သမီးသင်းသင်း ဒီနားကို လာပါ “
တစ်ယောက်နှင့် တစ်ယောက်လည်း အပြိုင်အဆိုင်ရှိကြသည်။ အားလုံးက လက်လုပ်လက်စား နွမ်းပါးသူတွေ ဖြစ်ကြပြီး တစ်နေ့လုပ်မှ တစ်နေ့စားရသူတွေ ဖြစ်ပေမယ့် မိန်းမသားများပီပီ ကိုယ့်မာနနှင့် ကိုယ်တော့ ရှိကြသည်ပင်။ မြယမင်း မှာ မိခင်ဖြစ်သူနှင့်အတူ ညီမတစ်ယောက် မောင်တစ်ယောက်သာရှိသည်။ အဖေက သူမငယ်စဉ်ကပင် ဆုံးပါးသွားခဲ့ပြီ ဖြစ်သည်။ သူမမိခင် ဒေါ်ရင်ရွှေက ဈေးမှာ ကုန်စိမ်းရောင်းသည်။ မြယမင်းအောက်က ညီမနှင့်မောင်ငယ်ဖြစ်သူက အမေ့ကို ကူ၍ ဈေးရောင်းသည်။ အလှည့်ကျ ချက်ပြုတ်ကြသည်။ ညီမလေးစန်းသီက မြယမင်းထက် အသက်လေးနှစ်ခန့်ငယ်ပြီး အသက် ၁၄ နှစ်ရှိပြီဖြစ်ကာ မောင်ဖြစ်သူဖိုးခွေးက ယခုမှ အသက် ၁၂ နှစ်လောက်သာ ရှိသေးသည်။ နှစ်ယောက်စလုံး ကျောင်းမနေကြတော့ဘဲ မိခင်အလုပ်ကိုသာ ဝိုင်းကူလုပ်ကာ အတော်ကလေးလည်း အားကိုးနေရပြီဖြစ်သည်။ မြယမင်း အလုပ်စောသိမ်း၍ ပြန်လာဖြစ်သည့်နေ့တွေဆိုလျှင် … Read more