အီစိမ့်နေအောင် ကောင်းတဲ့ အရသာ

ဇင်မာလင်းကို တစ်ဆွေလုံးတစ်မျိုးလုံးက ဝိုင်းပယ်ထားသည်။ ပြောဆိုဆက်ဆံခြင်း မလုပ်ကြဟုဆိုလျှင် ဇင်မာလင်း ဘယ်လောက်ဆိုးသလဲဆိုတာ သိသွားနိုင်သည်။ နောက် ဇင်မာလင်း ဘာတွေမှားခဲ့သလဲဟုလည်း စဉ်းစားစရာဖြစ်လာရသည်။ ဇင်မာလင်းက အသိုင်းအဝိုင်းတစ်ခုလုံးက ခွင့်မလွှတ်နိုင်သော အမှားကို ကျူးလွန်မိခဲ့သည်။ ဦးခင်‌မောင်နှင့် ဒေါ်မေသူတို့မှာ ဗိုလ်ချုပ်ဈေးထဲတွင် ရတနာဆိုင်ကြီးဖွင့်ထားသည့် ရတနာကုန်သည်တွေဖြစ်သည်။ သူတို့တွင် တစ်ဦးတည်းသော သမီးလေး တစ်ယောက်ထဲရှိသည်။ သူမကတော့ ဇင်မာလင်း ပင်ဖြစ်သည်။ စီးပွားကလည်း ချမ်းသာ၊ မိသားစုသုံးယောက်စလုံးကလည်း ကျန်းမာဆိုတော့ သူတို့မိသားစုလေးသည် ပျော်ရွှင်ချမ်းမြေ့စရာ ကောင်းလှသည်။ ဒါပေမယ့် ဇင်မာလင်း အသက်(၁၈)နှစ်အရွယ်တွင်တော့ သူတို့မိသားစုလေး ကံဆိုးမိုးမှောင် ကျခဲ့ရသည်။ ဒါကလည်း ဇင်မာလင်းကြောင့်ပင် ဖြစ်သည်။ ဖြစ်ပုံက ဇင်မာလင်းက သူ့ထက် အသက်(၁၂)နှစ်လောက်ကြီးသော အရက်သမားတစ်ယောက်နှင့် လိုက်ပြေးသွားခြင်းကြောင့်ပင် ဖြစ်သည်။ ပြီးတော့ကြည့်ဦး ဇင်မာလင်း ယူလိုက်တာက … Read more

ကားပေါ်တက် အိမ်ရောက်မှ ခြောက်မခြောက် လက်တွေ့လဲပြမယ်

လည်ပင်းမှာ ရှုပ်ယှက်ခက်နေတဲ့ ပန်းကုံးတွေ စားပွဲပေါ်ပစ်တင်ရင်း နှုတ်ခမ်းမှာ ဆိုးထားတဲ့ အနီရဲရဲ နှုတ်ခမ်းနီကို တစ်ရှုးနဲ့ ပွတ်သုတ်ပစ်တယ်။ ခုံပေါ်ထိုင်ချရင်း သောက်ရေဘူးဆီ လက်အလှမ်း… “ရှေး…နင့်ကို ဂျာကြီးလှမ်းခေါ်နေတယ်… ဘိုးတော်တွေဝိုင်းမှာ” “ငါအမောတောင် မပြေသေးဘူး” “အဲ့ဒါဆို ငါသွားလိုက်ရမလား” “သွားချင်သွားလေ…ငါမလာနိုင်ဘူးပြောလိုက်” ကိုယ်လုံးနည်းနည်းသွယ်ပေမဲ့ မျက်နှာဝိုင်းဝိုင်းကလေးပုံစံလေးနဲ့ ညိုက မျှော်လင့်တကြီးနဲ့မေးတယ်… ဧကန်န ခုချိန်ထိ လူမရသေးဘူးထင်တယ်… “ငါ တကယ် သွားရမလားဟင်” “အင်း သွားလိုက်…ငါနေမကောင်းလို့ အခုပဲ ပြန်တော့မှာလို့” “ကျေးဇူးပဲဟာ..ငါသွားတော့မယ်” “အင်း” ညို ထွက်သွားမှ ရေဘူးကို မော့သောက်ရင်း အိတ်ထဲက ဖုန်းကို ဆွဲထုတ်တယ်… “ရှေး” နှစ်ပေါင်းများစွာ.. ရင်းနှီးနေတဲ့ အသံတစ်ခု… “နင်ပြန်တော့မှာဆို… ငါပြန်လိုက်ပို့မယ်” “ငါ ဒီည အိမ်ပြန်မှာ…” “ဘယ်ပဲပြန်ပြန်… ငါလိုက်ပို့မယ်” … Read more

ဘုန်းနိမ့်လိမ့်မယ် မောင်ရယ်

တစ်ညလုံး သည်းသည်းမဲမဲ ရွာနေသောမိုးကား မိုးလင်းချိန်တွင်တော့ တဖြည်းဖြည်းချင်း စဲသွားချေပြီ။ အိမ်အပေါ်ထပ်မှာ ပြတင်းတံခါးကို ဖွင့်နေသော ဒေါ်သူဇာ ခြံစောင့်ကြီး ဦးလှအောင်က ဧည့်သည်တစ်ယောက်ကို တံခါးဖွင့်ပေးနေတာကို လှမ်းမြင်နေရသည်။ စောစောစီးစီး ဘယ်သူများပါလိမ့်လို့ တွေးမိသည်။ ဦးလှမောင်က ဧည့်သည်ကို သူမတို့တိုက်ကြီးဆီသို့ ခေါ်လာပါတယ်။ တဖြည်းဖြည်းနဲ့ သူမတို့အိမ်ဘက်ကို နီးလာသောအခါတွင်လည်း ဧည့်သည်က ဦးထုပ်ဆောင်းထားသဖြင့် မျက်နှာကိုမမြင်ရသေး။ ခရီးဝေးမှ လာခဲ့ဟန်တူသည်။ “မမလေး မမလေး ဧည့်သည် ရောက်နေပါတယ်”။ သူမအိမ်ဖော်မလေး မိအေးက အပေါ်ထပ်တက်လာပြီး ပြောပါတယ်။ “အေး သိတယ် လာခဲ့မယ်” ဆိုပြီး သူမလည်း အိမ်အောက်ထပ်ကို ဆင်းခဲ့ပါတယ်။ သူမဆင်းလာတာမြင်တော့ ဧည့်ခန်းမှာ ထိုင်နေတဲ့ စောစောက ခြံထဲကို ဝင်လာသောသူက ခေါင်းကိုမော့ကြည့်လိုက်ပါတယ်။ လူရွယ်တစ်ယောက်ပါ ၂၇ နှစ်ခန့်ရှိပြီး … Read more