ကျွန်တော် မမို့ခိုင်းတာ အကုန်လုပ်ပါ့မယ်”

🏵️(အခန်း ၁)🏵️ “သားရေ ခြံရှေ့က ဆိုင်ကယ်ဟွန်းတီးနေတယ်။ ထွက်ကြည့်လိုက်ဦး။” “ဟုတ်ကဲ့ အမေ” ဖိုးကျော် သူ့ရဲ့မိခင်ဖြစ်သူ နောက်ဖက်မှာ ရေချိုးနေသဖြင့် အိမ်ရှေ့သို့ ထွက်ကြည့်လိုက်သည်။ မေမေ့မိတ်ဆွေဖြစ်သူ မဇင်မာသဲ ။ “ကဲ ငါ့မောင်ရေ စားစရာတွေ လာယူဦး” ဇာခြည်သဲက ဆွဲလာသော ခေါက်ဆွဲကြော်ထုပ်နှစ်ထုပ်ကို ဖိုးကျော်ဆီ ပေးလိုက်သည်။ ဒီလိုဘဲ ဇာခြည်သဲက အိမ်လာတိုင်း ဖိုးကျော်တို့သားအမိ စားဖို့ တစ်ခုမဟုတ် တစ်ခုတော့ ယူလာနေကြ။ “ဟဲ့ မင်းအစ်မကို အိမ်ထဲခေါ်ဦးလေ။ လာ အထဲဝင်ဦး သဲသဲ။ ဘာလို့ စားစရာတွေ ယူလာတာလဲ အားနာစရာ” “အို အန်တီကလည်း အားနာစရာမှ မဟုတ်တာ။ ကျွန်မဆိုင်မှာဘဲ လုပ်တာကို” ဇင်မာသဲက ဒီမြို့လေးမှာ အအေးဆိုင်၊ ခေါက်ဆွဲဆိုင် ဖွင့်ထားသူလေ။ … Read more

ဒီဆရာမက တော်တော်ထန်တာပဲကွ… မသိရင်တော့ မာနကြီးသလိုလိုနဲ့”

“မိုးထက်ရေ…. ဟဲ့ မိုးထက်” ဟူသော အသံနှင့်အတူ ခန္ဓာကိုယ်ကို အတင်းလှုပ်နေသည့် ခံစားချက်ကြောင့် မိုးထက်မြင့်တစ်ယောက် အိပ်ချင်မူးတူးနှင့် မျက်လုံးကို အတင်းဖွင့်ကြည့်လိုက်သည်။ “ဟာ” “မေ… နင်မပြောမဆိုနဲ့ ငါ့အခန်းထဲ ဝင်လာပြန်ပြီ” ကုတင်ပေါ်ထိတက်ကာ လာနှိုးနေသည့် ငယ်သူငယ်ချင်းငရှုပ်မ လှလွန်းမေကို မြင်လိုက်ရသဖြင့် မိုးထက်မြင့်တစ်ယောက် ဆူပုတ်ပုတ်နှင့် ငေါက်လိုက်မိသည်။ ငေါက်သာငေါက်ရသည် ဒင်းလေးက ဘယ်တော့မှ အမှတ်မရှိ၊ မထင်ရင်မထင်သလို အခန်းထဲထိ ဇွတ်ဝင်ကာ လာလာရှုပ်တတ်သည်။ မိုးထက်မြင့်မိဘတွေကလည်း လှလွန်းမေကို သူတို့သမီးအရင်းတစ်ယောက်သဖွယ် ချစ်ကြသူများဖြစ်သည့်အလျှောက် ငတိမ ဘယ်လိုလာရှုပ်ရှုပ် ပြုံးပြုံး ပြုံးပြုံးနှင့်သာ ကြည့်နေတတ်သဖြင့် မေတစ်ယောက် ပိုပိုရောင့်တတ်လာသည်ဟုသာ မိုးထက်မြင့်ကထင်သည်။ “နင်က ကျောင်းတက်ချိန်နီးနေတာကို ထမှမထတာ။ အကောင်းနဲ့လည်း နှိုးရသေးတယ်” အဆူခံရသဖြင့် လှလွန်းမေတစ်ယောက် စိတ်ကောက်ကာ နှုတ်ခမ်းကိုဆူထားမိသည်။ “နင်ကလည်း … Read more

မောင်တို့ သူ့အဆောင်ကို လိုက်သွားကြမလား ချစ်”

အခန်း ( ၅ ) သုတ ကျောင်းကိုရောက်တော့ မြတ်နိုးကို လိုက်ရှာနေမိသည်။ အဆောင်မှာ နှစ်ရက်လောက် အောင်းနေလိုက်မိသောကြောင့် စာတွေလည်း နောက်ကျနေပြီဖြစ်သည်။ ကျောင်းမတက်ဖြစ်ပဲ သူစဉ်းစားနေမိသည်မှာ သူ့လက်ထဲတွင်ရှိနေသော ကလစ်လေး၏ ပိုင်ရှင်ကိုပင်ဖြစ်သည်။ ဘာတွေဖြစ်ခဲ့သည်ဆိုတာကို သူ သေချာမမှတ်မိသောကြောင့် သိချင်နေမိသည်။ သူ ဘယ်လိုဘဲ စဉ်းစားစဉ်းစား မြတ်နိုးဇော်ကိုသာ မြင်ယောင်နေမိသည်။ ရန်ကုန်လိုနေရာမျိုးတွင် သူ့ကို ဂရုတစိုက်နှင့်ရှိမည့် မိန်းကလေးဆို၍ မြတ်နိုးဇော်တစ်ယောက်သာ ရှိနိုင်သည်။ မြတ်နိုးဇော်နှင့် တွေ့လိုက်ရလျှင် ရှင်းသွားလိမ့်မည်ထင်သည်။ တစ်ကျောင်းလုံး လှည့်ပတ်ရှာသော်လည်း မြတ်နိုးဇော်ကို မတွေ့ရ။ စိတ်ညစ်ညစ်နှင့် အတန်းထဲဝင်လိုက်မိသည်။ ဆရာ ဘာတွေသင်နေသည်ဆိုတာကို သူ စိတ်မဝင်စားမိပေ။ စိတ်က ပျံလွင့်လျှက်ရှိနေသည်။ သူငယ်ချင်းတစ်ယောက်ဆီမှ စာအုပ်ငှားပြီး လွတ်သွားသော စာများကို ပြန်ကူးရသည်။ မေကြည်နူးအကြောင်းကို မစဉ်းစားမိစေရန် … Read more