ယားတယ် သူသူ မနေတတ်တော့ဘူးကွာ ”

အေးမြတ်သူတစ်ယောက် လင်နှင့်ကွဲခဲ့တာ တစ်နှစ်ကျော်ကျော် နှစ်နှစ်နီးနီးလောက်ရှိပြီ။ လင်ဖြစ်သူက မလေးရှားဖက်ကို အလုပ်ထွက်လုပ်ရင်း ပထမတော့ လစဉ်မှန်မှန် ငွေပို့ပေးနေရာက တစ်နှစ်ခွဲခန့်ကြာတော့ ငွေပို့တာမမှန်တော့ဘဲ သုံးလေးလလောက် ကြာမှ တစ်ခါလောက် ကြုံသလို မစို့မပို့ ငွေပို့ပေးရင်း သတင်းလည်း မသိုးမသန့် ကြားလာခဲ့ရသည်။ ရခိုင်မတစ်ယောက်နှင့် ဖြစ်နေသလိုလို အင်ဒိုမတစ်ယောက်နှင့်ပဲ ညားသလိုလို သတင်းကြားရသည်။ နောက်ပိုင်း ခြောက်လလောက်အထိ သူငွေပို့တာမျိုးလည်း မရှိတော့ချေ။ သူ့ဖက်က မမှန်မကန်ဖြစ်လာရာက သူတစ်ခေါက် ပြန်ရောက်လာချိန်မှာ လင်မယားချင်း အကြီးအကျယ် စကားများကြရင်း အေးမြတ်သူလည်း သူ့ကိုကွာရှင်းခွင့်တောင်း၍ အိမ်ကနေ အပြတ်ပင် ဆင်းချလာခဲ့လိုက်သည်။ သူမသဘောထားက ပြတ်သည်။ သစ္စာမရှိသောယောက်ျားကို တစ်သက်တာလုံး ကျွန်ခံပြီးမပေါင်းလိုတော့ဟုဆိုပြီး ဆွေမျိုးသားချင်းများက အမျိုးမျိုးနားချသော်လည်း ဘယ်လိုမှ တားမရတော့ချေ။ အေးမြတ်သူက ရုပ်ရည်လှသလောက် စိတ်လည်းတော်တော်ကြီးသည်ဟု ဆိုရမည်။ … Read more

မောင်တို့ သူ့အဆောင်ကို လိုက်သွားကြမလား ချစ်”

အခန်း ( ၅ ) သုတ ကျောင်းကိုရောက်တော့ မြတ်နိုးကို လိုက်ရှာနေမိသည်။ အဆောင်မှာ နှစ်ရက်လောက် အောင်းနေလိုက်မိသောကြောင့် စာတွေလည်း နောက်ကျနေပြီဖြစ်သည်။ ကျောင်းမတက်ဖြစ်ပဲ သူစဉ်းစားနေမိသည်မှာ သူ့လက်ထဲတွင်ရှိနေသော ကလစ်လေး၏ ပိုင်ရှင်ကိုပင်ဖြစ်သည်။ ဘာတွေဖြစ်ခဲ့သည်ဆိုတာကို သူ သေချာမမှတ်မိသောကြောင့် သိချင်နေမိသည်။ သူ ဘယ်လိုဘဲ စဉ်းစားစဉ်းစား မြတ်နိုးဇော်ကိုသာ မြင်ယောင်နေမိသည်။ ရန်ကုန်လိုနေရာမျိုးတွင် သူ့ကို ဂရုတစိုက်နှင့်ရှိမည့် မိန်းကလေးဆို၍ မြတ်နိုးဇော်တစ်ယောက်သာ ရှိနိုင်သည်။ မြတ်နိုးဇော်နှင့် တွေ့လိုက်ရလျှင် ရှင်းသွားလိမ့်မည်ထင်သည်။ တစ်ကျောင်းလုံး လှည့်ပတ်ရှာသော်လည်း မြတ်နိုးဇော်ကို မတွေ့ရ။ စိတ်ညစ်ညစ်နှင့် အတန်းထဲဝင်လိုက်မိသည်။ ဆရာ ဘာတွေသင်နေသည်ဆိုတာကို သူ စိတ်မဝင်စားမိပေ။ စိတ်က ပျံလွင့်လျှက်ရှိနေသည်။ သူငယ်ချင်းတစ်ယောက်ဆီမှ စာအုပ်ငှားပြီး လွတ်သွားသော စာများကို ပြန်ကူးရသည်။ မေကြည်နူးအကြောင်းကို မစဉ်းစားမိစေရန် … Read more

မေကြည်နူးအတွက် အမြဲတမ်း အဆင်သင့်ဖြစ်နေတတ်တဲ့ ငါ့

Celebrity News and Knowledge Search for  Home/Love Love အခန်း ( ၁ ) နွေလေရူးက ဟို…သည် တိုက်ခတ်နေသည်ထင်၏။ ညမွှေးပန်းရနံ့က တစ်ချက်တစ်ချက် အခန်းထဲသို့တိုင် ရောက်ရှိလာခဲ့သည်။ အိပ်မပျော်နိုင်လောက်အောင် အတွေးများနှင့် ယောက်ရက်ခတ်နေသော ဘုန်းသုတ တစ်ယောက်အတွက် မွှေးအီလှသောပန်းရနံ့ကို ခံစားမနေဖြစ်ပေ။ သူ့အတွက် ခံစားစရာ ခံစားချက်တစ်ခုက ရင်ဝယ်အသင့်ရှိနေပြီးသား ဖြစ်နေသည်။ ပန်းရနံ့လိုပင် ထုံအီမွှေးပျံ့သော ပန်းဘုရင်မလေးအကြောင်းက သုတအတွေးများကို စိုးမိုးထားလျှက်ရှိနေသည်။ အချစ်သည် လူကိုသည်မျှထိအောင် ဖမ်းစားနိုင်သည်တဲ့လား။ မေကြည်နူး…. နာမည်လေးတစ်ကြောင်းဘဲရေးပြီး ဘာဆက်ရေးရမယ်မှန်းမသိ ဖြစ်နေပြန်သည်။ ခေတ်ဟောင်းအထာနှင့် စာပေးရန် ကြိုးစားမှုကလည်း အထမြောက်လိမ့်မည်မထင်။ ဖွင့်ပြောရဲဖို့သတ္တိကလည်း ကိုယ့်မှာကမရှိ။ ငယ်သူငယ်ချင်းလေးအပေါ် စိတ်ကစားမိခြင်းက ကိုယ့်လိပ်ပြာ ကိုယ်မလုံချင်စရာကောင်းပါသလား။ အချစ်ဆိုတာကို နဖူးတွေ့ဒူးတွေ့ … Read more