အစ်ကို ထွန်းကျော် .. လူတွေ မြင်ကုန်ဦးမယ်နော်
ထွန်းကျော် အိပ်ယာမှနိုးတော့ တစ်အိမ်လုံးတိတ်ဆိတ် ငြိမ်သက်လျက် ရှိသည်။ သူသည် အိပ်ယာမှ နိုးနိုးခြင်း ရေချိုးလိုက်လျင် ကောင်းမည်ဟုတွေးကာ အင်္ကျီကိုချွတ်၊ သဘက်တစ်ထည်ကို ပုခုံးပေါ် တင်၍ အိပ်ခန်းထဲမှ ထွက်ခဲ့လေသည်။ ရေချိုးခန်းသို့သွားရန် မီးဖိုဆောင်ထဲမှ ဖြတ်အထွက်တွင် ထွန်းကျော် မီးဖိုဆောင်ထဲသို့ ဝေ့ကာကြည့်လိုက်သော်လည်း မည်သူ့ကိုမျှ မတွေ့ရ။ အေးအေးဆေးဆေးပင် ရေချိုးခန်းသို့ဝင်ကာ ရေကိုတစ်ဝကြီး ချိုးလိုက်သည်။ ရေချိုးပြီးနောက် ထွန်းကျော်သည် သူ့အိပ်ခန်းထဲသို့ ပြန်ဝင်ကာ အဝတ်အစား လဲလိုက်သည်။ ပြီးတော့ သူဒီအိမ်ကိုရောက်တိုင်း လုပ်နေကျ ဖြစ်သည့် ထမင်းစားခန်းဆီသို့ ထွက်လာခဲ့သည်။ မည်သူ့ကိုမျှ မတွေ့ရပေမယ့် သူအတွက် စားစရာ တစ်ခုခုတော့ စီစဉ်ထားမြဲ ဖြစ်သည်။ ထွန်းကျော် ထမင်းစားခန်း အတွင်းသို့ လှမ်းအဝင်လိုက်တွင် ထမင်းစား စားပွဲဘေးတွင် ရပ်နေသော လှလှမွန်က … Read more