ညီမလေး မေမြတ်

လေးပင်နေသောစိတ်နှင့်အတူ နောင်နောင်တစ်ယောက် ခုံတန်းလေးမှာ ထိုင်နေသည်။ မန္တလေးသို့ ပြန်ရမည့်အချိန်က စောနေသေးသည်။ ကားထွက်ချိန်က မတိုင်သေး။ တစ်နာရီခန့် လိုနေသေးသည်။ တောင်စဉ်ရေမရ တွေးနေသောအတွေးများထဲတွင် စောနန်းငယ် အကြောင်းက ထိပ်ဆုံးက ပါသည်။ သူမှားများ မှားသွားပြီလားလို့ စဉ်းစားနေသည်။ တကယ်တော့ စောနန်းငယ်က မြေစာပင် ဖြစ်ရခြင်းသာ။ စောနန်းငယ်ကို သနားမိသော်လည်း စောနန်းငယ်၏ အစ်ကိုဖြစ်သူ တိုးဝေအောင် အကြောင်းကို စဉ်းစားမိလိုက်လျှင် စောနန်းငယ်ကို သနားသောစိတ်တွေက ဘယ်ရောက်သွားမှန်းမသိ။ ” ဟုတ်တယ်…ငါဒီလိုလုပ်တာမှန်တယ်…..” ကိုယ့်ကိုကိုယ် ဖြေတွေးနေမိပါတယ်။ တိုးဝေအောင် အကြောင်းကို တွေးမိလျင် သူ့သွေးတွေ ဆူပွတ်လာသလို ခံစားရသည်။ ဒီလူယုတ်မာကြောင့် သူ့ညီမလေး မေမြတ်ဘ၀ ရေတိမ်မှာနစ်ခဲ့ရသည်။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရသည်။ ဒီအတွက် တိုးဝေအောင်သည်လည်း သူ့ပတ်ဝန်းကျင် … Read more

ချစ်ရတာမဝသေးလို့ လာတာပေါ့”

ဖြိူး” “စားလေ…ရော့” စားပွဲပေါ်ရှိ ပန်းကန်ထဲက ဘူးသီးကျော်တစ်ခုကို ကောက်ယူပြီး ဖြိုးဆိုတဲ့ ချစ်သူလေးကို ဖိုးကျော်က ခွံ့ကြွေးလိုက်သည်။ ဖြိုးကို ဖိုးကျော် မြတ်မြတ်နိုးနိုးကို ချစ်ရှာသည်။ ချစ်သူသက်တမ်း(၂)နှစ် အတွင်းမှာ လက်ကိုင်ရုံ ပါးလေးနမ်းရုံကလွဲပြီး ကျန်တာဘာမှ မလုပ်ပေ။ ချစ်ရသောဖြိုးကို ဖိုးကျော် တန်ဖိုးထားသည်။ ဒါကြောင့်မို့လည်း ဆင်ဆင်ချင်ချင်နေသည်။ အခွင့်အရေးတွေရှိပေမယ့် မယူခဲ့တာ ဖိုးကျော်ရဲ့ ဖြိုးအပေါ်ထားတဲ့ ချစ်ခြင်းသည်သာ။ ဘူးသီးကြော်ခွံ့ကြွေးနေတဲ့ မောင့်ကိုကြည့်ရင်း ရင်ထဲမှာအချစ်တွေပြည့်နေသည်။ ဒီလိုဂရုတစိုက် ရှိတဲ့သူမို့လည်း ဖြိုးကို သူပစ်သွားမှာကြောက်သည်။ အခွင့်အရေးမယူတတ်သောသူမို့လည်း မောင့်ကို လေးစားမိသည်။ (အခွင့်အရေး ယူခဲ့မယ်ဆိုရင်လည်း ပေးဖို့အသင့်ပါမောင်ရယ်)။ “အန်တီ” “ကျွန်တော်တို့ ဘယ်လောက်ကျလဲခင်ဗျ” “ဘူးသီးကြော်တစ်ပွဲတည်းဆိုတော့…ငါးရာပဲကျပါတယ်ကွယ်” ဖိုးကျော် ငါးရာတစ်ရွက် ထုတ်ပေးလိုက်သည်။ ပိုက်ဆံရှင်းပေးပြီးသည်နှင့် ကားတံခါးကို ဖြိုးဝင်ထိုင်ဖို့ အသင့်ဖြစ်အောင် ဖွင့်ပေးလိုက်သည်။ … Read more

ကောင်းလိုက်တာ အာကာရယ်

မန္တလေးရဲ့ ဒီဇင်ဘာလကုန်ဆုံးဖို့ ရက်တွေ နီးကပ်လာပေမယ့် ခိုက်ခိုက်တုန်အောင် အေးနေဆဲပါပဲ။ ဒါပေမယ့် ကျွန်တော် အာကာနိုင် တစ်ယောက် မအေးနိုင်ပါဘူး ချမ်းချမ်းစီးစီး သီချင်းတအေးအေးနဲ့ ရေထချိုးလိုက်ပြီး အသန့်ဆုံး ယောပုဆိုးနဲ့ စတစ်အဖြူရောင်လေးကို လဲလည်လိုက်ကာ ခန္ဓာကိုယ်ကို ရေမွှေးဆွတ်လိုက်တယ်။ ဆံပင်ကိုလည်း Code10 နဲ့ကော့နေ အောင် လိမ်းလိုက်ပြီး ချိုင်းနံ့ထွက်မှာ စိုးသဖြင့် နေဗီယာ လိမ်းလိုက်သေးပြီး အနွေးထည်ထူထူလေးကို ဝတ်လိုက်တယ်။ ” ခုံ နံပါတ်တွေ မဲနှိုက်ထားတဲ့အတိုင်း ကားပေါ်ကို တက်ပေးပါ နောက်ခုံကလူတွေ အရင်တက်ပေးပါနော် နေပြည်တော်မှာ အဝတ်အစား လဲဖို့အတွက်ပဲ အဝတ်အစားကို ယူထားပါ ကားပေါ်မှာအေးတဲ့အတွက် စောင်ယူခဲ့ပါ အနွေးထည် ဝတ်ခဲ့ပါ ဒါဆိုရင်တော့ ကိုယ်ထိုင်တဲ့ခုံမှာ လွတ်လွတ်လပ်လပ်ထိုင်လို့ ရပါတယ်ဗျာ ခြေထောက်တင်ခြင်ရင်တော့ အဝတ်အစားအိတ်လေးပါ ကားပေါ်ယူလာလို့ … Read more