ဘယ်လောက်အရသာရှိလိုက်မလဲမသိဘူး“

ကျောင်းမှပြန်လာသောပိုးအိလွင်တယောက်အိပ်ခန်းထဲရောက်သည်နှင့် ကျောပိုးအိပ်လေးကိုအသာချကာ ရေချိုးဖို့ပြင်သည်။တံခါးလည်းလော့ချပြီးသား ပြူတင်းပေါက်ခန်းစီးတွေလည်းပိတ်ပြီးသားမို့ လွတ်ဘွတ်လပ်လပ်ပင်အဝတ်တွေတခုပြီးတခုချွတ်ကာ အိပ်ခန်းနှင့်တွဲလျက်ရှိသောရေချိုးခန်းထဲဝင်ခဲ့သည်။အိမ်မှာက အိမ်ဖော်များအတွက်မှလွဲလျင် ရှယ်အခနိး တွေချည်းဖြစ်သည်။ဖေဖေနှင့်မေမေကတစ်ခန်း သူမကတစ်ခန်း မမ နှင်းအိလွင်ကတစ်ခန်း ဧည့်သည်များအတွက်ထားသောအိပ်ခန်းသုံးခန်းလည်းရှိသေးသည်။ဖိုးဖိုးရှိစဉ်က အိပ်ခန်းလည်းအခုတော့ ဧည့်သည်ခန်းထဲပါသွားပြီ။မနှစ်က သူမစာမေးပွဲရက်မှာ ဖိုးဖိုးကွယ်လွန်သွားခဲ့သည်။ဖေဖေနဲ့မေမေမှာ ပထမတော့ သမီးနှင်းအိလွင်တယောက်သာရှိသည်။နှင်းအိလွင်ဆယ်နှစ်သမီးအရွယ်ခန့်မှာ ဖိုးဖိုးငယ်သူငယ်ချင်းတယောက်ရဲ့တဦးတည်းသောသားဖြစ်သူ အသက်သုံးဆယ်အရွယ်မှာကွယ်လွန်သွားတာကိုမြင်တော့ ဖေဖေနဲ့မေမေကို ဖိုးဖိုးကနားချသည်။ သားသမီးတယောက်တည်းမွေးထားခြင်းဖြင့် မိဘများအရွယ်လွန်ချိန်ကျမှ သားသမီးဆုံးပါးသွားခဲ့လျင် မိမိမျိုးဆက်မကျန်နိုင်ကြောင်း မိဘများကအရင်ကွယ်လွန်ခဲ့လျင်လည်း လောကအလယ်တွင် ကျန်ခဲ့မည့်သားသမီးအနေဖြင့် အရင်းဆုံးဆွေမျိုးဟူသည်မှာ တဝမ်းကွဲသာဖြစ်လိမ့်မည်ဖြစ်ကြောင်း အကြောင်းကိစ္စကြီးငယ်ပေါ်ပေါက်လာပါက မောင်နှမအရင်းအခြာကသာ ကျောချင်းကပ် ရင်ချင်းအပ်လေ့ရှိကြောင်း စသည်ဖြင့်နားချသောကြောင့် ပိုးအိလွင်ကိုထပ်မွေးခဲ့ခြင်းဖြစ်သည်။ဖိုးဖိုးကလည်း မြေးအငယ်ဆုံးလေးကိုတုန်နေအောင်ချစ်သလို သူမဆန္ဒမှန်သမျှအကုန်ဖြည့်ဆည်းပေးသောဖိုးဖိုးကိုသူမကလည်း အလွန်ချစ်ခဲ့သည်။သူမကိုအလွန်ချစ်သောဖိုးဖိုး သူမကလည်းအလွန်ချစ်သောဖိုးဖိုးကွယ်လွန်တော့ သူမစာမေးပွဲဆက်မဖြေနိုင်တော့။ ထိုကြောင့် ဆယ်တန်းကိုပြန်တက်နေရခြင်းဖြစ်သည်။Car showroom နှင့်သွင်းကုတ်ထုတ်ကုန်လုပ်ငန်းရှင်ဖခင်နှင့် စိန်ရွှေရတနာဆိုင်ဖွင့်ထားသောမိခင်တို့၏ကြွယ်ဝမှုများကြောင့် အပူအပင်မရှိ ဘော်ဒါတက်နိုင်သော်လည်း အိမ်နှင့်မခွဲနိုင်သောသူမက သူငယ်ချင်းများနှင့်စုပြီး ဝိုင်းကျူရှင်သာတက်သည်။ ငယ်စဉ်ကတည်းကစာတော်ခဲ့သောသူမကို မိဘတွေကလည်းယုံကြည်သည်။သူမဆန္ဒအတိုင်းသာဖြစ်စေသည်။တနေ့လျင် … Read more

