ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မူး ရေးသားသူ – အမည်မသိ
ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မူး ရေးသားသူ – အမည်မသိ သိန်းဝင်း တစ်ယောက် ရေမိုးချိုး အဝတ်အစားလဲပြီး ဘောလုံးပွဲကြည့်ဖို့ ဦးချိန်တီရဲ့ လက်ဖက်ရည်ဆိုင်ဘက်ကို ထွက်လာတော့ အချိန်က ညဆယ်နာရီရှိနေပြီ ဖြစ်သည်။ ဒီနေ့က မီးပျက်ရက် ဖြစ်သောကြောင့် တစ်လမ်းလုံး မှောင်မဲနေသည်။ မီးစက်ထွန်းဖို့နေနေသာသာ မီးလာရင်တောင် ထွန်းဖို့ အိမ်ရှေ့မီးတိုင် မရှိသည့် သူ့ရွာထဲက အိမ်တွေ ဒီအချိန်ဆို တစ်ရေးတောင် ရနေလောက်ကြပြီ။ မအိပ်သေးတဲ့ အိမ်တစ်ချို့မှ ဖယောင်းတိုင် မီးရောင်ကလည်း မှိန်ပြပြသာ…..။ လရောင်ကိုပဲ အားကိုးလို့မရတာရယ် အရေးအကြောင်းရယ်မှာ သုံးဖို့ သုံးတောင့်ထိုး ဓာတ်မီးကတော့ မပါမဖြစ်ပေ။ ဒီနေ့ သိပ်ကြိုက်ရသည့် အင်္ဂလန်ပရီးမီးယားလိဂ် ဘောလုံးအသင်း မန်ချက်စတာယူနိုက်တက်ပွဲ ရှိတာကြောင့် သိန်းဝင်းတစ်ယောက် တစ်မနက်လုံး ယောက်ယက်ခက်နေတာဖြစ်သည်။ အလုပ်မှာ ဘာလုပ်လုပ် ကပျက်ကချောနှင့် … Read more