ငွေကိုလည်း မင်းလိုသလောက် ပေးမှာပါ… ပြန်ပေးစရာ မလိုပါဘူး… “

လင်ယူရမှာ ကြောက်ပါရဲ့ ရေးသားသူ – အမည်မသိ လမ်းထိပ်ရှိ ပျံကျစျေးလေးမှာ အရင်ကထက်ပိုပြီး စည်လာသည်။ ဗန်းခင်းရောင်းသော စျေးသည်များနှင့် ဝါးတဲ ပလတ်စတစ်မိုးဆိုင်တန်းလေးက လမ်းဒေါင့်တဖြတ်ပင် ကျော်၍ သွားခဲ့ချေပြီ။ တနေ့တနေ့ စျေးရောင်းချသူ စျေးသည်တွေ တိုးလာသလို အနီးအနားရှိ တခြားရပ်ကွက်တွေကလည်း ဒီပျံကျစျေးလေးကို လာပြီး အားပေးကြတော့ စျေးဝယ်သူတွေကပါ ကြိတ်ကြိတ်တိုး စည်ကားနေသည်။ စျေးတည်နေရာကလည်း ကတ္တရာလမ်းမကြီး နှစ်ခုကြားတွင် ထိုလမ်းမကြီးနှစ်ခုကို ထိပ်တိုက် ကန့်လန့်ဖြတ်ရှိနေသော လမ်း၏ ဝဲယာလမ်းဘေးတွင် ရှိသည်။ စျေးရှိနေသောလမ်းက ကတ္တရာမခင်းရသေး။ ကျောက်ကြမ်းလမ်း ဖြစ်ပြီး ချိုင့်ခွက်ကြီးတွေပင် ရှိနေလေတော့ ဘယ်ကား၊ ဘယ်ဆိုက်ကားကမှ စျေးရှိသောလမ်းထဲကို ဖြတ်မမောင်း။ ဒီတော့ စျေးသည်ရော စျေးဝယ်ကြသူတွေရော လွတ်လွတ်လပ်လပ် စိတ်ချလက်ချရှိတော့ ဒီပျံကျစျေးလေးက တနေ့တခြား စည်သထက် … Read more

မမလေး ခွင့်လွှတ်ပါ ဦးစိတ်မထိန်းနိုင်လို့ ဖြစ်သွားတာပါ”

ကံစေရာ ရေးသားသူ – sarmuto “ဘုန်း”ဆောက်လုပ်ရေး ဆိုလျှင် မသိသူ မရှိသလောက်ပင် ။ ဝန်ဆောင်မှုကောင်းခြင်း၊ ဒီဇိုင်းသေသပ်လှပခြင်း၊ ခိုင်ခန့်ပြီး အလုပ်အပ်သူများ၏ စိတ်တိုင်းကျ ဆောင်ရွက်ပေးခြင်း တို့ကြောင့် ဖြစ်သည်။ ထို့ကြောင့်လည်း ဘုန်းခန့်တစ်ယောက် အလုပ်များပြီး project တစ်ခုဖြင့် ဧည့်ခန်းထဲတွင် အလုပ်ရှုပ် နေလေသည်။ “ကိုကို မအိပ်သေးဘူးလား အချိန်လည်းကြည့်ဦး” မိမိ၏ဇနီး ချစ်ဖူး အသံကြားမှ ဘုန်းခန့် နာရီကို လှမ်းကြည့်မိသည် ။ ည ၁၂:၂၀ ပင်ရှိပြီ ဖြစ်သည်။ “အလုပ်လုပ်တာလည်း လုပ်တာပေါ့ ကိုကိုရယ်။ ကျန်းမားရေးလည်း ဂရုစိုက်ဦးမှပေါ့” ဟုပြောကာ ဘုန်းခန့်ဘေးမှာ ဝင်ထိုင်လိုက်သည်။ “ပြီးခါနီးမို့ တခါတည်း အပြီးသတ်လိုက်ချင်လို့ပါ မိန်းမရယ်” ဘုန်းခန့် သူ၏ဘေးတွင် ဝင်ထိုင်လိုက်သော ချစ်ဖူးကို … Read more

ချစ်လိုက်တာ ယမင်းကလေးရယ်

ပိုင်းလုံးမကြီး ရေးသားသူ – အမည်မသိ တစ်ယောက်နှင့် တစ်ယောက်လည်း အပြိုင်အဆိုင်ရှိကြသည်။ အားလုံးက လက်လုပ်လက်စား နွမ်းပါးသူတွေ ဖြစ်ကြပြီး တစ်နေ့လုပ်မှ တစ်နေ့စားရသူတွေ ဖြစ်ပေမယ့် မိန်းမသားများပီပီ ကိုယ့်မာနနှင့် ကိုယ်တော့ ရှိကြသည်ပင်။ မြယမင်း မှာ မိခင်ဖြစ်သူနှင့်အတူ ညီမတစ်ယောက် မောင်တစ်ယောက်သာရှိသည်။ အဖေက သူမငယ်စဉ်ကပင် ဆုံးပါးသွားခဲ့ပြီ ဖြစ်သည်။ သူမမိခင် ဒေါ်ရင်ရွှေက ဈေးမှာ ကုန်စိမ်းရောင်းသည်။ မြယမင်းအောက်က ညီမနှင့်မောင်ငယ်ဖြစ်သူက အမေ့ကို ကူ၍ ဈေးရောင်းသည်။ အလှည့်ကျ ချက်ပြုတ်ကြသည်။ ညီမလေးစန်းသီက မြယမင်းထက် အသက်လေးနှစ်ခန့်ငယ်ပြီး အသက် ၁၄ နှစ်ရှိပြီဖြစ်ကာ မောင်ဖြစ်သူဖိုးခွေးက ယခုမှ အသက် ၁၂ နှစ်လောက်သာ ရှိသေးသည်။ နှစ်ယောက်စလုံး ကျောင်းမနေကြတော့ဘဲ မိခင်အလုပ်ကိုသာ ဝိုင်းကူလုပ်ကာ အတော်ကလေးလည်း … Read more