ဘဘကြီးကလည်း သမီး ယောက်ျားမယူတော့ပါဘူး”
အသက်ရှည်ဆေး ရေးသားသူ – အမည်မသိ “မရဘူး၊ မရဘူး၊ ထပ်မထုတ်ပေးနိုင်တော့ဘူး။ အခု နင်ကြိုယူထားတာ နှစ်လစာတောင်ရှိပြီ။ ပြောလိုက် နင့်အမေကို မရတော့ဘူးလို့၊ လကုန်မှ ထပ်ပေးနိုင်မယ်၊ အခု လကုန်ဘို့ ၂ ပတ်တောင် လိုသေးတယ်၊ မပေးနိုင်ဘူး” မျက်နှာငယ်လေးဖြင့် ကျုပ်မိန်းမပြောသမျှ နားထောင်နေသော ခင်ဝိုင်းက ဘာမှပြန်မပြောဘဲ ခေါင်းသာ အသာညိတ်ပြသည်။ ခင်ဝိုင်းတို့ မိသားစု အားလုံး အလုပ်လုပ်ကြသော်လည်း ဘယ်တော့မှ လောက်ငသည် မရှိ။ အခုလည်း သူ့အမေက သူ့လခ တစ်လစာ ထပ်ကြိုထုတ်ခိုင်းသည်ဟု ခင်ဝိုင်းကတောင်းသဖြင့် ကျုပ်မိန်းမက မပေးနိုင်ဘူး ငြင်းနေခြင်းဖြစ်သည်။ ကျုပ်သိသလောက် ခင်ဝိုင်းတို့မိသားစုမှာ ဖခင်က ဆိုက်ကားနင်းစားသော်လည်း အရက်သမား။ သူရှာသည့်ငွေက သူ့အရက်ဖိုးဖြင့်တောင် မလောက်ချင်။ မိခင်ကတော့ ခေါင်းရွက်ဗျပ်ထိုး ဈေးသည် … Read more