ခိုင်တော့ ကို့ကို အသည်းခိုက်အောင် ချစ်မိသွားပြီ

“ဟော… ကိုနေထွန်းပါလား၊ ဘယ်တုန်းကရောက်လဲ…” “တပတ်လောက်ရှိပြီဗျ၊ သင်တန်းလာတက်တာ…” “ဘယ်တော့ပြန်မှာလဲ…” “သဘက်ခါ…” “ဒါဆိုအတော်ပဲ၊ ကျွန်တော်လူကြုံရှာနေတာဗျ၊ ခိုင့်ကို တယောက်တည်း ဒီမှာထားခဲ့ရမှာမို့ နောက်ဆံငင်နေတုန်း ခင်ဗျားနဲ့ ဆိုက်ဆိုက်မြိုက်မြိုက်တွေ့ရတော့ အဆင်ပြေသွားတာပေါ့၊ ဟုတ်ဘူးလားခိုင်၊ ခိုင်လည်း သန်ဘက်ခါပြန်မှာ။ ခင်ဗျား ဒီမှာပဲ တည်း နေတာလား” “ဟုတ်တယ်၊ ဝမ်းဆဲဗင်းတူးတူးမှာ…” “ကျွန်တော်တို့က တူးအိုသရီးနိုင်း၊ ခင်ဗျားရောက်တာ ကြာပြီလား” “၁၅ရက်ရှိပြီဗျ” “ကျွန်တော်တို့က ၅ရက်ရှိပြီ၊ မဆုံဘူးနော်၊ အေးဗျာ အခုတော့ ခိုင်င့်အတွက် စိတ်အေးရတာပေါ့။ ဒီလို ကိုထွန်းထွန်းရေ၊ ကျွန်တော်တို့နှစ်ယောက်က လာတုန်းကတော့ အေးအေးဆေးဆေးပဲ။ ဒီကျတော့မှကျွန်တော့်မှာ အလုပ်ပေါ်လာလို့ ထိုင်ဝမ်ကို ဒီနေ့ နေ့ခင်းပဲ ကူးရတော့မှာ။ ထိုင်ဝမ်မှာ တရက်နေပြီးရင် အမေရိကကို ဆက်သွားရဦးမှာဆိုတော့ ခင့်ကို ခေါ်သွားလို့မဖြစ်တော့ဘူး။ ဒါနဲ့ … Read more

အနေနီးတော့ မှားမိတာပေါ့

သူ့နာမည်က ဝေယံ၊ မကြာသေးမီက အီးမေဂျာနဲ့ ဘွဲ့ရခဲ့သည်။ ကျောင်းပြီးတော့ ဘာလုပ်ရမှန်းမသိ ဝေလေလေဖြစ်နေသည်။ မိသားစုကလည်း အရမ်းချောင်ချောင်လည်ထဲက မဟုတ်။ ဖခင်မှာ အစိုးရ သာမာန်စာ‌ရေး အဆင့်လောက်နဲ့ အငြိမ်းစားယူထားသည်။ အမေကတော့ ဘာအလုပ်မှ မလုပ်ဖူးပေ။ မိသားစု သုံးယောက်တည်းရှိသဖြင့် အဖေ့လစာနှင့် ဖူလုံသည်။ အခု အဖေက အငြိမ်းစားယူထားတော့ အဖေ့ပင်စင်လစာနဲ့ မလောက်ငတော့ပေ။ မိသားစု စားဝတ်နေရေးက သူ့တာဝန်ဖြစ်လာသည်။ တစ်ရက် သူ့အမေ၏မောင်ဝမ်းကွဲ ဦးလေးတော်စပ်သူ ဖုန်းဆက်လာသည်။ “ဟေ့ ဝေယံ.. မင်းကျောင်းပြီသွားတော့ ဘာလုပ်နေလည်း… ဘာမှမလုပ်သေးဘူး ဦးလေး၊ အလုပ်ရှာနေတာ မရသေးလို့…. အေး ဒါဆို ကျောင်းနေဖက် သူငယ်ချင်းရဲ့ ကုမ္ပဏီမှာ ငါသွင်းပေးမယ် လုပ်မလား… ဟာ လုပ်မှာပေါ့ ဦးလေးရာ ကျေးဇူးအရမ်းတင်တယ်ဗျာ.. အေး … Read more

စွဲလမ်းအောင် လုပ်နိုင်သူကြီး

သူ့အကောင့်လေးမီးစိမ်းနေပါလား ဖုန်းလေးကိုကိုင်ပြီး ဖေ့ဘုတ်လေးကို ဖွင့်လိုက်တော့ ကေသီအကောင့်လေး မီးလေးစိမ်းနေတယ်လေ။ ဒါပေမယ့် တစ်ခါမှလည်း နှုတ်မဆက်ရဲတဲ့ဘဝ။ ကေသီရေ ကိုယ့်မှာသာ ကိုယ့်အပြစ်နှင့် ကိုယ်ဖြစ်ခဲ့ရပြီ။ တို့နှစ်ယောက်ချစ်ခြင်းကို ကိုယ့်ရဲ့ဇီဇာကြောင်မှုကြောင့် တို့တွေဝေးခဲ့ကြရတာ မဟုတ်လားလေ။ အားလုံး ကိုယ့်အပြစ်တွေပါကွာလို့ ဆွေးဆွေးမြေ့မြေ့လေးတွေးရင်း အတိတ်ကို စိုးသီဟတစ်ယောက် တမ်းတပြီးမဆုံနိုင်တဲ့ဘဝမို့ ဆွေးနေရတယ်လေ။ ကျနော် ရန်ကုန်အရှေ့ပိုင်းတက္ကလိုလ် တည်ဆောက်ရေးမှာ အန်ဂျင်နီယာကန်ထရိုက်တာ အဖြစ်တာဝန်ယူခဲ့တယ်။ ရန်ကုန်ကနေပြီး အလုပ်သွားရတာလေ။ ကားမောင်းပြီးပေါ့။ ဖောင်ဒေးရှင်းလေးစတင်နေခဲ့တဲ့အချိန်မှာ ပုံစံတွေက မတည်မငြိမ်၊ အခုတစ်မျိုး တော်ကြာတစ်မျိုး ဖြစ်နေတာကြောင့် မူလဒီဇိုင်းအတိုင်း လုပ်ထားရကနေ ပုံစံပြောင်းတဲ့အတွက် ပေါက်ကွဲနေတဲ့အချိန် ကားကိုမြန်မြန်လေးမောင်းလာခဲ့တယ်။ သံလျင်ဖက်ကမ်းရောက်တော့ လမ်းရှင်းပါတယ်ဆိုပြီး အရှိန်တင်လိုက်တယ်။ လူက ကိုယ့်အတွေးနှင့် ကိုယ်ဆိုတော့ ပတ်ဝန်းကျင်ကို ကရုမစိုက်အားဘူးဗျ။ လမ်းသွယ်လေးကနေ ဆိုင်ကယ်တစ်စီး အတင်းထွက်လာတယ်။ ကားရှေ့အထိရောက်လာတာကြောင့် … Read more