သန့်ရှင်းရေးသွားလုပ်မယ်..လာလိုက်ခဲ့ အဝတ်တွေကော..ထားခဲ့မှာလား

ကျနော်ခွင့်တင်တာမရဘူးလို.မန်နေဂျာကောင်ကဇွတ်ငြင်းဆန်နေတော့ စိတ်ကတော်တော်လေးတိုစပြုလာတယ်။ အေပရယ်လဆိုနှစ်တိုင်း ကျနော်ခွင့်တစ်လယူပီးပြန်နေကြဗျ။ အရင်မန်နေဂျာကုလားဖြူမ လက်ထက်ကအေးဆေးပဲ။ ၂ခါပြောစရာမလိုဘူး။ ခုတရုတ်ကောင်ကတော်တော်လက်ပေါက်ကတ်၊ပြော ရဆိုရခက်နေတယ်။ သောက်ပုံမလာတဲ့ မီးကျိုးမောင်းပျက် ကုလားဖြူစကားထစ်အထစ်အနဲ့ ရုံးခန်းထဲမှာ လုံးဝခွင့်မပေးနိုင်ဘူးဆိုပီးအော်ကြီးဟစ်ကျယ်လုပ်နေတယ်လေ။ တခြားရုံးသူရုံးသားတွေ ဝိုင်းကြည့်နေတော့ ပိုပီးခံရခက်လာပီ။ ပိုဆိုးတာက ဝိုင်းကြည့်နေတဲ့အထဲမှာ ကျနော့်ခခလေး၂ယောက်ပါနေတော့ နောက်ဆုတ်လို.မဖြစ်တော့ဘူးဆိုတာသေချာနေပီလေ။ ဒီနိုင်ငံကချယ်နယ်တော် တော်များများကိုထုတ်လွင့်ပေးနေတဲ့ ရုပ်သံဌာနတစ်ခုမှာ ကျနော်အလုပ်လုပ်နေတာ၄-၅နှစ်လောက်ရှိပီဗျ။ မြေအောက်ကို၅ထပ်လောက်တူးပီးဆောက်ထားတဲ့ စတူဒီယိုတွေမှာ ဆက်တင်တွေဆင်ပီး ရိုက်ကူးရေးလုပ်တဲ့နေရာမှာပေါ့။ အလုပ် လုပ်နေတယ်လို.မထင်ရပဲ.. ပျော်ပျော်ရွင်ရွင်လေးနေလာတာကြာလာပီ။ ခုအသစ်ရောက်လာတဲ့မန်နေဂျာကောင်နဲ.အဆင်မပြေ လာတော့ စိတ်ကကုန်စပြုလာပီဗျာ။ အဆက်မပြတ် ပူညံပူညံလုပ်နေတဲ့ တရုတ်ကောင်ကိုလက်ဝါးကာပြလိုက်ရင်း ဘောင်းဘီနောက်အိတ်ထဲက ပိုက်ဆံအိတ်ကိုဆွဲထုတ်၊ အလုပ်သမားမှတ်ပုံ တင်ကဒ်ပြားကို သူ.ရှေ.ကစားပွဲပေါ်ပစ်တင်ပေးလိုက်တယ်။ လည်ပင်းမှာဆွဲထားတဲ့ ဝန်ထမ်းကဒ်ပြားကိုပါ ပစ်ပေးလိုက်ရင်း ငါထွက်တယ်ကွာလို့အပြတ်ပြောလိုက်တယ်။ တစ်ခုခုဆက်ပြောဖို့ ပြင်နေတဲ့ သူ့မျက်နာရှေ.မှာ လက်ညှိုးလေးရမ်းပြပီး အောင်နိုင်သူအပြုံးနဲ့ရုံးခန်းထဲကထွက်လာခဲ့ပီး တစ်ဖက်ခန်းမှာရှိတဲ့ စားသောက်ခန်းထဲမှာ သတင်းစာတစ်စောင်ကောက်ဖတ်ပီး … Read more

