ဆရာမ မမငြိမ်းရဲ့ ကျောင်းစိမ်းထဘီလေး
တောင်ကြီးရဲ့ ဆောင်းက အေးချမ်းလွန်းတော့ မိုးလင်းလို့ မထချင်ဘဲ စောင်ထဲသာ ဆက်ကွေးနေလိုက်သည်။ ”စိုင်းလေး ထတော့လေ ၁၀ နာရီ ထိုးနေပြီ… မင်း အစ်မကိုလည်း ကားဂိတ်မှာ သွားကြိုလိုက်ဦး..” မငြိမ်း… မမငြိမ်း က အမေ့တူမ.. ကျွန်တော့် တစ်ဝမ်းကွဲ မမ။ အသက် ငါးနှစ်လောက်ကတည်း က မမ အဖေက မိုးကုတ်ကျောက်တွင်းမှာ ကျောက်ပိပြီး ဆုံးသွားသည်။ ထိုစိတ်နဲ့ မမ အမေကလည်း နှလုံးရောဂါဖြင့် ရှေ့ဆင့်နောက်ဆင့်ပင် ထပ်ဆုံးသွားသည်။ ငယ်ငယ်လေးနဲ့ မိဘမဲ့သွားရှာတဲ့ မမကို မေမေက မွေးစားခဲ့ခြင်း ဖြစ်သည်။ လိမ္မာပြီး ကျေးဇူးသိတတ်တဲ့ မမကလည်း မေမေ့ကို ချစ်ကြောက် ရိုသေလေးစားပြီး ကျွန်တော့် အပေါ်လည်း မောင်လေး အရင်းတစ်ယောက်လို ချစ်ခင် ဂရုစိုက်သည်။ … Read more