ကျနော့်ရဲ့ပျားဘုရင်မလေး
ပီအေ ရေးသားသူ – Directionless ဦးကျော်ခေါင်အဖို့ အသက်ကြီးမှ မုတ်ဆိတ်ပျားလာစွဲတာ ခံရသလားတော့ မသိ။ သူ့မိတ်ဆွေလည်းဖြစ်၊ ငယ်ပေါင်းလည်းဖြစ်တဲ့ ဦးစောမောင်က သူ့ကုမ္ပဏီမှာ ခေတ္တခဏ ရုံးသွားထိုင်ဖို့ ပြောတုန်းက ဦးကျော်ခေါင် လုံးဝ စိတ်မဝင်စားခဲ့။ ဒါကလည်း သူ့မှာ အကြောင်းရှိသည်။ ဦးကျော်ခေါင်ဆိုသည့်သူက အလုပ်လုပ်စရာမလိုဘဲ အချိန်တန်လျှင် ဝင်ငွေရှိနေသူလေ။ သူ့ကိုယ်သူ သူဌေးဟု ခေါင်းစဉ် မတပ်နိုင်သော်လည်း ဦးကျော်ခေါင်သည် ငွေကြေးနောက်ခံတော့ အတော်ရှိခဲ့သူ ဖြစ်သည်။ ထို့အပြင် သူသည် မိန်းမရ ကံကောင်းသူဟုလည်း ဆိုရမည်။ လွန်ခဲ့သော ငါးနှစ်ကျော်ကျော်က ဆုံးပါးသွားပြီ ဖြစ်သော သူ့မိန်းမ ဒေါ်သူဇာသည် ဆွေကြီးမျိုးကြီးထဲမှ ဖြစ်သည်။ သူတို့နှစ်ယောက် ညားခါစတုန်းကဆို သူမဘက်က ပိုင်ဆိုင်မှုက သူ့ထက်တောင် များသည်ဟု ဆိုလို့ရသည်။ အခုတော့ … Read more