ဖြစ်ပါတယ်ဝင့်ရဲ့ ဆွေကြီးပြောလိုက်တာတော့ အချိန်ပိုင်းဆိုရတယ်တဲ့…
၂၀၁၁ခုနှစ်ဒီဇင်ဘာလ ၃၁ရက်နေ့ အချိန်ည ၁၀နာရီခွဲခန့် မန်းလေးတောင်ခြေရှိဟော်တယ်တစ်ခု၏ ကားပါကင်တွင်……… “တီ..တီ..တီ..တီ” “ဟယ်လို..လေးခပြော” “သားငယ်…မင်းခိုင်ဘယ်ရောက်နေလဲကွယ်” “သားအခု ….ဟိုတယ်မှာ နယူးရီးယားပါတီရှိလို့ဟိုကောင်လေ ဆွေကြီးတို့ လုပ်တာပွဲက အဲ့ပွဲမှာရောက်နေတယ်” “အော်….အေးသား မမကြီးက လေးလေးကိုဖုန်းဆက်ခိုင်းလို့ သိပ်နောက်မကျစေနဲ့နော် တော်ကြာ ဆူနေမယ်သားသား မမကြီးစိတ်ဆိုးတာကို လေးလေးလဲကြောက်တယ်” “ဟုတ်ကဲ့ပါလေးလေး သားနောက်မကျအောင်ကြိုးစားပါ့မယ် ဘိုင်သယ်လ်ဝေးလ် ကြိုပြောထားမယ် ဟက်ပီးနယူးရီးယားလေးလေး” “အေးအေး ယူတူးပါကွယ်သားလေး” ပိုင်နိုင်မင်းခိုင် တစ်ယောက် ဖုန်းချပြီးနောက် ကားကိုသေချာပါကင်ထိုး၊စက်သတ်လိုက်ကာ ခါးပါတ်ကိုငုံချွတ်လိုက်သည်။ “ဒုံး…”အသံကျယ်ကြီးနှင့်အတူ သူ့ကားလေး တုန်ခါသွားပြီး ခေါင်းနှင့်စတီယာ တိုင်ဆောင့်လေသည်။ သေပါပြီကွာ ဘယ်ကကောင်လဲမသိဘူး နမိတ်ပြတာလား ဘာလားတော့မသိဘူး ကားကတော့အနောက်ကနေ အဆောင့်ခံလိုက်ရသည်။စိတ်တိုတိုနဲ့နောက်က ကားကို ထွက်ပြီးပြသနာရှာမည် အလုပ် တံခါးဘေးနားမှာ အရိပ်ကလေးကျလာလေသည်။ “ဆောရီးနော် အကို နေနီ့ကားဘက်ဆုတ်တာ အကို့ကားနဲ့ညှိသွားတယ် … Read more