နင်နော်.. ဒါလောက်ပဲတော်တော့.. ငါမကြိုက်ဘူး… ဒီလိုဆိုးရင် နောက်မတွေ့တော့ဘူး’
ကျွန်တော်တို့က ညနေကျောင်းဆင်းခါနီးအချိန်ဆို ဘောလုံးထရိန်နင်ဆင်းရတယ်။ ပြိုင်ပွဲရှိတာကိုး။ အဲဒီအချိန်မှာသင်တဲ့ စာတွေကြတော့ သူ့ဆီကနေ ပြန်ကူးရတယ်။ ရက်တွေကြာလာတော့ လူပျိုသွေးကပြလာပြီး သူ့ကို ရည်းစားစကားပြောဖို့ ကြံမိတယ်။ ဘယ်ကနေစပြောရမှန်းလည်း မသိ။ ကျန်တဲ့ကောင်တွေသိမှာလည်းစိုး ဆရာမသာ သွားတိုင်လိုက်ရင် အဆော်ခံရမှာလည်း ကြောက်သေး။ ပထမဆုံး အတွေ့အကြုံဆိုတော့လည်း စိတ် လှုပ်ရှားရတာပေါ့။ နေ့တိုင်းတွေ့နေရတဲ့ သူ့အလှတွေကို မြင်နေရတော့လည်း အချစ်ကြောင့်ဖြစ်တဲ့ ဝေဒနာတွေကို ခံစားနေရတာပေါ့။ ဆက်ဆံရေးကတော့ သူ့ဖက်ကတော့ ရိုးရိုးသားသား သူငယ်ချင်းလို ခင်ပေမယ့် မရိုးသားတာက ကိုယ်ဆိုတော့ သူ့မျက်နှာတောင် စေ့စေ့မကြည့်ရဲဘူး။ ဒီဝေဒနာတွေကို ကြာရှည်မခံစားနိုင်တော့တာမို့ တစ်နေ့ ငှားကူးတဲ့ သူ့စာအုပ်လေးထဲမှာ ခင်လေးကိုချစ်တယ် ဆိုတဲ့ စာလေးကို သေးသေးလေး ခဲတံနဲ့ ရေးပေးလိုက်ရာကစလို့ ချစ်ရေးဆိုခဲ့မိတယ်။ သူ့ဖက်ကတော့ မိန်းကလေးတွေရဲ့ထုံးစံအတိုင်း သူငယ်ချင်းလိုပဲ ခင်ပါတယ် … Read more