ဒီအကြွေးလေ . . အထဲမှ သေချာမထည့်ရသေးတာ”
အချစ်အတွက်ကြွေခဲ့တဲ့ သစ်ရွက်တွေ ရေးသားသူ – ဖိုးဇော် ပြင်းရှတောက်လောင်သော တေးဂီတသံစဉ်များက ခန်းမထဲရှိ လူများအားလုံးကို ဖမ်းစားတိမ်းမူးစေခဲ့သည့်တိုင် ကျနော့်ကို ထူးထူးခြားခြား ဘာရသမှ ပေးနိုင်ခြင်းမရှိ။ အရောင်စုံမီးများ ပြိုးပြိုးပြက်ပြက်နှင့် စီးမျှောလှုပ်ရမ်းနေကြသော သူငယ်ချင်းများသည်လည်း ယခုတော့ဖြင့် ကျနော့်ကို မေ့နေကြပြီ။ အထက်တန်းကျောင်းမှ သူငယ်ချင်းများ ပြန်လည်ဆုံစည်းခဲ့ကြသည့် ညစာစားပွဲမှအပြန် အနည်းငယ် အကြောရှည်တတ်သော သူငယ်ချင်းတစ်ယောက်၏ စနက်ကြောင့် သူငယ်ချင်းတချို့တဝက်နှင့်အတူ ကျနော်က ကလပ်ထဲသို့ ပါလာခြင်းဖြစ်သည်။ တကယ်တမ်း ထိုအုပ်စုမှာ အကြောင်းပြချက်မျိုးစုံနှင့် မကြာခဏ တွေ့ဆုံနေကြဖြစ်ပြီး ကျနော်က တခါတရံမှ ဝင်ရောက်ပူးပေါင်းသူဖြစ်သဖြင့် အားနာပြီး လိုက်လာခဲ့ခြင်းလည်းဖြစ်သည်။ အသက်သုံးဆယ်ကျော်ခဲ့ပြီးသည့်တိုင် ယခုအခေါက်နှင့်ပေါင်းမှ လက်ဆယ်ချောင်းပင်ပြည့်အောင် မရောက်ဖူးသော အဝန်းအဝိုင်းမို့ ရောက်သည့်အခိုက် ပတ်ဝန်းကျင်ကို လေ့လာသင်ယူမိသေးသည်။ သုံးခွက်မြောက်သော ဝီစကီခွက် ကုန်လွန်သွားပြီးသည့်အခါ ကျနော် … Read more