အရမ်းချစ်ခဲ့ပါတယ်…။ ပြင်ဦးလွင်သူလေး ချိုရယ်
🎶မေမြို့ သို့မဟုတ် ပြင်ဦးလွင် တိမ်ခိုးကလေးများ ရစ်သိုင်းပါလို့ဆင် …. ပန်းကမ္ဘာမျှော်စင် လှမ်းသာခေါ်ချင် …🎶 ဆိုတဲ့ သီချင်းကို နားထောင်ဖူးကြလား မသိဘူး..။ ကျနော် ပြင်ဦးလွင်သူလေး တစ်ယောက်နဲ့ ဖူးစာဆုံဖြစ်ခဲ့တဲ့ အကြောင်းလေး ပြောပြချင်လို့ ပြောပြရဦးမယ်ဗျာ…။ ကဲ… စမယ်။ တစ်နေ့ … ကျနော် ပထမနှစ် ကျောင်းပိတ်တုန်းကပေါ့။ ဧပြီလ နွေရာသီ ကျောင်းပိတ်တော့ အိမ်ကအဖေရယ်၊ အမေရယ်၊ ကျနော်ရယ် သုံးယောက်သား ကားလေးနဲ့ ပြင်ဦးလွင်ကို သွားလည်ဖြစ်တယ်ဗျ။ ကျနော်တို့နေတာက မန္တလေးဆိုတော့ ပြင်ဦးလွင်နဲ့ နေ့ချင်းပြန် သွားလို့ရတယ်။ ဘာရယ် မဟုတ်ပါဘူး။ တစ်နေကုန် ဟိုသွားဒီသွား လျှောက်သွားကြမယ်ပေါ့။ မရောက်တာကြာတာလည်း ပါတာပေါ့။ မနက်စောစော မဟာအံ့ထူးကံသာ ဘုရားကို ဝင်ဖူးတယ်။ အဲဒီမှာ စတွေ့တာပဲ။ … Read more