နှင်းညီမ ရောက်လာပြီးကတည်းက ကိုတို့ အချိန်သိပ်မရတော့ဘူး”
ပန်းပုံပြင် Prelude (Teen Diary) ရေးသားသူ – Seven ပန်းပုံပြင် introduction ဆိုလည်း ဟုတ်ပါတယ်။ ဒီအတိုလေးကို ၂၀၁၆ တုန်းက အချစ်တက္ကသိုလ်မှာ ပထမဆုံး ရေးဖြစ်ခဲ့ပါတယ်။ ဖြစ်ရပ်မှန် personal experience လေးပါ။ ဘဝမှာ မဟုတ်တာတွေ စလုပ်တတ်တဲ့ အတွေ့အကြုံလေး အမှတ်တရ။ စရေးတုန်းက Teen diary ကနေ ပန်းပုံပြင် ဇာတ်လမ်းအထိ ဆက်သွားတာ။ နောင် ဘယ်မှာတင်ရမှန်း မသိတော့တာရယ်။ ရှက်ဖို့ကောင်းတယ် ထင်တာရယ် ဟိုဘက်မှာတင်ပြီးသား အပိုင်းတွေ ဖြုတ်ချပြီး အသစ်စလိုက်တယ်။ အခုလည်း ကိုယ့်ဟာကိုယ်ဖတ်ရင်းနဲ့ ရယ်လည်းရယ်ချင်တယ်။ ရှက်စရာလည်းကောင်းတယ်။ ပိချိလေး အရွယ်ထဲက မဟုတ်မဟတ်တွေ ရေးတတ်ခဲ့တာကိုး ဟိ။ စာဖတ်သူတွေလည်း ရှေ့မျက်နှာနောက်ထား ဖတ်ပေးကြပါနော်။ “ပထမဆုံးသော … Read more