သူ အရမ်းဉာဏ်များတာ…ဒီက သူ တကယ် မူးနေတယ် မှတ်လို့ဟာ…
“ ဟင်း……လာပြန်ပြီဟယ်…စိတ်ညစ်တယ်…..” “ စိတ်ညစ်တယ် ” ဟု ညီးတွားလိုက်သော မိန်းမလှလေး၏ ပါးအို့လေး အစုံက ပန်းသီးမှည့်လေးအလားရဲတက်သွားသည်..။ အသစ်ဖောက်လုပ်ထားသော လမ်းမကြီးပေါ်၌ စပရင်တာ အဖြူလေးတစ်စီးက ငြိမ့်ခနဲထိုးရပ်သွားသည်..။ ကားထဲမှ သပ်ရပ်ထွားကြိုင်းသော လူငယ်တစ်ယောက်က စက္ကူအိတ် ခပ်ကြီးကြီးနှစ်လုံးနှင့် ငါးသုံးလုံး လက်ဆွဲ ပလပ်စတစ်အိတ်တစ်လုံး ဆွဲကိုင်ကာ “ သိမ့် – တေလာ ” အပ်ချုပ်ဆိုင်ထဲသို့ လှမ်းဝင်လာသည်..။ အပ်ချုပ်ဆိုင်အတွင်း အစီအရီ တန်းစီထားသော ခြေနင်းစက်ချုပ်ခုံလေးလုံးအနက် လက်ဝဲဖက်ဒေါင့်မှစိတ်ညစ်တယ် ဆိုသော ကောင်မလေးမှ အပ အားလုံးက ရွှေမင်းသားလေးကို အပြုံးမျက်နှာဖြင့်ကြည့်နေကြသည်..။ “ ဟယ်…..မောင်မောင်…..ကြည့်စမ်း…အင်္ကျီ ချုပ်အုံးမလို့လား…..” စက်ခုံများအနောက်မှ စားပွဲတစ်ခုမှ..ခပ်တောင့်တောင့် အမျိုးသမီးတစ်ဦးက ပေကြိုးကို လည်ပင်းမှာပတ်ရစ်ရင်း ဆိုင်ရှေ့ ထွက်လာသည်..။ “ ကျနော့် … Read more