ဒါကကျနော့ဆရာမ တော်လို့ပါနော်၊ မမသဲရယ်၊

တယောက်အကြောင်းကိုပြောပြချင်ပါတယ်။ ပြောရရင် ကျနော့ လက်ဦးဆရာမကျေးဇူးရှင်ဆိုလည်း မှားမယ်မထင်ဘူး။ သူ့ကြောင့်ဘဲ ကျနော့မှာ ကျွမ်းကျင်အဆင့်ဖြစ်ခဲ့ရတာပါ။ အဲဒီ အမကြီးနာမည်က မမသဲပါ။ ကျနော်တို့ရပ်ကွက်ကိုမမသဲတို့မိသားစုပြောင်းလာကြတာ။ မမသဲတို့က ကျနော်တို့ အိမ်ရှေ့အိမ်က၊ သူတို့အိမ်မကြီးက ခြံနောက်ဘက်မှာ၊ မမသဲကခြံရှေ့မှာဆိုင်လေးဆောက်ပြီးကုန်စုံဆိုင်ဖွင့်တယ်။ သူတို့အိမ်မှာ မမသဲက အိမ်ထောင်သည် ကလေးတယောက်အမေ။ သူ့ယောက်ကျားက နိူင်ငံခြားသွားအလုပ်လုပ်တယ်ဆိုလားပဲ ၊ အိမ်မှာ မမသဲတို့ အဖေအမေရယ် မောင်တစ်ယောက်ရယ်၊ အားလုံး အတူတူနေကြတယ်။ နေ့လယ်ဆိုရင် အိမ်ရှေ့က ဆိုင်လေးမှာ မမသဲနေတယ်။ မမသဲတို့နဲ့ စခင်တာကသူ့ဆိုင်သွားသွားထိုင်ရင်းနဲ့ခင်တာ။ ပြောရရင် ကျနော်က ၁၀တန်း၊ ၁၆ နှစ်ဘဲရှိသေးတာ။ နောက်ပြီး လူကောင်က လည်း သေးသေးညှက်ညှက် နဲ့ ကြည့်လိုက်ရင် ဘာမှမသိတဲ့ကလေးငယ်ပုံ။ တကယ်လည်းဘာမှသိပ်မသိ သေးပါဘူး။ မိန်းမဆိုရင် ကျောင်းမှာ ရန်ဖြစ်ဖို့လောက်သိတာ။ နေ့လယ်နေ့ခင်းကျောင်းကပြန်လာရင် … Read more

အစမို့နော် နန်း စိတ်ကိုလျှော့ထား”

သူငယ်ချင်း ငါတော်တော်အခက်အခဲ ဖြစ်နေလို့ပါကွာ။ကူညီပေးပါလား ခက်တယ်ကွာ။မင်းကလဲ ဇွတ်ကြီးပဲ။အေး ရရင် ငါပြောမယ်။မင်းကိုဆက်သွယ်လို့ရမယ့်ဖုန်းပေးခဲ့” ”အေးအေး ကျေးဇူးတင်ပါတယ်ကွာ” ငြိမ်းချမ်း တယောက် မငြိမ်းချမ်းနိုင်သေးပါ။သူထောင်ကလွတ်လာတာမကြာသေး။သူထောင်ကျရတာလဲ ခုသူမျက်နှာအောက်ကျပြီးအကူအညီတောင်းနေရတဲ့ ဝေယံဟိန်းရဲ့ အပြစ်လဲမကင်းပေ။သူတို့တွေက တောင်ကြီးနည်းပညာတက္ကသိုလ်က ပထမနှစ်ကတည်းက တဆောင်တည်းနေခဲ့ခင်ခဲ့ကြတဲ့သူငယ်ချင်းတွေ။မေဂျာတွေမတူကြပေမယ့် ဆိုးဖော်ဆိုးဖက်ငတ်ဖော်ငတ်ဖက်တွေမို့ ညီအကိုတွေထက်ချစ်ကြသည်။သူက မိဘမရှိ။ဦးလေးဖြစ်သူက ကြည့်ရှူ့စောင့်ရှောက်ထားတာ။ ညီအကိုသားချင်းမရှိတော့ သူငယ်ချင်းတွေကို အရမ်းမင်သည်။ဒါကြောင့် သူငယ်ချင်းတွေနဲ့ပတ်သတ်လာရင် အစစအရာရာ အနစ်နာခံသည်မို့ သူငယ်ချင်းအပေါင်းအသင်းတွေပေါသည်။နောက်ဆုံးနှစ်စာမေးပွဲဖြေပြီးညမှာတော့ သူငယ်ချင်းတွေ ခွဲရတော့မယ်ဆိုပြီး သောက်ကြစားကြသည်။ပြီးတော့ လျှောက်လည်ကြတော့ သူက မသွားချင်။မူးနေလို့ တခုခုဖြစ်မှာစိုးလို့တားသေးသည်။ဝေယံထက်က မရ။အတင်းကိုသွားချင်နေသည်။သူကတော်တော်မူးနေသည်။ဆိုင်ကယ်သူစီးမယ်ဆိုတော့လဲ ပေးမစီး။သူ့နောက်ကဘယ်သူ့မှမလိုက်ရဲ။သူကလိုက်ပြီး ထိန်းရသည်။လျှောက်လည်ကြရင်း လုံခြုံရေးရဲတွေနဲ့ ငြိကာ ပြသာနာတက်ကြသည်။သူက အတန်တန်တားတဲ့ ကြားက ဝေယံထက်က တားမရ။ရဲတွေကစက်နဲ့ လူခေါ်တော့ ရောက်လာတဲ့အခါ ထွက်ပြေးကြရင်း ဆိုင်ကယ်တစ်စီးကိုဖြတ်ကျုံးလိုက်သည်။သူတို့လဲ ဆေးရုံရောက်သွားသည်။ ဝေယံထက်တိုက်လိုက်တဲ့ဆိုင်ကယ်က မောင်းတဲ့ကောင်မလေး နေရာမှာပွဲချင်းပြီးဆုံးသွားလို့ ကောင်မလေးရဲ့မိဘတွေက … Read more