ငါ မနေနိုင်တော့လို့ တစ်ခါလောက် လုပ်အုံးမလားလို့…

သွေးရည်စက်တို့ထိမှန်ခြင်း ရေးသားသူ – ????? ကွင်းထဲသို့ မအေးမြင့် မသွားချင်တာ အမှန်ပင်။ မိုးကုန်သွားပြီဆိုပေမယ့် တစ်ညလုံးကျထားသော ဆောင်းနှင်းတွေကြောင့် ကန်ဇင်းရိုးတွင် ချော်ချော်ချွတ်ချွတ် ဖြစ်နေသေးသည်။ သွားရမည့်အချိန်ကလည်း မနက်စောစောသွားဟု အရီးလေးက ခိုင်းထားသည်။ စီးနေကျ သားရေစိမ်းဖိနပ်ဆို ဝေးရော့…။ ဖိနပ်စီး၍ရသည့်ခရီးမဟုတ်..။ ဒါကိုဘဲ မအေးမြင့် စိတ်ညစ်ရခြင်းဖြစ်သည်။ သွားရမည့်ခရီးကလည်း မအေးမြင့်တို့ ကျုံတာရွာမှ တစ်နာရီနီးပါးလျှောက်ရမည့် ကွင်းခေါင်ခေါင်မှ ကိုသာစိန်၏ လယ်တဲကို ဖြစ်သည်။ သီးထပ်စိုက်သဖြင့် ကိုသာစိန်တို့လင်မယားက တဲတွင်ပြောင်းနေသည်မှာ တစ်လခန့်ရှိပြီဖြစ်သည်။ ကွင်းထဲသွားတာ ဝေလီဝေလင်း ထ၍လာရသည်။ နေထွက်မှဆိုလျှင် နေပူဒဏ်ကို မခံနိုင်။ ဒီနေ့ စပါးဝယ်မည့်သူ လာမည်ဖြစ်သဖြင့် စပါးခြင်ရန် ကိုသာစိန်အား အရီးလေးက ခေါ်ခိုင်းခြင်း ဖြစ်သည်။ တခြားလူတွေကို ခေါ်၍ခြင်ခိုင်းရင်လည်း ရတာပါပဲ..၊ ဒါပေမယ့် … Read more

ချစ်ရတာမဝသေးလို့ လာတာပေါ့။

ချွေးမလေး ဖြိုးဖြိုး ရေးသားသူ – ????? “ဖြိူး စားလေ… ရော့” စားပွဲပေါ် ရှိ ပန်းကန်ထဲက ဘူးသီးကျော်တစ်ခုကို ကောက်ယူပြီး ဖြိုးဆိုတဲ့ ချစ်သူလေးကို ဖိုးကျော်က ခွံ့ကြွေးလိုက်သည်။ ဖြိုးကို ဖိုးကျော် မြတ်မြတ်နိုးနိုးကို ချစ်ရှာသည်။ ချစ်သူသက်တမ်း(၂)နှစ် အတွင်းမှာ လက်ကိုင်ရုံ ပါးလေးနမ်းရုံကလွဲပြီး ကျန်တာဘာမှ မလုပ်ပေ။ ချစ်ရသောဖြိုးကို ဖိုးကျော် တန်ဖိုးထားသည်။ ဒါကြောင့်မို့လည်း ဆင်ဆင်ချင်ချင်နေသည်။ အခွင့်အရေးတွေရှိပေမယ့် မယူခဲ့တာ ဖိုးကျော်ရဲ့ ဖြိုးအပေါ်ထားတဲ့ ချစ်ခြင်းသည်သာ။ ဘူးသီးကြော်ခွံ့ကြွေးနေတဲ့ မောင့်ကိုကြည့်ရင်း ရင်ထဲမှာအချစ်တွေပြည့်နေသည်။ ဒီလိုဂရုတစိုက် ရှိတဲ့သူမို့လည်း ဖြိုးကို သူပစ်သွားမှာကြောက်သည်။ အခွင့်အရေးမယူတတ်သောသူမို့လည်း မောင့်ကို လေးစားမိသည်။ (အခွင့်အရေး ယူခဲ့မယ်ဆိုရင်လည်း ပေးဖို့အသင့်ပါမောင်ရယ်)။ “အန်တီ ကျွန်တော်တို့ ဘယ်လောက်ကျလဲခင်ဗျ” “ဘူးသီးကြော်တစ်ပွဲတည်းဆိုတော့…ငါးရာပဲကျပါတယ်ကွယ်” ဖိုးကျော် … Read more

မောင်မောင် ရယ်…လူမြင်လို့ မကောင်းဘူး…

ခံစားကြည့်မှ သိမှာပါ ရေးသားသူ – မန္တလာမောင်မောင်တုတ် “ ဟင်း……လာပြန်ပြီဟယ်…စိတ်ညစ်တယ်…..” “ စိတ်ညစ်တယ် ” ဟု ညီးတွားလိုက်သော မိန်းမလှလေး၏ ပါးအို့လေး အစုံက ပန်းသီးမှည့်လေးအလားရဲတက်သွားသည်..။ အသစ်ဖောက်လုပ်ထားသော လမ်းမကြီးပေါ်၌ စပရင်တာ အဖြူလေးတစ်စီးက ငြိမ့်ခနဲထိုးရပ်သွားသည်..။ ကားထဲမှ သပ်ရပ်ထွားကြိုင်းသော လူငယ်တစ်ယောက်က စက္ကူအိတ် ခပ်ကြီးကြီးနှစ်လုံးနှင့် ငါးသုံးလုံး လက်ဆွဲ ပလပ်စတစ်အိတ်တစ်လုံး ဆွဲကိုင်ကာ “ သိမ့် – တေလာ ” အပ်ချုပ်ဆိုင်ထဲသို့ လှမ်းဝင်လာသည်..။ အပ်ချုပ်ဆိုင်အတွင်း အစီအရီ တန်းစီထားသော ခြေနင်းစက်ချုပ်ခုံလေးလုံးအနက် လက်ဝဲဖက်ဒေါင့်မှစိတ်ညစ်တယ် ဆိုသော ကောင်မလေးမှ အပ အားလုံးက ရွှေမင်းသားလေးကို အပြုံးမျက်နှာဖြင့်ကြည့်နေကြသည်..။ “ ဟယ်…..မောင်မောင်…..ကြည့်စမ်း…အင်္ကျီ ချုပ်အုံးမလို့လား…..” စက်ခုံများအနောက်မှ စားပွဲတစ်ခုမှ..ခပ်တောင့်တောင့် အမျိုးသမီးတစ်ဦးက ပေကြိုးကို … Read more