နွမ်းရရုံတင်မက ဝတ်ရည်တွေပင် ခမ်းခြောက်ခဲ့ရပါပြီ… အစ်ကိုရယ်…
ဘယ်လောက်ပင်ရှည်ရှည် ရေးသားသူ – အမည်မသိ ကြူကြူက မြင့်မြင့်ရီကို အသာလက်တို့ပြီး ပြောလိုက်သည်ကို နုနု ကြားလိုက်တော့ ရှိုးကေ့စ်နောက်တွင်ရပ်၍ နေရင်းက အသာလေး မျက်လွှာလေးပင့်ပြီး ကြည့်လိုက်သည်။ အသက်က (၂၃) (၂၄) ထက်မပို၊ အသားက မဖြူသော်လည်း ခပ်လတ်လတ်လေးဖြစ်သည်။ နှာတံပေါ်ပေါ် မျက်နှာက မျက်လုံးကောင်းကောင်း မျက်ခုံးကောင်းကောင်းဆိုတော့ ချောမောခန့်ညားသည်။ အရပ်ကမြင့်မြင့် အားကစားသမားတွေပုံစံမျိုးမို့ ခန္ဓာကိုယ်ကလည်း တောင့်တောင့်တင်းတင်းရှိသည်။ စတိုင်လ်ကလည်းဖြောင့်တော့ မင်းသားရှုံးလောက်သည်။ “ ဟင်…” နုနု သူမ၏မျက်လွှာလေးကို ချက်ချင်းပင် ပြန်၍ချပစ်လိုက်သည်။ သူနဲ့လည်း မသိဘဲနဲ့ ကိုယ်တော်က နုနုကို စိုက်ကြည့်ပြီး ပြုံးပြလိုက်သည်။ သူ့အပြုံးက စွဲမက်ဖွယ်ကောင်းလှသည်။ ဒါပေမယ့် ရင်တုန်သွားရသော နုနုကတော့ သူ့ဆီရောက်နေတဲ့ သူမရဲ့အကြည့်တွေကို ချက်ချင်းရုတ်သိမ်းလိုက်ပြီး မျက်လွှာလေးကို ချပစ်လိုက်သည်။ … Read more