ချစ်လို့ကို မဝနိုင်အောင်ပါဘဲ
အမေချစ်သောသား ရေးသားသူ – အမည်မသိ အဖေနဲ့အမေရဲ့ အခန်းထဲက အသံတွေကိုကြားပြီး မျိုးမင်းတစ်ယောက် စိတ်ညစ်နေရလေသည်။ ဒီလို အဖေနဲ့အမေရဲ့ ရန်ဖြစ်နေကြသောအသံက ထုံးစံတစ်ခုလို ဖြစ်နေသော်လည်း ဒီအသံတွေကို ကြားရတိုင်း စိတ်ညစ်ရသည်ကတော့ အမှန်ပင်ဖြစ်သည်။ မျိုးမင်းရဲ့အဖေ ဦးမင်းဒင်က ဇနီးဖြစ်သူအပေါ်မှာ အလွန်ပင် သဝန်တိုတတ်ပြီး သူကိုယ်တိုင်ကလည်း ညအိပ်ညနေ ခရီးထွက်ရသော အလုပ်ကြောင့် စိတ်မချပေ။ ထို့အပြင် ပွဲစားလုပ်နေသည်ဟူသော အကြောင်းပြချက်ဖြင့် အိမ်ပြင်ကို အချိန်ကြာမြင့်စွာ ထွက်နေသော ဒေါ်သီတာမျိုးကြောင့် သူ့အဖေရဲ့ သံသယစိတ်တွေက ပိုများလာခဲ့ရခြင်း ဖြစ်သည်။ အမေက ပွဲစားတို့ထုံးစံအတိုင်း အပေါင်းအသင်းများလာခဲ့ပြီး အထူးသဖြင့် အမျိုးသားများနှင့် တွဲသွားတွဲလာ လုပ်နေခြင်းကြောင့် အဖေနဲ့ တကျက်ကျက် ရန်ဖြစ်နေရခြင်း ဖြစ်သည်။ အမေတို့အခန်းထဲက ရန်ဖြစ်နေသော အသံအစား အမေ့ရဲ့ ငိုရှိုက်သံ … Read more