နေ့စဉ် ရက်ဆက်ကျတော့ မိဖုရားကြီးကိုယ်တိုင်ကပါ အလိုတူလို့ပေါ့နော်

ရွှေဝင်းတစ်ယောက် ရွာအရှေ့ပိုင်းက ဦးထွန်းမောင် အိမ်သို့ ညတိုင်းရောက်လေ့ရှိ၏။ ဦးထွန်းမောင်မှာ တစ်ရွာလုံးက အားကိုးအားထားပြုရသည့် ဓာတ်ဆရာကြီး ဖြစ်သည်။ ဗိန္ဓော၊ ဗေဒင်၊ ပယောဂကု၊ ဓာတ်ရိုက်ဓာတ်ဆင်၊ အခါပေး အစရှိသော လောကီရေးရာ ကိစ္စမှန်သမျှ ဦးထွန်းမောင်ကို ယုံကြည်အားထားကြသည်။ ရွှေဝင်းမှာ အသက် ၁၅ နှစ်ကျော် လူပျိုပေါက်ကလေးဖြစ်၏။ ကျေးလက် သဘာဝအတိုင်း နေ့ပိုင်းတွင် မိဘများနှင့် တောင်သူအလုပ်လုပ်ကိုင်ပြီး ညပိုင်းတွင် ဦးထွန်းမောင်ထံမှာ လောကီဗဟုသုတများကို ကြားနာမှတ်သား ဆည်းပူး၏။ ဦးထွန်းမောင်မှာ ဤရွာဇာတိသား မဟုတ်ပါ။ မြေလတ်ဇာတိသား ဖြစ်၏။ အပျိုကြီး မတင်သောင်းကို ဆေးကုပေးရင်း အကြင်လင်မယား ဖြစ်သွားကြ၏။ မတင်သောင်းက ရွှေဝင်းအမေ မစောကြည်နှင့် ညီမတဝမ်းကွဲတော်သည်။ ထို့ကြောင့် ရွှေဝင်းမှာ ဦးထွန်းမောင်မိန်းမ မတင်သောင်း၏ တူတဝမ်းကွဲ ဖြစ်သည်။ … Read more

ငြိမ်းချမ်းနဲ့မှ သူမ မရဖူးတာရခဲ့ရတာပင်

သူငယ်ချင်း ငါတော်တော်အခက်အခဲ ဖြစ်နေလို့ပါကွာ။ ကူညီပေးပါလား””ခက်တယ်ကွာ။မင်းကလဲ ဇွတ်ကြီးပဲ။ အေး ရရင် ငါပြောမယ်။ မင်းကိုဆက်သွယ်လို့ရမယ့်ဖုန်းပေးခဲ့””အေးအေး ကျေးဇူးတင်ပါတယ်ကွာ” ငြိမ်းချမ်း တယောက် မငြိမ်းချမ်းနိုင်သေးပါ။ သူထောင်က လွတ်လာတာမကြာသေး။ သူထောင်ကျရတာလဲ ခုသူမျက်နှာအောက်ကျပြီး အကူအညီတောင်းနေရတဲ့ ဝေယံဟိန်းရဲ့ အပြစ်လဲမကင်းပေ။ သူတို့တွေက တောင်ကြီးနည်းပညာတက္ကသိုလ်က ပထမနှစ်ကတည်းက တဆောင်တည်း နေခဲ့ခင်ခဲ့ကြတဲ့သူငယ်ချင်းတွေ။ မေဂျာတွေ မတူကြပေမယ့် ဆိုးဖော်ဆိုးဖက် ငတ်ဖော်ငတ်ဖက်တွေမို့ ညီအကိုတွေထက် ချစ်ကြသည်။ သူက မိဘမရှိ။ ဦးလေးဖြစ်သူက ကြည့်ရှူ့စောင့်ရှောက်ထားတာ။ ညီအကိုသားချင်းမရှိတော့ သူငယ်ချင်းတွေကို အရမ်းမင်သည်။ ဒါကြောင့် သူငယ်ချင်းတွေနဲ့ ပတ်သတ်လာရင် အစစအရာရာ အနစ်နာခံသည်မို့ သူငယ်ချင်းအပေါင်းအသင်းတွေပေါသည်။ နောက်ဆုံးနှစ်စာမေးပွဲဖြေပြီးညမှာတော့ သူငယ်ချင်းတွေ ခွဲရတော့မယ်ဆိုပြီး သောက်ကြစားကြသည်။ ပြီးတော့ လျှောက်လည်ကြတော့ သူက မသွားချင်။ မူးနေလို့ တခုခုဖြစ်မှာစိုးလို့တားသေးသည်။ဝေယံထက်က မရ။ … Read more