တို့လည်း ခင်တတ်ပါတယ်… ဒါပေမဲ့ ကို့ကိုကြောက်တယ်
(ဒီဇာတ်လမ်းလေးက တကယ့် ဖြစ်ရပ်မှန်လေးပါ) အခန်း (၁) ၂၀၀၈ ခုနှစ်၊ ဧပြီလ (၃) ရက်။ မကြာခင် သင်္ကြန်ကျတော့မည်။ သင်္ကြန်ရယ်၊ ဥသြရယ်၊ ရွက်ကြွေလေးတွေရယ်၊ ရှင်းပြီးလှပနေတဲ့ ကောင်းကင်ပြာလေးရယ်… ဒါတွေဟာ နွေဦးပန်းချီကားတစ်ချပ်ထဲက နွေသရုပ်စုတ်ချက်တွေပါပဲ ချစ်သူရယ်..။ ဟိုးဝေးဝေး ဗာင်္ဒပင်က သစ်ရွက်လေးတွေ တစ်ရွက်ချင်း မြေသို့ ဝဲပျံကျနေတာ၊ ခပ်လှမ်းလှမ်း ပိတောက်ပင်ပေါ်က ဥသြငှက် တေးဆိုနေတာတွေကြည့်ပြီး ဘာလိုလို အလွမ်းကြီးက ရင်ကို ဗျောင်းဆန်စေပါတယ်…။ ရည်းစားရှိသူမပြောနဲ့ မရှိသူတွေတောင် နွေရောက်ပြီဆို ဘာလိုလိုနဲ့ ဘယ်ကိုလွမ်းရမှန်းမသိအောင် ခံစားရတယ်လေ..။ “ဟေ့ကောင်… ချစ်စမ်းကို.. ငါခေါ်နေတာကြာပြီ… ဘာတွေငေါင်ပြီး.. ခေါ်မကြား အော်မကြား ဖြစ်နေလဲကွာ…” မင်းသူမှ ပြောပြောဆိုဆို ခုံတစ်လုံးဆွဲပြီး ဘေးမှာဝင်ထိုင်သည်။ မင်းသူက အိမ်မှာ ဆေးဆိုင်ဖွင့်ထားသည်။ … Read more