အိမ်ကပေးစားလို့သာ မိန်းမယူခဲ့ရတာပါ နွယ်ရယ်
ရေးသားသူ – ဝေလင်းမောင် ကျွန်မနာမည်က နွယ်ပါ။ တောသူလေးပေါ့။ အရပ်ရှည်ရှည်၊ ဆံပင်ရှည်ရှည်၊ အသားညိုညိုလေး၊ ခန္ဓာကိုယ်ကလည်း မော်ဒယ်လေးလို ပိန်ပိန်လေးရှင့်။ ချစ်စရာလေးပေါ့နော်။ ကျမကိုချစ်တဲ့ ကောင်လေးတွေက ဝိုင်းနေတာပဲရှင့်။ ဒါပေမယ့် တစ်ယောက်တော့ စတွေ့ခဲ့တယ်။ နာမည်က ကိုတဲ့။ ဘယ်လောက်တောင် နာမည်က ပိုင်စိုးသလဲကြည့်။ သူနဲ့က တစ်ရွာထဲရှင့်။ ကျွန်မက အိမ်မပိုင်တော့ အပြင်သိပ်မထွက်ရဘူးလေ။ အဲဒီတော့ အသိကျွမ်း နည်းတာပေါ့။ ဒါပေမယ့် တစ်ခုသော သင်္ကြန်ရက်မှာ ကျမအိမ်ရှေ့ထွက်ပြီး ရေကစားနေတဲ့သူတွေကို ကြည့်နေတုန်း ကျမရှေ့မှာ သူက နတ်သားလေးတစ်ပါးလို ပေါ်လာခဲ့တယ်။ ရေလောင်းလို့ ရမလားတဲ့။ ကျမလည်း ရှက်ရှက်နဲ့ ခေါင်းငုံ့ပြလိုက်တယ်။ သူက ကလေးနားက ကလေးရဲ့ ရေခွက်ကိုတောင်းပြီး ကျမပုခုံးပေါ်ကနေ ရေလေးလောင်းချလိုက်တယ်။ ကျမ … Read more