ဘာလုပ်ရမှာလဲ မမစုရ…. ရှင်းရှင်း ပြောစမ်းပါ”

”နေမင်း….တော်ပြီလေကွာ….” “အာ…ဟာ….ဒါ ငါ ရေချိန် မကိုက်…..မကိုက်သေးဘူး…..မင်း…မင်း လဲ ထပ်ချကွာ ထွန်းနောင် ဟေ့ကောင်” “ငါ ….တော်ပြီ…. ဒီအနေလောက်ပဲ ကောင်းတယ်… မင်းလဲ ဒီဟာကုန်ရင် တော်တော့ကွာ….” ရေချိန်မကိုက်သေးဘူး ဆိုသော နေမင်းတစ်ယောက် စကားက လေသံတွေ မဆက်မိတော့ပဲ ခေါင်းကလဲ ငိုက်စိုက်ဖြစ်နေပြီ။ နေမင်းကို ကြည့်ရင်း ထွန်းနောင် စိတ်ပျက်မိသည်။ နေမင်းနှင့် ထွန်းနောင်တို့က တစ်မြို့တည်းသား ငယ်သူငယ်ချင်းတွေ ဖြစ်ကြသည်။ ဆယ်တန်းအောင်တော့ သူတို့နှစ်ယောက် ဇာတိ ရွှေဘိုမြို့မှ အတူထွက်လာခဲ့ကြသည်။ ရန်ကုန်တွင် အဆောင်နေ၍ ရရာအလုပ်ကို ကြိုးစားလုပ်ရင်း နှစ်ယောက်စလုံး ဘွဲ့တစ်ခုစီ ရခဲ့ကြသည်။ အဲဒီနောက် ရန်ကုန်မှာပင် ဆက်၍ နေထိုင်ခဲ့ကြပြီး စီးပွားရေးကို ကြိုးစားလုပ်ကိုင်ခဲ့ကြသည်။ နောက်ပိုင်း နေမင်းက ကြည်မြင့်တိုင် ငါးဈေးတွင် … Read more

ချစ်လိုက်တာ နေခြည်လေးရယ်

ချစ်ရပါသော အိဝါ ရေးသားသူ – သာဂိ တက္ကသိုလ် ကျောင်းတွေ ဖွင့်ချိန် နေစိုး တစ်ယောက် ပျော်နေသည်။ 10 တန်း အောင်ကတည်းက တက္ကသိုလ် တက်ရမည့် အချိန်ကို မျှော်နေခဲ့ရသည်။ တက္ကသိုလ် ကျောင်းသားဘဝ ခံစားမှု၊ ပျော်ရွှင်ဖွယ် ကောင်းမှုများကို video ဇာတ်လမ်းများ ကြည့်ပြီး ရူးသွပ်ခဲ့ရသူ ဖြစ်သည်။ မြန်မာစာ major ရရှိပြီး မန္တလေးတက္ကသိုလ်တွင် တက်ရမည် ဖြစ်သည်။ မန္တလေးတွင် အဖေ့ညီ ဦးလေး မိသားစု ရှိသည်။ ဦးလေးတို့က အမျိုးသမီးအဆောင် ဖွင့်ထားသည်။ ကျောင်းတက်လျှင် ဦးလေး အိမ်၌ နေရမည်ဟု မိဘများက ပြောလာသောအခါ နေစိုး အကြောက်အကန် ငြင်းမိသည်။ မိန်းကလေးအဆောင် ဖွင့်ထားသည့်အပြင် ဦးလေးအိမ် ဖြစ်နေသဖြင့် … Read more

ကျွန်တော့်ရဲ့ မရိုးနိုင် မဟောင်းနိုင်တဲ့ အချစ်

နိဒါန်း… ကျွန်တော့်ရဲ့ အပျော်ဆုံး အချိန်လေးပါပဲ……။ ကျွန်တော်သိပ်ချစ်ရတဲ့ သမီးလေးရယ်… ကျွန်တော် ရင်ခုန်ရဆုံး လူရယ်… အေးချမ်းတဲ့ မိသားစုလေး တစ်ခုလို နေရတာ အရမ်းဝမ်းသာမိတာ အမှန်ပါ….။ “အချစ် အချစ်.. အသစ်တွေဖြစ်ပေမဲ့ စွဲလမ်းခဲ့တဲ့ ချစ်သူဆိုတာ တစ်ဦးတည်း…” ကျွန်တော် လေးနက်စွာ မတွေးပဲ.. ချရေးလိုက်သော ကာရံမရှိသော စာလေး …။ စာလေးရဲ့ အောက်မှာ ၅ နှစ် သာသာ သမီးလေး ပုံတူ……။ ၎င်း…. ၎င်းတို့နှင့် အတူ ကျွန်တော် ဖြတ်သန်းခဲ့ရသော ဘဝတိုတိုရယ်… မဆုံးသော အကြောင်းအရာများဆီသို့… မှတ်တမ်းတင်ထားသော စာအုပ်လေး……။ အခန်း (၁) လူပျိုပေါက်စ ဂျိုထောင်စ ဆိုသလို… အောင်ခန့် တစ်ယောက် တက္ကသိုလ် နောက်ဆုံးနှစ်လောက်ရောက်လာတော့… အပေါင်းအသင်းကောင်းမှု … Read more