ငါ့ အသဲနှလုံးတွေ ဘလောင်ဆန်နေပြီ…
အချိန်မှာ 1938 ခုနှစ် ဖြစ်ပေသည်။ ရေနံမြေသပိတ် တပ်မတော်ကြီး ရန်ကုန်မြို့တော် သို့ချီတက်သွားသည်မှာ ရက်သတ္တပတ်ပင် ပြည့်မြောက်ခဲ့သည့် အချိန်ပင် ဖြစ်ပေသည်။ ရေနံမြေ မြို့တော်၏ အရှေ့ဖျား ရွာစုလေးဝယ် တပ်မတော်ကြီးနှင့် တပါတည်း ချီတက်သွားကြပြီဖြစ်သော အိမ်ရှင်ယောက်ျားများ မရှိသလောက်ပင် ဖြစ်သဖြင့် မိန်းမသား ချည်းသာ ကျန်ရစ်ခဲ့ပြီဖြစ်ရကား ခြောက်သွေ့၍ နေပေသည်။ ရွာဖျားထိပ်တွင် အထီးကျန်ဘဝ ပမာ ဆောက်လုပ်ထားသည့် တဲငယ် တစ်လုံးအတွင်းဝယ် တစ်ချက် တစ်ချက် ဝှေ့ယမ်းတိုက်ခတ်လိုက်သည့် လေ၏ လှုပ်ရှုားမှုကြောင့် လင်းတခါ မှုံတလှည့်ဖြင့် ညိမ်းလုညိမ်းဆဲ မီးရောင်အောက်တွင် ခံစားနေရသည့် ဝေဒနာကြောင့် မချိမဆံ ညဉ်းညူ နေသည့် လူမမာ၏ ဘေးတစ်ဘက်တစ်ချက်တွင် စိုးရိမ်ခြင်း ကြီးစွာဖြင့် ကြည့်နေသည့် အသက် ၃၅ နှစ် … Read more