မောင့်ထက်ကြီးတာတော့ မြင်ဖူးတာပေါ့
အော်……ကိုလတ်ဇင်လား…..ဘယ်သူမှမရောက်ကြသေးဘူး စပယ်ပဲရောက်သေးတာ” အလိုက်သင့်ပြန်ဖြေရင်းသူ့ကိုအကဲခတ်ကြည့်လိုက်တယ်။သူက အွန်လိုင်းကနေ ခင်မင်ခဲ့တဲ့ ကျွန်မသူငယ်ချင်းပါ။ မနေ့တနေ့ကမှ နိုင်ငံခြားက ပြန်ရောက်ပြီး သူငယ်ချင်းတွေနဲ့ တွေ့ဖို့ ချိန်းထားလို့ ကျွန်မလည်း ဒီဆိုင်ကိုရောက်နေတာ။ ဓာတ်ပုံတွေမြင်ဖူးထားပေမဲ့ ရုတ်တရက်အပြင်မှာဆိုတော့ ကျွန်မဘယ်မှတ်မိပါ့မလဲ။ သူကတော့ ကျွန်မကို တန်းပြီးမှတ်မိတဲ့အပြင် အရင်တည်းက အပြင်မှာခင်ဖူးတဲ့သူငယ်ချင်းလို ရင်းရင်းနှီးနှီးစကားတွေဘာတွေပြောရင်း အေးဆေးပါပဲ။ နှစ်ယောက်သား မှာထားတဲ့အအေးတွေရတော့ စားပွဲတစ်ခုမှာဝင်ထိုင်လိုက်ကြတယ်။ “ဟဲဟဲ ကိုလတ်ဇင်က စပယ့်ကို တန်းမှတ်မိတာပဲနော်…စပယ်က မှတ်မိဝူးတော့်” စပ်ဖြဲဖြဲနဲ့ကျွန်မပြောတော့ သူက “ မှတ်မိတာပေါ့ဟ ဓာတ်ပုံတွေဒီလောက်မြင်ဖူးနေတာ နင်ကအပြင်မှာလည်း ဒီရုပ်ပဲကို “ ကျွန်မရှက်ပြုံးလေးပြုံးမိတယ်။ အွန်ုလိုင်းမှာဓာတ်ပုံတင်ရင် လှလှပပပြင်ဆင်ပြီး ရိုက် ပြီးတော့မှအလှဆုံးပုံကိုရွေးပြီးတင်တာလေ။ အဲတာကိုအပြင်နဲ့တူတူပဲပြောတော့ပျော်တာပေါ့နော် ။ခနကြာတော့ ချိန်းထားတဲ့သူငယ်ချင်းတွေရောက်လာပြီမို့ ကျွန်မတို့ အင်းလျားကန်ဘောင်ဘက်ကို ထွက်လာခဲ့ကြတယ်။ သူငယ်ချင်းတွေက ခြောက်ယောက် ခုနစ်ယောက်လောက်တော့ရှိတယ်။ … Read more