ချစ်သော ဒေါက်တာမမ နှင့် ကိုတူးတို့၏ အချစ်မိုး

ဒေါ်မြင့်မြင့်သွယ်က သံပန်းတံခါးကို လူပ်ကိုင်ရင်း အိမ်ထဲသို့လှမ်းခေါ်လိုက်သည်။ ‘စုစုရေ…စုစု’ ‘ရှင်၊ လာပါပြီအန်တီသွယ်’ ပြောသံနှင့်အတူ အသက်၁၃နှစ်ခန့် မိန်းခလေးတဦးအိမ်ရှေ့သို့ ပြေးထွက်လာသည်။ ‘ဘာလုပ်နေလဲ စုစု’ ‘မီးပူတိုက်နေတာပါ အန်တီသွယ်’ မိန်းကလေးက ရိုသေစွာပြန်ဖြေရင်း တံခါးသော့ကိုဖွင့်ပေးလိုက်လေသည်။ ဒေါက်မြင့်မြင့်သွယ်က လက်ဆွဲအိတ်ကို ဆွဲလျှက်သူ့အခန်းတွင်းသို့ ဝင်သွားလေရာ စုစုလည်းတံခါးကိုပိတ်၍ သော့ခတ်ကာ အိမ်အတွင်းဖက်သို့ ဝင်သွားလေသည်။ ထိုအခိုက်.. ‘ကလင်..ကလင်..ကလင်’ တယ်လီဖုန်းမြည်သံကြောင့် အခန်းထဲမှ ဒေါက်တာမြင့်မြင့်သွယ်ပြေးထွက်လာပြီး ဖုံးကိုကောက်ကိုင်လိုက်လေသည်။ ‘ဟဲလို ..ပြောပါရှင်’ ညင်သာစွာမေးလိုက်သည်၊ နောက်တော့မှ ပြုံးရွှင်စွာဖြင့် ‘အော်.. ကိုလတ်လား .. ပြောလေ’ ဒေါ်မြင့်မြင့်သွယ်က ပြောလိုက်လေသည်။ ထို့နောက် ခဏကြာတိတ်ဆိတ်သွားပြီးမှ ‘အဟင်းဟင်း .. ဟင်း..ဟင်..ကိုလတ်ရယ်..’ ဒေါ်မြင့်မြင့်သွယ်၏ ရယ်သံလွင်လွင်လေးမှာ အခန်းတခန်းလုံး ပျံ့နှံသွားလေသည်။ ဧည့်ခန်းဆီမှာ သာယာသော နာရီသံ … Read more

အခုကျမှ ဘယ်လိုဖြစ်လို့ ပျော့ခွေနေတာလဲ.. ”

ကျော်ဌေးနှင့် သီတာတို့ လင်မယားမှာ အရင်ကလို တကျက်ကျက် စကားများရန်ဖြစ်ရုံပင်မကတော့။ သတ်ပုတ်ရိုက်နှက်သည်အထိ ဖြစ်လာသည်။ သားသမီးမရှိတော့ တယောက်နှင့် တယောက် သိပ်ပြီး သံယောဇဉ်ထားကြပုံမရပေ။ သူတို့လင်မယား အိမ်ထောင်ကျတာ သုံးနှစ်ကျော်ပြီဖြစ်သည်။ တနှစ်လောက်ပဲ သောကကင်းကင်းဖြင့် နေခဲ့ရသည်။ တနှစ်ကျော်တော့ ကျော်ဌေးက ဗွေဖောက်လာသည်။ ကျော်ဌေးအကြောင်းတွေကို သီတာ မကြားချင်လဲ ကြားရသည်။ မသိချင်ပဲ သိရသည်။ ကျော်ဌေး အပျော်အပါးလိုက်စားသည်တဲ့။ ဒီကိစ္စနဲ့ပတ်သက်ပြီး သီတာက ဖြောင်းဖျပြောဆိုတော့ သူကရန်လုပ်သည်။ အိမ်ပြန်လာတိုင်းလည်း မူးမူးလာတတ်သည်။ လုပ်သည့်အလုပ်က လိုင်းကား ဒရိုင်ဘာ။ ဝင်ငွေကောင်းတော့ ကျော်ဌေး ပျက်တော့သည်။ ဇနီးမယား သီတာကိုလည်း ကြင်ကြင်နာနာ မရှိသည့် အပြင် ဘာမဟုတ်သည့် ကိစ္စလေးနှင့် ရိုးမယ်ဖွဲ့ ရိုက်လားပုတ်လားလုပ်လာသည်။ သူတို့လင်မယားကို ဘယ်သူကမှ ပေးစားခဲ့တာမဟုတ်။ သူတို့ချင်း … Read more

သဲစုမွန် . ဘယ်လို ခံစားရလည်း ” ” ရင်တွေခုန်တယ်ဟာ .

ည ဆယ်နာရီ ထိုးသွား သဖြင့် တိုင်ကပ်နာရီ မှ အချက်ပေးသံ ဆယ်ချက် ထွက်ပေါ်လာ လေသည် ။ ပွင့်ရိုက် ခရမ်းရောင်ဂါဝန်လက်ပျက် ကလေး ဖြင့် စာကြည့်စားပွဲ တွင် အမှတ်ဖြတ်နေသော အချိန်ပိုင်း ကျူရှင်ဆရာမလေး သဲစုမွန် လက်ထဲ မှ မှင်နီဘောပင်လေး ကို ချကာ လက်ဖြောက် ချိုးလိုက် ဇာတ်လေး ချိုးလိုက် ဖြင့် အကျောလေး လျော့လိုက်လေသည် ။ အသက် ၂၇ နှစ်သာ ရှိသေးသည့် သဲစုမွန်သည် ဦးလေးဖြစ်သူ ၏ ကိုးတန်း ဆယ်တန်း ဘာသာရပ်သင် သင်တန်းနှင့် ဘော်ဒါဆောင် တွင် မြန်မာစာအချိန်ပိုင်း ဆရာမ လုပ်သည် ။ ယခု နှစ်ဝက် စာမေးပွဲ အတွက် … Read more