မောင်တို့ သူ့အဆောင်ကို လိုက်သွားကြမလား ချစ်”
အခန်း ( ၅ ) သုတ ကျောင်းကိုရောက်တော့ မြတ်နိုးကို လိုက်ရှာနေမိသည်။ အဆောင်မှာ နှစ်ရက်လောက် အောင်းနေလိုက်မိသောကြောင့် စာတွေလည်း နောက်ကျနေပြီဖြစ်သည်။ ကျောင်းမတက်ဖြစ်ပဲ သူစဉ်းစားနေမိသည်မှာ သူ့လက်ထဲတွင်ရှိနေသော ကလစ်လေး၏ ပိုင်ရှင်ကိုပင်ဖြစ်သည်။ ဘာတွေဖြစ်ခဲ့သည်ဆိုတာကို သူ သေချာမမှတ်မိသောကြောင့် သိချင်နေမိသည်။ သူ ဘယ်လိုဘဲ စဉ်းစားစဉ်းစား မြတ်နိုးဇော်ကိုသာ မြင်ယောင်နေမိသည်။ ရန်ကုန်လိုနေရာမျိုးတွင် သူ့ကို ဂရုတစိုက်နှင့်ရှိမည့် မိန်းကလေးဆို၍ မြတ်နိုးဇော်တစ်ယောက်သာ ရှိနိုင်သည်။ မြတ်နိုးဇော်နှင့် တွေ့လိုက်ရလျှင် ရှင်းသွားလိမ့်မည်ထင်သည်။ တစ်ကျောင်းလုံး လှည့်ပတ်ရှာသော်လည်း မြတ်နိုးဇော်ကို မတွေ့ရ။ စိတ်ညစ်ညစ်နှင့် အတန်းထဲဝင်လိုက်မိသည်။ ဆရာ ဘာတွေသင်နေသည်ဆိုတာကို သူ စိတ်မဝင်စားမိပေ။ စိတ်က ပျံလွင့်လျှက်ရှိနေသည်။ သူငယ်ချင်းတစ်ယောက်ဆီမှ စာအုပ်ငှားပြီး လွတ်သွားသော စာများကို ပြန်ကူးရသည်။ မေကြည်နူးအကြောင်းကို မစဉ်းစားမိစေရန် … Read more