နှစ်သိမ့်ဆုလေး…စု
ရန်ကုန်မြို့ရဲ့နွေရာသီ တနင်္ဂနွေတစ်နေ့ကတော့ သူဟာနဲ့သူပုံမှန်လည်ပတ်လို့နေပါတယ်။ ရွှေဘုံသာလမ်းက JDonut ဆိုင်တွင်းက Air con ခန်းလေးထဲမှာကတော့ကိုယ်စီကိုယ်စီအပူဒဏ်ကိုရှောင်လွှဲနေကြရင်း အအေးလေးသောက်လိုက် မုန့်လေးစားလိုက်နဲ့ အများစုကတော့အေးချမ်းနေကြပါတယ်။ဆိုင်ထဲမှာဘယ်လောက်ပဲ အေးအေးလမ်းနဲ့ကပ်လျက်မှန်ဘေးကကိုမောင့်ရင်ထဲမှာတော့ ပူလောင်လို့နေပါတယ်။ ပူလောင်ရတဲ့အကြောင်းအရင်းကတော့ဒီကနေ့ကိုမောင်တစ်ယောက်အသည်းနင့်အောင်ချစ်ခဲ့ရတဲ့ ကြည်ပြာတစ်ယောက် ကုမ္ပဏီပိုင်ရှင်သားတစ်ယောက်နဲ့လက်ထပ်မှာဖြစ်လို့ပါ။ အတိတ်ကိုပြန်လည်တူးဆွရရင်ဖြင့် ကိုမောင်တစ်ယောက်ကြည်ပြာ့အဖေဦးမိုးမြ င့်ရဲ့ဆောက်လုပ်ရေးကုမ္ပဏီမှာ ဆိုဒ်မန်နေဂျာ အဖြစ်တာဝန်ထမ်းဆောင်နေတုန်း ကိုမောင်တို့ဆိုဒ်ထဲကိုကြည်ပြာတစ်ယောက်စာရင်းကိုင်နဲ့ကျောင်းပြီးလို့သူ့အဖေက လုပ်ငန်း အတွေ့အကြုံရအောင်လုပ်ခိုင်းရင်းစတင်တွေ့ကြုံခဲ့ရတာပါ။ လကုန်ရက်တစ်ရက်မှာစာရင်းတွေကတော်တော်ကွာနေတာမို့ကြည် ပြာနဲ့ကိုမောင်စာရင်းတွေ ဝိုင်းလုပ်ကြရင်းညနက်သွားပါတယ်။ ဒီတော့ကိုမောင်ကကြည်ပြာကို လိုက်ပို့ရင်းစတင်ရင်းနှီးခင်မင်သွ ားကြပါတယ်။ တစ်လလောက်လည်းကြာတော့ ချစ်သူဘဝ ရောက်ကြရပါတယ်။ ပိတ်ရက်မှာပန်းခြံသွားလိုက်၊ရုပ်ရှင်ကြည့်လိုက်နဲ့ချစ်သူတို့ဘဝအရသာကို ပျော်ပျော်ကြီးခံစားနေကြပါ တယ်။ ကိုမောင်ကတော့ နောက်မှဦးမိုးမြင့်ကို ဖွင့်ပြောကာလက်ထပ်ကြမယ်လို့စီစဉ်ထားပါတယ်။ဒါပေမယ့်သူတို့အပျော်လေး တွေလေးလလောက်ပဲခံပါတယ်။ တစ်နေ့ဦးမိုးမြင့်က သူတို့နဲ့လုပ်ဖော်ကိုင်ဖက်ကုမ္ပဏီပိုင်ရှင်သားနဲ့ ကြည်ပြာ့ကို လက်ထပ်ပေးဖို့ ပြောဆိုကာရက်သတ်မှတ်ပေးလိုက်တာမို့ချစ်သူနှစ်ဦးငိုပွဲဆင်ခဲ့ရပါတယ်။ ကိုမောင့်အနေနဲ့ကြည်ပြာ့ကိုခိုးပြေးရင်ဖြစ်နိုင်ပေမယ့် ဦးမိုးမြင့်ရဲ့ကျေးဇူးတွေက ကိုမောင်တို့မိသားစုဒီတစ်သက်မပြောနဲ့နောင်ဘဝတောင်ဆပ်လို့မကုန်တာမို့ ကိုမောင်တစ်ယောက် ရင်နာနာနဲ့ပဲနောက်ဆုတ်ကာကျေးဇူးရှင်အလိုကျဘာမှမဖြစ်သလိုနေပေးလိုက်ရပါတော့တယ်။ တစ်နေ့… ကြည်ပြာလက်ထပ်ဖို့ တစ်ပါတ်လောက်ပဲလိုတဲ့အချိန်မှာတော့ ကိုမောင်တစ်ယောက်ကြည်ပြာ့ကိုရင်ဆိုင်ဖို့စွမ်းအားမရှိ … Read more