မှာမို့ ထွက်ရတာ ။ဒီနေ့တော့ အလုပ်နောက်ဆုံးလုပ်ခဲ့တဲ့ သူ့လစာ ကိုသွားထုတ်ရင်း ယူနီဖောင်းတွေ ကို သွားအပ်သည်။ ရုံးခန်းထဲရောက်တော့ မန်နေဂျာ မလဲ့ က သူ့ကို အပြုံးဖြင့် နှုတ်ဆက်သည်။ မလဲ့က သူတို့ ကုန်တိုက်မှာ မန်နေဂျာ လေ။ “ဟဲ့ နင့်က ငါတို့ကိုခွဲသွားတော့မှာပေါ့” ဟု ပြောတော့.. “ဟုတ် မထွက်ချင်ပါဘူး အစ်မ ရယ် ဒါပေမယ့် သူငယ်ချင်းတွေ နဲ့ အလုပ်အတူတူလုပ်မှာမို့ပါ” ဟု ပြောရင်း ယူနီဖောင်းများကို မလဲ့ကို လှမ်းပေးလိုက်သည်။ မလဲ့က ယူနီဖောင်းများကို လှမ်းယူရင်း “အင်း လစာ ထုတ်ရဦးမယ်နော်..”ဟု … Read more