အိမ်ထောင်ပြုခြင်းသည် ဆေးမှင်စုတ်ထိုးသလိုဘဲ လုပ်မိရင် နောင်ပြင်ဖို့ ခက်သည်

အိမ်ထောင်ပြုခြင်းသည် ဆေးမှင်စုတ်ထိုးသလိုဘဲ လုပ်မိရင် နောင်ပြင်ဖို့ ခက်သည် တဲ့ ။ မြရည်နွယ် တယောက် မိုးဟိန်းကို ယူမိတာ မှားပြီလို့ သူတို့ယူလိုက်ကြပြီး တလမပြည့်ခင် သိလိုက်သည် ။ မိုးဟိန်းကို အဖေက စစ်တပ်ဖက်က ကြီးကြီးမာစတာ အမေက ရတနာကုန်သည်မျိုးရိုး ဆိုပြီး အထင်ကြီးပြီး မြရည်နွယ် လက်ခံခဲ့တာပါ ။ မိဘဂုဏ်ရှိန်ကတော့ မြရည်နွယ် အထင်ကြီးခဲ့တဲ့အတိုင်း မြင့်မားသည် ။ ငွေကြေးလည်းချမ်းသာသည် ။ ဒါပေမယ့် မိုးဟိန်းသည် မြရည်နွယ်ကို စိတ်ချမ်းသာအောင် မထားနိုင် ။ မိုးဟိန်းရဲ့ ဒေါသတကြီးအော်ဟစ် ဆူပူတာတွေ အရက်အလွန်အကျွံသောက်တာတွေ ကိုယ်ထိလက်ရောက် နှိပ်စက်တာတွေကို မြရည်နွယ် ရင်ဆိုင်ရတော့ သည်လူကို ယူမိတာ အမှားကြီး မှားပြီလို့ နောင်တကြီးကြီး ရရသည် ။ … Read more

ငါကလည်း နင့်ကို ခုလို တွေ့ချင်နေတာ…

နိုဗိုတယ်ဟိုတယ် ရန်ကုန် စားသောက်ခန်းထဲမှာ လူသိပ်မရှိဘူး ။ တိုးရစ်အုပ်စုတစုဘဲ စားပွဲဝိုင်းတဝိုင်းမှာ ရန်ကုန်ခရီးသွား လမ်းညွှန်စာအုပ်လေးတွေ ဖွင့်ဖတ်ပြီး စကားပြောနေကြသည် ။ ပူစီ သူ့လက်က ရွှေရောင် အိုမီဂါနာရီကို တချက်ကြည့်လိုက်သည် ။ ၁၀နာရီသုံးဆယ့်ငါးမိနစ် ။ ချိန်းထားတာက ၁၀နာရီခွဲတိတိ ။ ချိန်းတဲ့အချိန်ထက် ၅မိနစ် ကျော်နေပြီ ။ ပူစီသည် အချိန်ကို လေးစားသည် ။ အချိန်တိကျအောင် အမြဲ ဂရုစိုက်သူ ။ ကိုယ်တိုင်လည်း နောက်မ ကျတတ်သလို တခြားလူ နောက်ကျရင်လည်း မကြိုက်ဘူး ။ စောစောက စားပွဲထိုးလေး လာချပေးသွားတဲ့ ကပါချီနိုခွက်ကို သူမထိရသေး ။ စိတ်စောနေသည် ။ သူလာစောင့်နေတာက အလုပ်အတွက် ။ အလုပ်ကို သူအမြဲ … Read more

နင် သန့်တော့ သန့်ပါတယ်နော်…

ကျနော် ငယ်ငယ်တုန်းကပေါ့ဗျာ..။ ကျနော့် အိမ်မှာ အပ်ချုပ်စက်လေးတစ်လုံး ရှိတယ်ဗျ..။ အရင်တုန်းက ရယ်ဒီမိတ်တွေထက် ချုပ်ဝတ်ကြတဲ့ခေတ်ဆိုတော့ အမေက ကိုယ်တိုင်လည်းချုပ်တတ်နေတော့ စက်ဆိုင် မအပ်တော့ဘဲ ကိုယ်တိုင်ချုပ်တယ်။ အစ်မလည်း အစက ဘေးကဝိုင်းကူရင်း တဖြည်းဖြည်းနဲ့ သူလည်း ကိုယ်တိုင် ချုပ်တတ်သွားတယ်..။ ဆိုတော့ကာ အပ်ချုပ်စက်လေးက အမေက သုံးလိုက် အစ်မက သုံးလိုက်နဲ့ အိမ်လေးထဲမှာ ဂျောက်ဂျက် ဂျောက်ဂျက်နဲ့ နေ့တိုင်းနီးပါး မြည်နေတတ်တယ်။ ကျနော်ကလည်း ချာတိတ်ပေါက်စအရွယ်ဆိုတော့ အဲဒီ ဂျောက်ဂျက် ဂျောက်ဂျက်မြည်သံကြီးကို စိတ်ဝင်စားပြီး အမေနဲ့ အစ်မတို့ အဝတ်ချုပ်နေတိုင်း အပ်ချုပ်စက်နားမှာ ရှိနေတတ်တယ်..။ အပ်ချုပ်စက်ရဲ့ ခြေနင်းကို နင်းလိုက်တိုင်း ဘေးက အဝိုင်းကြီးလည်နေတာကို ကြည့်ပြီးလည်း သဘောတွေကျလို့….။ နောက်ပိုင်းလည်းကျရော အဖေက အရုပ်တွေ ခဏခဏဝယ်ပေးတော့ အာရုံက … Read more